Pages

4.4.16

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ၀န်ကြီးဌာန ၆ ခု နှင့် ၀န်ကြီး ၆ ဦးသတ်မှတ်ထားရှိမည်ဟု ၀န်ကြီးချုပ်၏အဆိုပြု ချက်ကို လွှတ်တော်သို့တင်သွင်း သဘောထားရယူ ကန့်ကွက်သူမရှိ လွှတ်တော် က အတည်ပြု

ယနေ့ ကျင်းပပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ၀န်ကြီးဌာန ၆ ခု နှင့် ၀န်ကြီး ၆ ဦးသတ်မှတ်ထားရှိမည်ဟု ၀န်ကြီးချုပ် ၏ အဆိုပြု ချက်ကို လွှတ်တော်သို့တင်သွင်း သဘောထားရယူရာတွင် ကန့်ကွက်သူ မရှိသောကြောင့် လွှတ်တော်မှ အတည်ပြုခဲ့ပြီးနောက် လွှတ်တော်ကို ခေတ္တရပ်နားကာ ၁၀ နာရီ ၅၅ မိနစ်တွင်ပြန်လည်စတင်မည်ဟုပြောသည်။

တောင်ပစိဖိတ်သမုဒ္ဒရာရှိ ဗန်နူအာတူတွင် ပြင်းအား ၇ အဆင့်ရှိ ငလျင်လှုပ်၊ ဆူနာမီ သတိပေးချက်ထုတ်ပြန်

တောင်ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ကျွန်းနိုင်ငံတစ်ခုဖြစ်သော ဗန်နူအာတူတွင် ပြင်းအား ၇ အဆင့်ရှိ ငလျင်တစ်ခု ယနေ့လှုပ်ခတ်သွားခဲ့ပြီး ဆူနာမီသတိပေးချက် ထုတ်ပြန်ထားရသည်။

မင်္ဂလာဈေး ယာယီဆိုင်ခန်းများ အမြန်ဆောက်လုပ်ပေးရန် ၀န်ကြီးချုပ်သစ်ထံ တောင်းဆို

မန္တလေး မင်္ဂလာဈေး ယာယီဆိုင်ခန်းများ အမြန်ဆုံး ဆောက်လုပ်ပြီး သင်္ကြန်မတိုင်မီ နေရာချထားပေးရန် တိုင်းဒေသ ကြီး ၀န်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ထံသို့ ဈေးသူ၊ ဈေးသား များက ဧပြီ ၁ ရက်တွင် တောင်း ဆိုစာပေးပို့ခဲ့သည်။

ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားမှုများလာ သည့် ရွှေအင်းတိန် ရှေးဟောင်း သမိုင်းဝင်စေတီပုထိုးများ


ဘီလူးချောင်းမှစီးဆင်းလာသောရေသည် ကြေးပေါခုံရွာ စက်လှေဆိပ်အနီးရှိ ဆည်ရေတံခါးပေါ်မှ အရှိန်ဖြင့်စီးဆင်းလျက်ရှိရာ ဝန်းကျင် သည် ရေငွေ့ဖြင့် အေးစိမ့်လျက်ရှိသည်။ စိမ်းစိုနေသော ဝါးတောလေး ကလည်း စက်လှေဆိပ်မှတက်လာသော ကမ္ဘာလှည့်ခရီးသွားတို့၏ အမောကိုပြေပျောက်စေပါသည်။ အေးစိမ့်နေသောတောအုပ်အုပ်နှင့် ဂီတသံပမာစီးဆင်းနေသော ရေဖွေးဖွေးကို တွေ့မြင်ရသည့်နည်းတူ ဥရောပစတိုင်စားသောက်ဆိုင်အနီးမှ ဝါးပိုးဝါးများ အစီအရီပေါက်နေသော ဝါးတောလေးကလည်း အင်းတိန်ရှေးဟောင်းစေတီများသို့ လာရောက်လေ့လာသော နိုင်ငံခြားသားများကို မှတ်မှတ်ရရ ဆွဲဆောင်လျက်ရှိနေပါသည်။

အီရတ်အစိုးရတပ်များက IS အကျဉ်းထောင်ကြီးတစ်ခုထဲမှ အကျဉ်းသား ၁၅၀၀ ၀န်းကျင်ကို ပြန်လွှတ်


အီရတ်အစိုးရတပ်ဖွဲ့များသည် နိုင်ငံအနောက်ပိုင်းရှိ မြို့တစ်မြို့ကို IS ဂျီဟတ်တို့ လက်မှ ပြန်လည်သိမ်းပိုက်ရန် ကြိုးပမ်းသည့် စစ်ဆင်ရေးတစ်ခုအတွင်း IS တို့၏ မြေအောက်အကျဉ်းထောင်ထဲမှ အကျဉ်းသားများစွာကို လွှတ်ပေးခဲ့ကြောင်း အစိုးရအရာရှိများက ဧပြီ ၂ ရက်တွင် ပြောကြားခဲ့သည်။

တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရှိနေခြင်းကို ပယ်ဖျက်သင့်ဟု EU တိုက်တွန်း

လွှတ်တော်ထဲတွင် တပ် မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို နေရာပေးထားခြင်း သည် အပြည်ပြည်ဆိုင်ရာ စံချိန် စံညွှန်းများနှင့် ကိုက်ညီမှုမရှိ၍ ယင်းအချက် ပယ်ဖျက်သင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့ (EU EOM) က အပြီးသတ်အစီရင်ခံစာ ထုတ်ပြန်ကာ အကြံပြုတိုက်တွန်းသည်။