Pages

15.6.16

ပြည်တွင်းမွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့်လုပ်ငန်းများတိုးချဲ့လုပ်ကိုင်နိုင်ရေးအတွက် မြေယာလုပ်ပိုင်ခွင့်မှာ အဟန့်အတားဖြစ်နေ


 ပြည်တွင်း မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုး တက်ရန်အတွက် လုပ်ငန်းများတိုးချဲ့ လုပ်ကိုင်နိုင် ရန် မြေယာလုပ်ပိုင်ခွင့် သည် အဟန့်အတားဖြစ်နေကြောင်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ ချုပ်မှသတင်းရရှိသည်။

မြန်မာအစိုးရ၏ ခွင့်ပြုချက်ရပါက မြစ်ဆုံစီမံကိန်း စာချုပ်ပါ အချက်များကို ပြည်သူများသို့ ချပြသွားရန် ဆန္ဒရှိကြောင်း တရုတ်သံရုံးမှ ပထမအတွင်းဝန် PAN Xaesong ဆို

မြန်မာအစိုးရ ခွင့်ပြုချက် ရရှိပါက မြစ်ဆုံစီမံကိန်း စာချုပ်ပါ အချက်များကို ပြည်သူလူထုသို့ ချပြရန် ဆန္ဒရှိကြောင်း တရုတ်သံရုံးမှ ပထမအတွင်းဝန် မစ္စတာ PAN Xaesong က ပြောသည်။

မြစ်ဆုံစီမံကိန်း ကိစ္စနှင့် ပတ်သက်ပြီး စာချုပ်ချုပ်ဆိုရာတွင် နှစ်နိုင်ငံ သဘောတူချက်များအရ စာချုပ်ပါ အချို့အချက်များအား လျှို့ဝှက်အဖြစ် ထားရှိရန် သဘောတူညီချက်များလည်း ပါဝင်ကြောင်း သို့ဖြစ်ပါ၍ တစ်ဖက်တည်း၏ သဘောဆန္ဒတစ်ခုတည်းဖြင့် စာချုပ်ပါ အချက်များအားလုံး ချပြရန်မှာ မဖြစ်နိုင်ကြောင်းလည်း မစ္စတာ PAN Xaeosong ကပြောသည်။

ယင်းအပြင် မကြာခင် ရက်ပိုင်းအတွင်း ကချင်ပြည်နယ်သို့ သွားရောက်ခဲ့ခြင်းနှင့် ပတ်သက်၍လည်း မစ္စတာ PAN Xaeosong က ''ကျွန်တော်တို့ရဲ့ သံအမတ်ကြီးက ရန်ကုန်ကိုရောက်တာ တစ်နှစ်ကျော် ကြာခဲ့ပါပြီ။ ကချင်ပြည်နယ်ကို မရောက်ဘူးသေးတဲ့ အတွက် လေ့လာရေးခရီးစဉ် အဖြစ် သွားရောက် ခဲ့တာပါ။ ဟိုရောက်တော့ ကချင်ပြည်နယ် အစိုးရအဖွဲ့ကို သွားရောက် နှုတ်ဆက်ခဲ့တာပါ။ အဲ့ဒီအချိန်မှာ ဒေသခံတွေက ဆန္ဒပြခဲ့တာ သိပါတယ်။ ဒါက သူတို့ရဲ့လွတ်လပ်ခွင့် အနေနဲ့ ပြတာပါ။ ဒါနဲ့ပတ်သက် ပြီးတော့လည်း ကျွန်တော်တို့ အနေနဲ့ ဘာမှမပြောလိုပါဘူး။ အမှန်ပြောရမယ်ဆိုရင်တော့ မြစ်ဆုံကိစ္စနဲ့ ပတ်သက်လို့ကတော့ ယခင် အစိုးရနဲ့ ကုမ္ပဏီချုပ်ဆိုထားတဲ့ စာချုပ်ကို ပြည်သူလူထုသိအောင် ချပြ သင့်တယ်။ ဒါကို ပြည်သူတွေက လေ့လာပြီးတော့မှ ဆက်လုပ်သင့် မလုပ်သင့်ကို ဆုံးဖြတ်တာ ပိုသင့်တော်ပါတယ်''ဟု PAN Xaesong က ပြောသည်။

ကချင်ပြည်နယ်သည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အတွက် အရေးကြီးသည့် ပြည်နယ်တစ်ခု ဖြစ်သည့်အပြင် နယ်နိမိတ်ချင်း ထိစပ်နေသည့်အတွက် နှစ်နိုင်ငံ ချစ်ကြည်ရေး အတွက်လည်း အရေးကြီးသည့် နယ်မြေတစ်ခု ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားသွားခဲ့သည်။

Credit To >>> Tomorrow Journal

၂၀၂၀ မတိုင်ခင် လုပ်ငန်းရဲ့ ရောင်းကုန်တန်ဖိုးပမာဏကို ဒေါ်လာ ဘီလီယံ ၉၀၀ အထိ တိုးမြင့်ရရှိနိုင်မယ်လို့ Alibaba ကုမ္မဏီ မျှော်မှန်း


လာမယ့် ၂၀၂၀ ပြည့်နှစ်မတိုင်ခင်မှာ အရောင်းပမာဏကို
နှစ်ဆနီးပါးထိတိုးမြင့်လာနိုင်ဖို့ မျှော်လင့်ထားတယ်ဆိုပြီး
တရုတ်ရဲ့ အီလက်ထရောနစ် စီးပွားရေးလုပ်ငန်းစု
Alibaba Group Holding Ltd က ပြောကြားလိုက်ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁ ရာစုပင်လုံ)အကြိုပြင်ဆင်ရေး 'ဝ'၊ မိုင်းလားအဖွဲ့များအား သွားရောက်တွေ့ဆုံမည်


ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁ ရာစုပင်လုံ) အကြိုပြင်ဆင်ရေးဆပ်ကော်မတီ(၂)နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးစု ဖက်ဒရယ်ကောင်စီ(UNFC) က ဖွဲ့စည်းထားသည့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (Delegation for Political Negotiation – DPN) တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဒုတိယအကြိမ်မြောက် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။

ဆုံးရှုံးပျက်စီးမှုများမှအကာအကွယ်ပေးနိုင်ရေး အာမခံလုပ်ငန်းများတိုးမြှင့်ဖွင့်လှစ်

အပြည်ပြည်ဆိုင်ရာ ကမ္ဘောဇအာမခံလုပ်ငန်း၏ (၃) နှစ် ပြည့် နှစ်ပတ်လည်အခမ်းအနားကို ဇွန် ၁၃ ရက် ညနေ ၆ နာရီက ရန်ကုန်မြို့ Sedona Hotel ၌ ကျင်းပရာ နိုင်ငံဖွံ့ဖြိုးရေးတွင် ဆုံးရှုံးပျက်စီးမှုများကိုအကာအကွယ်ပေးနိုင်ရေးအတွက် အာမခံလုပ်ငန်းများကို တိုးမြှင့်ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။

နိုင်ငံတကာ ဆက်ဆံရေး ကောင်းမွန်ရန် အာရှဒေသရှိ မြန်မာသံအမတ်ကြီးများအား နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် မှာကြား



ပြည်သူလူထုဖွံ့ဖြိုး တိုးတက်မှုလုပ်ငန်းများ အောင်မြင်ရန် အတွက် နိုင်ငံတကာ ဆက်ဆံရေး ကောင်းမွန်ရန် မြန်မာသံအမတ်ကြီးများအနေဖြင့် ပိုမိုအလေးထားလုပ်ဆောင်သွားရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က အာရှဒေသရှိ မြန်မာသံအမတ်ကြီးများ နှင့် ယနေ့ ဇွန် ၁၄ ရက်တွင် တွေ့ဆုံရာ၌ ထည့်သွင်း ပြောကြားခဲ့သည်။