Pages

9.5.16

၂၀၁၆ သုံးလတာအတွင်း ဝင်ငွေကန်ဒေါ်လာ ၉၁ သန်းကျော်ရရှိထားကြောင်း အူရီးဒူးထုတ်ပြန်

၂၀၁၆ ပထမသုံးလပတ် အတွင်း မြန်မာနိုင်ငံရှိ မိုဘိုင်းဖုန်း သုံးစွဲသူများထံမှ အမေရိကန်ဒေါ် လာ ၉၁ ဒသမ ၇ သန်းကျော် ဝင် ငွေရရှိခဲ့ပြီး ယမန်နှစ်က အလား တူကာလထက် ၄၂ ရာခိုင်နှုန်းအ ထိ ဝင်ငွေရရှိမှု တိုးတက်လာ ကြောင်း အူရီးဒူးမြန်မာက သတင်းထုတ်ပြန်သည်။

ကျေးရွာတခုလုံး မီးရှို့ခံရမှု နမ့်ခမ်းမြို့ရှိ ဒေသခံ အဖွဲ့အစည်းများ PSLF/ TNLA ပလောင်တပ်ဖွဲ့ထံ အိတ်ဖွင့်စာပေးပို့


သျှမ်းပြည်မြောက်နမ့်ခမ်းမြို့တွင် ရှိသော အဖွဲ့အစည်းအသီးသီးများနှင့် ရဟန်းရှင် ပြည်သူလူထုများ စုပေါင်းပြီး မေလ ၈ ရက်က တအာင်းလွှတ် မြောက်ရေးတပ်မတော် PSLF/TNLA ထံ အိတ်ဖွင့်စာ တစ်စောင်ပေးပို့ခဲ့ ကြောင်း သျှမ်း သံတော်ဆင့်မှသတင်းရရှိသည်။

ကမ္ဘာ့အမြင့်ဆုံးဧဝရက်တောင်၏ သေမင်းတမန်ဇုန်သို့ မြန်မာတောင်တက်သမားသုံးဦး ပြန်တက်မည်


ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်၏ Camp.-3 သို့ တက်ရောက်နိုင်ခဲ့သော မြန်မာတောင်တက်သမား သုံးဦးသည် ရာသီဥတုအခြေအနေကြောင့် တောင်အောက်သို့ပြန်လည်ဆင်းသက်ခဲ့ပြီးနောက် ရာသီဥတုပြန်လည် ကောင်းမွန်လာသည်နှင့် သေမင်းတမန်ဇုန်(Dead Zone)အဖြစ်သတ်မှတ်ထားသော Camp-4 သို့ ပြန်လည်တက်ရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံခြေလျင်တောင်တက်အဖွဲ့ချုပ် မှသိရသည်။

နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေအား ရုတ်သိမ်းသည့် ဥပဒေကြမ်း ပြည်သူ့လွှတ်တော်တွင် ပြင်ဆင်ချက်မရှိ အတည်ပြု

ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေအား ရုတ်သိမ်သည့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်တွင် ပြင်ဆင်လိုသည့် ကိုယ်စားလှယ် တစ်ဦးမှ မရှိသဖြင့် ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီမှ တင်ပြသည့် အတိုင်း ပြင်ဆင်ချက်မရှိ အတည်ပြုခဲ့ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က လွှတ်တော်တွင် ကြေညာခဲ့ပါသည်။

တိုင်းရင်းသားအရေးနှင့်ပတ်သက်၍ NLD အား အားကိုးခြင်းထက် ကိုယ့်ကိုယ်ကိုယ် အားကိုးမည်ဖြစ်သော်လည်း မိတ်ဆွေ အာဏာရပါတီကို မဆန့်ကျင်ဘဲ ပူးပေါင်းဆောင်ရွက်မှု ပိုမိုလုပ်ဆောင်မည်ဟု UNA တာဝန်ရှိသူ ပြောကြား

တိုင်းရင်းသားအရေး အပါအ၀င် မည်သည့်ကိစ္စမဆို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို အားကိုးခြင်းထက် ကိုယ့်ကိုယ်ကိုယ်သာ အားကိုးမည်ဖြစ်သော်လည်း မိတ်ဆွေ အာဏာရပါတီကို မဆန့်ကျင်ဘဲ ပူးပေါင်းဆောင်ရွက်မှု  ပိုမိုလုပ်ဆောင်မည်ဟု တိုင်းရင်းသားပါတီများဖြင့် ဖွဲ့စည်းထားသော စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) အတွင်းရေးမှူးအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က မေ ၈ ရက်တွင် ပြောကြားသည်။

ဆုံးရှုံးမှုတွေဖြစ်ပေါ်နေခဲ့တဲ့ ကုမ္မဏီကို ပြန်လည်တွန်းတင်နိုင်ဖို့ တိုရှီဘာ ဥက္ကဌအပြောင်းအလဲပြုလုပ်

ဘဏ္ဍာရေးပိုင်း ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေခဲ့တဲ့ ဂျပန်နိုင်ငံ တိုကျို အခြေစိုက် အီလက်ထရောနစ် ကုမ္မဏီ တိုရှီဘာဟာ ယင်းရဲ့ ဥက္ကဌ မာဆာရှီ မူရိုမာချီ နေရာမှာ လက်ရှိ ကုမ္မဏီရဲ့ ဒုဥက္ကဌဖြစ်သူ ဆူနာကာဝါ ကို ပြောင်းလဲ ခန့်အပ်လိုက်ပြီဖြစ်တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ပုဂံယဉ်ကျေးမှုဒေသသို့ ဂျပန်လူမျိုးများ အများဆုံး လာရောက်၊ ဧည့်လမ်းညွှန်ကြေးအမြင့်ဆုံးဖြစ်နေ

ပုဂံယဉ်ကျေးမှုဒေသကို လာရောက်လေ့လာသည့် ပြည်ပ ဧည့် သည်များအနက် ယခုအခါ ဂျပန်လူ မျိုးများ အများဆုံးလာရောက်လျက် ရှိပြီး ဂျပန်ဧည့်လမ်းညွှန်ကြေးနှုန်း ထားမှာလည်း အခြားသောဧည့် လမ်း ညွှန် များ ထက် အမြင့်ဆုံးဖြစ်နေကြောင်း သိရသည်။

မြို့ပြ ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်း၏ ဦးစားပေး လုပ်ငန်းများအတွက် ကန်ဒေါ်လာ သန်း ၄၅ဝဝ ကျော် အသုံးပြုမည်ဟုဆို

ရန်ကုန်မြို့တော်၏ မြို့ပြဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းများမှ အဆိုပြု ဦးစားပေးလုပ်ငန်းများအတွက် အမေရိကန် ဒေါ်လာ ၄၅၇၇ ဒသမ ၂ သန်း အသုံးပြုရန် လျာထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှု ဌာနမှ ဒုတိယဌာနမှူး ဦးတိုးအောင်က ပြောကြားသည်။