ဘုံအဆင့်ဆင့် ဆောက်လုပ်ထားသည့် အဆောက်အအုံများ၊ အစိမ်းရောင်မြက်ခင်းတို့ လွှမ်းထားသော နေပြည်တော် လွှတ်တော်ဝင်းကြီးသည် နတ်ပြည်နတ်နန်းလော၊ သို့တည်းမဟုတ် မွန်းတည့်ချိန် ပြင်းထန်လွန်းသည့်
နေအပူရှိန်ကြောင့် ဖြစ်ပေါ်လာသော တံလျှပ်ခိုးများကြား သီးခြား တည်ရှိနေသော ထိုအဆောက်အအုံများသည် ငရဲပြည်လောဟု အမျိုးမျိုး ထင်မှတ်မှားစရာ ရှိသည်။