မန္တလေးမြို့ အိမ်ခြံမြေဈေးကွက်တွင် Down Town ဧရိယာအတွင်းရှိ ကျပ်သိန်းသောင်းချီသော အရောင်းအ၀ယ်များ မရှိသလောက် ဖြစ်နေပြီး မြို့သစ်ဘက်ပိုင်းတွင်မူ ကျပ်သိန်း ၁၀၀၀ ကျော်မှ ကျပ်သိန်း ၇၀၀၀ ၀န်းကျင်ခန့် မြေကွက်များ အရောင်းအ၀ယ် ပြန်လိုက်လာကြောင်း စုံစမ်းသိရသည်။
Pages
▼
21.6.16
အာရှပစိဖိတ်ဒေသတွင် မြန်မာနိုင်ငံကဒုက္ခသည် အရေအတွက် ဒုတိယအများဆုံးဟု ကုလသမဂ္ဂ ကြေညာ
အာရှပစိဖိတ်ဒေသတွင်း နိုင်ငံများတွင် မြန်မာနိုင်ငံက ဒုက္ခသည်အရေ အတွက် ဒုတိယအများဆုံးဖြစ်ကြောင်း ကမ္ဘာကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာအဖွဲ့ (UNHCR) က ထုတ်ပြန်ကြေညာသည်။
ဂျပန် ၀န်ကြီးချုပ်ကို ပြုပြင်ပြောင်းလဲဖို့ IMF က တိုက်တွန်း
ဂျပန် နိုင်ငံမှာ ၀န်ကြီးချုပ် ရှင်ဇို အာဘေးရဲ့ 'Abenomics' မူဝါဒတွေကိုအလုံးစုံပြုပြင်ပြောင်းလဲဖို့ လိုနေပြီဆိုပြီး နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) က ဇွန်လ ၂၀ ရက်မှာ တိုက်တွန်းပြောကြား
လိုက်ပါတယ်။
လိုက်ပါတယ်။
မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ဘက်စုံလေ့လာဆန်းစစ်ခြင်း အစီရင်ခံစာထုတ်ပြန်

ကမ္ဘာ့စီးပွားရေးနှင့် ပေါင်းစည်းနိုင်ရန် အဘက်ဘက်က တိုးမြှင့်ဆောင်ရွက် နေကြောင်း၊ ကုန်စည်စီးဆင်းမှုနှင့်အတူ အရင်းအနှီးစီးဆင်းမှု၊ အလုပ်အကိုင်အခွင့်အလမ်းများစီးဝင်လာမှု၊ ပို့ကုန်ကဏ္ဍမြင့်တက်လာမှုနှင့် စီးပွားရေးတိုးတက်မှုကွင်းဆက်များ တစ်ခုပြီးတစ်ခု ဖြစ်ထွန်းပေါ်ပေါက်လာရန် အစိုးရအနေဖြင့် အလေးထားဆောင်ရွက်နေကြောင်း ဒုတိယ သမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။
ဇူလိုင် ၁ ရက်မှစတင်၍ ခရီးသွားလုပ်ငန်းဆိုင်ရာလိုင်စင်များ အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်ပေးမည်
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ခရီးသွားလုပ်ငန်းဆိုင်ရာလိုင်စင် လျှောက်ထားမှု တွင် ပိုမိုလွယ်ကူအဆင်ပြေစေရန်အတွက် လာမည့် ဇူလိုင် ၁ ရက်မှစတင်ကာ အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
မသန်စွမ်းသူများ၏ ဘဝမြှင့်တင်နိုင်ရေးအတွက် မုံရွာပရဟိတ မသန်စွမ်းဘက်စုံဖွံ့ ဖြိုးရေး သင်တန်းကျောင်း (အောင်ဆုထွန်း တောက်)တွင် အကူအညီများလိုအပ်နေ
မသန်စွမ်းသူများ၏ ဘဝမြှင့်တင်နိုင်ရေးအတွက် ဆရာတော်၏ ဦးဆောင်မှုဖြင့် ပရဟိတမသန်စွမ်းဘက်စုံဖွံ့ဖြိုးရေး ကျောင်း (အောင်ဆုထွန်းတောက်)အား စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ချမ်းမြဝတီရပ်ကွက်တွင် ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလအတွင်းက စတင်ဖွင့်လှစ်ခဲ့ရာ လတ်တလော ကာလတွင် ဘက်စုံအကူအညီများ လိုအပ်လျက်ရှိကြောင်း အဆိုပါကျောင်းမှ တာဝန်ခံကျောင်းအုပ် ဦးသိုက်ထွန်းထံမှ သိရသည်။