ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ မြန်မာ သက္ကရာဇ် ၁၃၇၇ ခုနှစ် နှစ်သစ်ကူး မဟာသင်္ကြန်ရက်များအတွင်း မဟာ သင်္ကြန်အကြတ်နေ့ဖြစ်သော ဧပြီ ၁၄ ရက်(ကြာသပတေး နေ့)နှင့် နှစ်သစ်ကူး ရုံးပိတ်ရက်ဖြစ်သော ဧပြီ ၁၈ ရက် (တနင်္လာနေ့)တို့တွင် အများပြည်သူတို့၏ အကျိုးစီးပွားအလို့ငှာ စာဝေလုပ်ငန်းနှင့် ကြေးနန်းစာဝေလုပ်ငန်းများကို နားရက်မယူဘဲ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
Pages
▼
5.4.16
စီးပွားရေးဆန်သော သင်္ကြန်မဏ္ဍပ်များ ခွင့်မပြုသော်လည်း လက်တစ်လုံးခြားလုပ်လာနိုင်ဟု မဏ္ဍပ်စီစဉ်သူများထံမှသိရ

ယခုနှစ် သင်္ကြန်ပွဲတော်ကာလတွင် စီးပွားဖြစ်လုပ်ကိုင်မည့် ရေကစားမဏ္ဍပ်များကို ခွင့်မပြုသော်လည်း လုပ်ငန်း ရှင်အချို့က လက်တစ်လုံးခြားလုပ် ကိုင်ဆောင်ရွက်လာနိုင်ကြောင်း ရေကစားမဏ္ဍပ်ဆောက်ရန် စီစဉ်နေသူများထံမှ သိရသည်။
ကျိုင်းတုံမြို့နယ်တွင် မူးယစ်ဆေးဝါးမှောင်ခို အဖွဲ့တစ်ဖွဲ့ကို ဖမ်းဆီးရာ မှ နှစ်ဖက်ပစ်ခတ်မှုဖြစ် ရဲတပ်ဖွဲ့ဝင်နှစ်ဦးဒဏ် ရာရ ၊ ကျပ် သိန်းလေးသောင်းကျော် ခန့် တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးဝါးများနှင့် ကားတစ်စီး ဖမ်းမိ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် နောင် ကန်ရွာအနီးတွင် ဧပြီ ၂ရက်က မူး ယစ်ဆေးဝါး သယ်ဆောင် လာသော မှောင်ခိုအဖွဲ့တစ်ဖွဲ့ကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးရာ နှစ်ဖက် ပစ်ခတ်မှုဖြစ် ပွားပြီး ရဲတပ်ဖွဲ့မှ နှစ်ဦးဒဏ်ရာရရှိ သွားကြောင်း နေပြည်တော် ရဲတပ်ဖွဲ့ ဌာနချုပ်မှသိရသည်။
ဗီယက်နမ်အမျိုးသမီး နှစ်ဦးတွင် ဇီကာဗိုင်းရပ်စ်ပိုးတွေ့ရှိကြောင်း အစိုးရကြေညာ

ဘရာဇီးနိုင်ငံတွင် ရှားပါးသော မွေးရာပါ ဦးနှောက်အရွယ်အသားသေးငယ်သည့် ရောဂါဖြစ်စဉ်နှင့် ဆက်စပ်နေသည်ဟု သံသယရှိသော ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသည့် ပထမဆုံးလူနာနှစ်ဦးကို တွေ့ရှိခဲ့ကြောင်း ဗီယက်နမ်နိုင်ငံက ကြေညာခဲ့သည်။
တိမ်းမှောက်ယာဉ်ပေါ်မှ တရားမဝင်သစ်ခွဲသားများဖမ်းမိ
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၆ အနီးတွင် ယနေ့ (ဧပြီလ ၄ရက်) နံနက် ၄ နာရီခန့်က လမ်းဘေးထိုးကျခဲ့သည့် ကန်တာအမျိုးအစား မော်တော်ယာဉ်ပေါ်မှ
တရားမဝင်တင်ဆောင်လာသည့် သစ်ခွဲသား ၃ တန်ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း အမှတ် ၃ လမ်းဆုံ အမြန်လမ်းရဲတပ်ဖွဲ့ စခန်းထံမှ စုံစမ်းသိရှိရသည်။
တရားမဝင်တင်ဆောင်လာသည့် သစ်ခွဲသား ၃ တန်ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း အမှတ် ၃ လမ်းဆုံ အမြန်လမ်းရဲတပ်ဖွဲ့ စခန်းထံမှ စုံစမ်းသိရှိရသည်။
ရန်ကုန်မြို့သစ် စီမံကိန်းနှင့်ပတ်သက်၍ လက်ရှိအစိုးရသစ်နှင့် လွှတ်တော်သို့ ပြန်တင်ပြမည်ဟုဆို
ယခင်အစိုးရလက်ထက်က အကောင်အထည်ဖော် လုပ်ကိုင်ခွင့်ချထားပေးခဲ့သည့် ရန်ကုန်မြို့သစ်စီမံကိန်းနှင့် ပတ်သက်၍ လက်ရှိအစိုးရသစ်နှင့် လွှတ်တော်သို့ ပြန်လည်တင်ပြမည်ဖြစ်ကြောင်း ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်မည့် ကုမ္ပဏီသုံးခုထဲတွင် ပါဝင်သည့် ရန်ကုန်အနောက်တောင်ဒေသအများနှင့် သက်ဆိုင်သော ကုမ္ပဏီမှ ဒါရိုက်တာ ဦးခင်မောင်သန့်က ပြောကြားသည်။