ရခိုင်ပြည်နယ်မှထွက်ရှိသည့် နေလှန်းဆားဈေးကွက် ပျက်နေသည့်အတွက် ဆားလုပ်ငန်းတွင် လုပ်ကိုင်နေသည့် အလုပ်သမား များ အလုပ်လက်မဲ့ဖြစ်နေကြောင်း သိရသည်။
Pages
▼
11.5.16
သမုဒ္ဒရာသုတေသီတွေ အံ့အားသင့်ခဲ့ရတဲ့ အရောင်စုံ ဂျယ်လီငါး


အာရှအရှေ့တောင်ရေပြင်ထဲက မီတာ(၃၇၀၀)အနက်မှာရှိနေတဲ့အရောင်စုံ
ဂျယ်လီငါးကိုကင်မရာနဲ့ရိုက်ကူးရယူနိုင်ခဲ့ပါတယ်။
ဂျယ်လီငါးကိုကင်မရာနဲ့ရိုက်ကူးရယူနိုင်ခဲ့ပါတယ်။
မြစ်ဆုံစီမံကိန်းရပ်ပြီး ဒေသခံများ မူလကျေးရွာတွင် နေခွင့်ရရန် ဦးထင်ကျော်ထံ တောင်းဆို

မြစ်ဆုံရေကာတာ စီမံကိန်းရပ်တန့်နှင့် ရွေ့ပြောင်းခံ ဒေသခံတောင်သူများ မူလကျေးရွာများတွင် ပြန်လည် နေထိုင်ခွင့်ရရှိရေးအတွက် နိုင်ငံတော် သမ္မတနှင့် အစိုးရသစ်ထံ ဒေသခံများက တောင်းဆိုလိုက်သည်။
"အစိုးရသစ်က ဒီစီမံကိန်းကို မရပ်ဆိုင်းပေးဘူးဆိုရင် ကျွန်မတို့ ဒေသခံတွေ ဘယ်လိုနေတော့မလဲ။ ကျွန်မတို့ အရမ်းရင်တုန်တယ်။ ငိုချင်တယ်။ ဒုက္ခဆိုတာ အထပ်ထပ် ခံစားနေရတယ်။ ဒီဟာကို မဖျက်သိမ်းဘူး ဆိုရင် ကျွန်မ အဲဒီနေရာမှာပဲ အသေခံမယ်လို့ ဆုံးဖြတ်ထားပါတယ်"ဟု စီမံကိန်း ဧရိယာအတွင်း သိမ်းဆည်းခံခဲ့ရသည့် တန်ဖဲကျေးရွာမှ ဒေသခံတောင်သူတစ်ဦးဖြစ်သည့် ဒေါ်ဂျာခေါင်က မေလ ၁၀ရက်က ရန်ကုန်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
အဆိုပါ မြစ်ဆုံစီမံကိန်း ချက်ချင်းရပ်တန်ပပေးရန်နှင့် မြစ်လက်တက်ပေါ်ရှိရေကာတာများ အားလုံးကို လုံးဝရပ်တန်ပပေး၇န်၊ ရွေ့ပြောင်းဒေသခံများ မူလကျေးရွာများသို့ တရားဝင်ပြန်လည်နေထိုင်ခွင့်နှင့် လုပ်ကိုင်စားသောက်ခွင့်ပေးရန်နှင့် မူလ ဥယဉ်ခြံမြေများတွင် ပုဒ်မ ၁၄၄ထုတ်ပြန်ထားခြင်းကို အမြန်ဆုံးရုတ်သိမ်းပေးရန် ဒေသခံ (၁၀၈၀)ဦးက သမ္မတထံသို့ မေလ ၁၀ရက်နေ့တွင် စာပို့တောင်းဆိုထားကြောင်း သိရသည်။
မြစ်ဆုံ ရေကာတာစီမံကိန်း ဧရိယာအတွင်း မဇွပ်ရွာ၊ တန်ဖဲရွာ၊ လဖဲ့ရွာ၊ ဒေါင်ပန်ရွာ၊ အောင်ဂျာယာန်ရွာနှင့် ဒိန်ဂူဇွပ်ရွာတို့အား ၂၀၀၉ - ၂၀၁၀ခုနှစ်က ပြောင်းရွေ့စေခဲ့သည့်အတွက် အိမ်ထောင်စု (၄၃၇)စု၊ လူဦးရေ (၂၅၇၅)ဦးတို့ ပြောင်းရွေ့ပေးခဲ့ရသည်။
အဆိုပါ ပြောင်းရွေ့ပေးခဲ့ရသူများအား ဦးပိုင်ကုမ္ပဏီက အောင်မြင်သာစံပြကျေးရွာဟု အမည်ပေးကာ ကျေးရွာသစ် တည်ပေးခဲ့ကြောင်းနှင့် ယင်းကျေးရွာတွင် စိုက်ပျိုးမွေးမြူရေးများ လုပ်ကိုင်စားသောက်၍မရဘဲ စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများက ပြောသည်။
"အခုတက်လာတဲ့အစိုးရက ကျွန်မတို့ရဲ့အခက်အခဲတွေကို လုပ်ပေးမယ် ဖြေရှင်းပေးလိမ့်မယ်လို့ ကျွန်မတို့ ယုံကြည်တယ်" ဟု လက်ရှိအချိန်တွင် တန်ဖဲကျေးရွာ၌ ပြန်လည် နေထိုင်နေသည့် ဒေသခံ ဒေါ်လုရာက ပြောသည်။
မြစ်ဆုံစီမံကိန်းသည် တရုတ်နိုင်ငံပိုင် CPI ကုမ္ပဏီနှင့် ယခင်စစ်အစိုးရလက်ထက်က သဘောတူခဲ့သည့် ရေကာတာ စီမံကိန်း ဖြစ်ပြီး သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် ဆိုင်းငံ့ထားခြင်း ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံခဲ့ကြသော်လည်း မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ တိကျသည့် ထုတ်ပြန်မှုမျိုး ထုတ်ပြန်ခြင်းမရှိသေးပေ။
Credit To >>> Mizzima Burmese
“ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်(သို့)ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေတို့ကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း” အား အတည်ပြု


ယနေ့(မေ ၁၁ ရက်) တွင် ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်၌ “ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်(သို့)ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေတို့ကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း” နှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီမှ ပြင်ဆင်ထားသည့် ဥပဒေခေါင်းစီး၊ အပိုဒ် (၁)နှင့် အပိုဒ် (၂) အချက် သုံးချက်ကို လွှတ်တော်သို့ တင်ပြခဲ့ပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူရာတွင် ကန့်ကွက်သူ မရှိသဖြင့် ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲအတိုင်း ဥပဒေကြမ်းအား အတည်ပြုကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြေညာခဲ့ပါသည်။
Credit To >>> Eleven Media Group
တရုတ်စီးပွားရေး အလားအလာအပေါ် စိုးရိမ်မှုဖြစ်

ပြီးခဲ့တဲ့လမှာ တရုတ်နိုင်ငံက ကုန်တင်သွင်းမှုနဲ့ ကုန်တင်ပို့မှု ခန့်မှန်းခဲ့တာထက် ကျဆင်းခဲ့တဲ့အတွက် တရုတ်ရဲ့ စီးပွားရေးအလားအလာအပေါ် စိုးရိမ်မှုတွေ ထပ်ဖြစ်နေပါတယ်။