Pages

6.4.16

ဒဂုံစင်တာတွင် သမီးရည်းစား ကိစ္စကြောင့် ကတ်ကြေးဖြင့်ထိုးရာ အမျိုးသမီးတစ်ဦး၏ မျက်လုံးတွင် ထိခိုက်ဒဏ်ရာ ရရှိ


စမ်း​ချောင်းမြို့နယ်၊​ ဒဂုံစင်​တာတွင်​ ယနေ့ (ဧပြီ ၆ ရက်)​ နံနက်​ ၉ နာရီခန့်က​ အမျိုးသမီးတစ်​ဦးအား အမျိုးသားတစ်​ဦးမှ သမီးရည်းစား ကိစ္စကြောင့် ကတ်​​ကြေးဖြင့်​ထိုးရာမှ မျက်လုံးတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့​ကြောင်း သိရသည်​။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုချိန်၌ တပ်မတော်သား လွှတ်တော်ကိုယ်စားများ မတ်တပ်ရပ် ကန့်ကွက်ခဲ့



နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်ပြီး အမျိုးသားလွှတ်တော် အတည်ပြုချက်အတိုင်း အတည်ပြုရန် သဘောတူခြင်း ရှိ၊ မရှိ ပြည်သူ့လွှတ်တော်၌ အဆုံးအဖြတ် ခံယူရာတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ မတ်တပ်ရပ် ကန့်ကွက်ခဲ့သော်လည်း ထောက်ခံသူ များပြားသဖြင့် ပြည်သူ့လွှတ်တော်က အတည်ပြု ခဲ့ကြောင်း သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် စီမံခန့်ခွဲမှု သတင်းအချက်အလက်ပေးစနစ်ကို ကွန်ရက်ချိတ်ဆက်မှုဖြင့် သုံးနိုင်ရန်စီစဉ်

ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိလူနာများ ဆေးကုသမှုဌာနများတွင် ဆေးရုံဆိုင်ရာ စီမံခန့်ခွဲမှု သတင်းအချက်အလက်ပေးစနစ်(Hospital Management Information System)ကို ကွန်ရက်ချိတ်ဆက်မှုဖြင့် အသုံးပြုနိုင်ရန် စီစဉ်နေကြောင်း ယင်းဆေးရုံကြီးထံမှ သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က အဆိုပြုသော ပြည်နယ်ဝန်ကြီးတာဝန်ကို ထမ်းဆောင်မည်ဟု ANP အမတ်ဆို


ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက အဆိုပြုသော ပြည်နယ်အစိုးရအဖွဲ့၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး တာဝန်ကိုထမ်းဆောင်သွားမည် ဖြစ်ကြောင်း ဝန်ကြီးအဖြစ် လျာထားခြင်းခံရသူ ရခိုင်အမျိုးသားပါတီ(ANP)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးကျော်လွင်က ပြောကြားသည်။

ဒေါ်စုကို အတိုင်ပင်ခံခန့်အပ်မည့် ဥပဒေကြမ်းအပေါ် တပ်မတော်သားအမတ်တို့ ပြင်ဆင်၊ ပယ်ချက်ရန် တင်သွင်းသည့် အချက်(၉)ချက်

လက်ရှိ နိုင်ငံခြားရေးနှင့် သမ္မတရုံးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အား အတိုင်ပင်ခံအဖြစ်ခန့်အပ်မည့် "နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်း" အပေါ် တပ်မတော်သားအမတ်များနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွဲ့ဖြိုးရေးပါတီအမတ်များက ဥပဒေကြမ်းပါ အပိုဒ်များအား ပြင်ဆင်၊ ပယ်ဖျက်ရန် အဆိုတင်ခဲ့ကြသော်လည်း မဲခွဲဆုံးဖြတ်ချက်အရ လွှတ်တော်က မူလပြဌာန်းချက်အတိုင်းသာ အတည်ပြုခဲ့သည်။

၂၀၁၅ ခုနှစ်က ကမ္ဘာတစ်ဝန်း၌ စစ်အသုံးစရိတ်များ မြင့်တက်ခဲ့


ကမ္ဘာတစ်ဝန်း၌ တင်းမာမှုများ မြင့်တက်လာခြင်းကြောင့် ၂၀၁၅ ခုနှစ်အတွင်းက စစ်ရေးအသုံးစရိတ်များပါ မြင့်တက်လာခဲ့သည်။ သို့သော် လေးနှစ်ဆက်တိုက် စစ်အသုံးစရိတ်များ လျော့ကျခဲ့ပြီးနောက်မှ ၂၀၁၅ ခုနှစ်တွင် ပထမဆုံးအကြိမ် ပြန်လည် မြင့်တက်လာခြင်းဖြစ်ကြောင်း စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနဌာန (SIPRI) မှ ဧပြီ ၅ ရက်က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ၌ ဖော်ပြခဲ့သည်။