Pages

3.6.16

မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်၏ ၁ ရာခိုင်နှုန်း အခွန်၊ ယူရို ၉၃ သန်းကိစ္စ ခုံရုံး၏ အစီရင်ခံချက် လာမည့် အပတ်တွင် ထွက်ရှိမည်

 ရန်ကုန်မြို့တွင် ပြုလုပ်သော ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း အမှုဆောင်များ၏ သတင်းစာ ရှင်းလင်းပွဲအား မြင်တွေ့ရစဉ် (ဆင်ဟွာ)
မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်၏ ၁ ရာခိုင်နှုန်း အခွန်၊ ယူရို ၉၃ သန်းကိစ္စ နှင့် ပတ်သက်၍  သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန မှ ခုံရုံးဖွဲ့ စစ်ဆေးမှု၏ အစီရင်ခံချက် လာမည့် အပတ်တွင် ထွက်ရှိမည် ဖြစ်ကြောင်း ၊ ၎င်း အစီရင်ခံချက်၏ အဖြေပေါ် မူတည်၍ လိုအပ်ပါက ဥပဒေကြောင်းအရ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယနေ့သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်မှ အလုပ်အမှုဆောင် အဖွဲ့ဝင်  ဦးကျော်ကျော်ဦးက ပြောသည်။

တရုတ်ဟက်ကာများ ထိုင်ဝမ်အာဏာရပါတီဝက်ဘ်ဆိုက်ကို တိုက်ခိုက်


ဆိုက်ဘာတိုက်ခိုက်မှုများ ခြိမ်းခြောက်မှုများ မြင့်တက်လာနေသည့် ထိုင်ဝမ်၌ အာဏာရပါတီ ဝက်ဘ်ဆိုက်တိုက်ခိုက်ခံရမှုနောက်ကွယ်တွင် တရုတ်ပြည်မမှ ဟက်ကာများ ပါဝင်နေကြောင်း အမေရိကန်အခြေစိုက် လုံခြုံရေးကုမ္ပဏီတစ်ခုက ဇွန် ၂ ရက် ပြောသည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးအတွက် ပံ့ပိုးမှုမဟာဗျူဟာ အဖြစ် အီးယူ-မြန်မာဆက်ဆံရေး မြှင့်တင်မည်

ပြုပြင်ပြောင်းလဲရေးလမ်းစဉ်ကို လျှောက်လှမ်းနေသော
မြန်မာနိုင်ငံနှင့် အီးယူအကြား ပူးပေါင်းဆောင်ရွက်မှုတွင်
ပိုမိုကောင်းမွန်သော အနာဂတ်ကို မျှော်မှန်းသောအားဖြင့်
နိုင်ငံခြားရေးနှင့် လုံခြုံ ရေးမူဝါဒဆိုင်ရာ အထူးကိုယ်စား
လှယ်နှင့် ဥရောပကော်မရှင်တို့က ပူးတွဲကြေညာချက်
တစ်ရပ်ကို ဇွန်လ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း
European Commission ၏ ဝက်ဘ်ဆိုက်တွင်
ဖော်ပြထားသည်။

မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့လာရန် ကမ္ဘာ့ဘဏ် ခန့်မှန်း

ယမန်နှစ် ဇူလိုင်လအတွင်းက မြန်မာနိုင်ငံ အတွင်း ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ နိုင်ငံ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း လျော့ကျခဲ့ သော်လည်း ယခုဘဏ္ဍာနှစ်တွင်မူ ပြန်လည်တိုးတက်လာရန်ရှိပြီး ၇ ဒသမ၈ရာခိုင်နှုန်းသို့ ရောက်ရှိရန် မျှော်မှန်းထားကြောင်း ကမ္ဘာ့ဘဏ်ကထုတ်ပြန်လိုက်သည်။