Pages

26.4.16

ဒေါ်အောင်ဆန်းစုကြည်နှင့် JMCတို့ ငြိမ်းချမ်းရေးကိစ္စ တွေ့ဆုံဆွေးနွေးမည်

ပြည်တွင်းငြိမ်းချမ်းရေးအတွက် တာဝန်ယူမည့် အစိုးရသစ်၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်
ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC)တို့အကြား ငြိမ်းချမ်းရေးကိစ္စများကိုဆွေးနွေးရန် ဧပြီလ ၂၇ရက်တွင် တွေ့ဆုံသွားရန် ရှိသည်ဟု JMC၏ ဥက္ကဌဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောသည်။

လေကြောင်းထိန်းသိမ်းရေး မျှော်စင်ကို နော်ဝေးတိုက်လေယာဉ် မှားယွင်းပစ်ခတ်

စနစ် အမှားအယွင်းကြောင့် နော်ဝေးလေတပ် တိုက်လေယာဉ် တစ်စီးက လေကြောင်းထိန်းသိမ်းရေး မျှော်စင်ကို ပစ်ခတ်တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြန်မာ့တပ်မတော်မှ ဆက်လက်ထိုးစစ်ဆင်ပါက လူထုဖြင့်လက်တွဲ၍ ကာကွယ်မည့် စီမံကိန်းများလုပ်မည် -

ကချင်လွတ်လပ်ရေး တပ်မတော်(KIA)ဌာနချုပ်ကို မြန်မာတပ်မတော်မှ ဆက်လက် ထိုးစစ်ဆင်နေပါက လူထုနှင့် လက်တွဲကာ မိမိကိုယ်ကိုယ် ကာကွယ်သွားမည့် စီမံကိန်းများ လုပ်ဆောင်သွားမည်ဟု ကချင်အမျိုးသား အစည်းအရုံး(KNO)က ပြောဆိုလိုက်သည်။

အငှားအိမ်ရာနှင့် တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ပေးခြင်းဖြင့် အိမ်ခြံမြေဈေးနှုန်းကျဆင်းမှုကို အထောက်အကူပြု

အခြေခံလူတန်းစားများအတွက် အငှားအိမ်ရာများနှင့် တန်ဖိုးနည်းအိမ်ရာများကို မန္တလေးမြို့အတွင်း နေရာအနှံ့အပြား တည်ဆောက်ပေးခြင်းဖြင့် အိမ်ခြံမြေဈေး နှုန်းများကျဆင်းမှုကို အထောက်အကူပြုနိုင်ကြောင်း မန္တလေးမြို့ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။