Pages
(Move to ...)
▼
7.4.16
ပင်တဂွန်စစ်ဌာနချုပ်တွင် ကြယ်လေးပွင့်အဆင့် ဗိုလ်ချုပ်ကြီးများလျှော့ချမည်
အမေရိကန် ပင်တဂွန်စစ်ဌာန ချုပ်တွင် ကြယ်လေးပွင့်အဆင့်ရှိ ကြည်းတပ်နှင့် ရေတပ်ဗိုလ်ချုပ်ကြီး များအား တဖြည်းဖြည်းချင်းလျှော့ချ သွားမည်ဟု ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာက ဧပြီ ၅ ရက်က ထုတ်ဖော်ပြောဆိုလိုက်သည်။
ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၈၊ အရေးပေါ်စီမံမှု အက်ဥပဒေတို့အား ပြန်လည်ရုပ်သိမ်းသင့်ကြောင်း လွှတ်တော်သို့ အကြံပြုထားဟု ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်ပြောကြား
ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၈၊ အရေးပေါ်စီမံမှု အက်ဥပဒေတို့အား ပြန်လည်ရုပ်သိမ်းသင့်ကြောင်း လွှတ်တော်သို့ အကြံပြုထားဟု ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်က ဧပြီ ၆ ရက်တွင် ပြောကြားသည်။
တရုတ်အစိုးရပိုင် Guang Zhenrong မှ ဦးဆောင်လုပ်ကိုင်မည့် ဒေါ်လာ သုံးဘီလျံတန် ရေနံချက်စက်ရုံ တည်ဆောက်မည့် စီမံကိန်း ယခင်အစိုးရ လက်ကျန်သက်တမ်းတွင် ခွင့်ပြုချက် ရရှိ
တရုတ်အစိုးရပိုင် Guandong Zhenrong Energy Co (GDZR) မှ ဦးဆောင် လုပ်ကိုင်မည့် ဒေါ်လာ သုံးဘီလျံတန် ရေနံချက်စက်ရုံ တည်ဆောက်မည့် စီမံကိန်းကို ယခင် အစိုးရ လက်ကျန်သက်တမ်းတွင် ခွင့်ပြုချက် ရရှိခဲ့ကြောင်း ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
ပြည်နယ်အစိုးရအဖွဲ့တွင် ပါဝင်မည်ဆိုပါက ANP အမတ်ကို ပါတီမှ ထုတ်ပယ်သည်အထိ အရေးယူမည်ဟုဆို
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက အဆိုပြုသော ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတာဝန်ကို ရခိုင်အမျိုးသားပါတီ(ANP) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က ထမ်းဆောင်မည်ဆိုပါက ၎င်းကို ပါတီမှ ထုတ်ပယ်သည်အထိ အရေးယူမည်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဖေသန်းကပြောကြားသည်။
ပြည်တွင်း၊ ပြည်ပဘုရားဖူးများကြောင့် ဗူးဘုရားအနီး စက်လှေလုပ်ငန်းရှင်များ အဆင်ပြေ
ပုဂံ-ညောင်ဦးမြို့သို့ ရာသီဥတုပူပြင်းသော်လည်း ပြည်တွင်း၊ ပြည်ပဧည့်သည်များ ယခုရက်ပိုင်းအတွင်း လာရောက်သူ များပြားနေကြောင်း၊ ထို့အပြင် ဘုရားဖူးဧည့်သည်များသည် ဘုရားများကိုဖူးမြော်ရာတွင် အထင်ကရ တန်ခိုးကြီးဘုရားများတွင် စွယ်တော်လေးဆူအနက် တစ်ဆူအပါအဝင်ဖြစ်သည့် တန့်ကြည်တောင် စွယ်တော်မြတ်စေတီတော် ကြီးသို့ အဓိဋ္ဌာန်ဖြင့် ဖူးမြော်ရန် နေ့စဉ် သွားရောက်ဖူးမြော်ကြလေ့ရှိ ကြောင်း သိရသည်။
ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးလေတပ်ပိုင် လေယာဉ်တစ်စင်း ပျောက်ဆုံး
ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးလေ
တပ်ပိုင် လေယာဉ် တစ်စင်းသည် ဂျပန်နိုင်ငံအနောက်တောင်ပို
င်း ကာဂိုရှီးမားစီရင်စုရှိ အခြေစိုက်စခန်းတစ်ခုမှ စတင်ထွက်ခွာပြီး မကြာမီတွင် ပျောက်ဆုံးသွားခဲ့ကြောင်း ဒေသန္တရသတင်းများ အရသိရသည်။
ပဲခူးတွင် မူးယစ်ဆေးဝါးများနှင့် လက်ပစ်ဗုံးတစ်လုံး သိမ်းဆည်းရမိ
ပဲခူးမြို့ ကျွန်းသာယာရပ်ကွက် မဇင်း(၁) လမ်းဆုံ၌ စခန်းမှူး ရဲအုပ် စိန်လွင်၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် အောင်နိုင်ဝင်းနှင့်အဖွဲ့သည
် ဧပြီ ၅ ရက် နံနက် ၁၁ နာရီခွဲက သတင်းအရသွားရောက်ရှာဖွေရာ MIKKO ဆိုင်ကယ် အနက်ရောင်တစ်စီးနှင့် မသင်္ကာဖွယ်ရာ လူတစ်ဦးအား တွေ့ရှိ၍စစ်ဆေးရာ ဝေါမြို့နယ် ညောင်ကိုင်းကျေးရွာနေ ကြည်စိန်(ခ) အညာသား (၄၂) နှစ်ဖြစ်ပြီး ၎င်းလွယ်ထားသော Chengfeng စာတမ်းပါ ပြောက်ကျားအိတ်အား သက်သေများရှေ့တွင် ရှာဖွေစစ်ဆေးရာ စိတ်ကြွဆေးပြား ခုနစ်ပြားနှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် သတ္တုခဲပတ်တစ်ခု ၊ လေးလက်မခန့်အရှည်ရှိသော သတ္တုပိုက်တံတစ်ခု၊ လေးလက်မခန့်ရှိသည့် အပေါက်ပါ ဝါးချောင်း တစ်ခု၊ Huawei အမျိုးအစား (Y 300) ဖုန်းတစ်လုံး၊Win Phone WO 65 စာတန်းပါ ဖုန်းတစ်လုံး၊ Phone battery (wp)တစ်လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး)၊ ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၁၉) သီဟတပ်ခွဲ သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပ
တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး)၊ ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၁၉) သီဟတပ်ခွဲ သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ည ၆ နာရီခွဲတွင် ဗထူးတပ်မြို့၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) စစ်ရာထူးခန့်ထားရေး ခန်းမဆောင်၌ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ချီးမြှင့်သည်။
‹
›
Home
View web version