ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း မြို့နယ်များတွင် ကျူးကျော်တဲအသစ်များ ထပ်မံတိုးချဲ့ ဆောက်လုပ်ခွင့် မပြုတော့ကြောင်း သတင်းထုတ်ပြန်ပြီးနောက်တွင် လှိုင်သာယာမြို့နယ်၌ ကျူးကျော်တဲအသစ်များ ထပ်မံတိုးချဲ့တည်ဆောက်လျက်ရှိရာ ရန်ကုန်-ပုသိမ်ကားလမ်းဘေးတွင် ကျူးကျော်တဲအသစ်များ မေ ၂၈ ရက်က ဆောက်လုပ်နေကြသည်ကို တွေ့ရပြီး တားမြစ် အရေးယူဆောင်ရွက်ခြင်းမရှိသောကြောင့် ကျူးကျော်တဲများ ထပ်မံ တိုးချဲ့မှုများလာပါက ဒုစရိုက်မှုနှင့်လူမှုရေး ပြဿနာများတိုး၍ ဖြစ်ပေါ် လာနိုင်ကြောင်း ဒေသခံပြည်သူများက စိုးရိမ်လျက်ရှိသည်။