Pages

5.7.16

ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလဲနှုန်း ၁၁၆၆ ကျပ် ၀န်းကျင်အထိ ဆက်တိုက်ကျဆင်းလာ

ဇူလိုင်ပထမပတ်အတွင်း ပြင်ပဈေး ကွက်၌ တစ်ဒေါ်လာလဲနှုန်း ၁၁၆၆ ကျပ် ၀န်းကျင်အထိ ဆက်တိုက် ကျဆင်းလာကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်ရေးဈေးကွက် အသိုင်းအ၀ိုင်းထံမှ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ခေါင်းဆောင်များ တွေ့ဆုံမည့်ရက် မသတ်မှတ်နိုင်သေး

ဒေါ်အောင်ဆန်းစုကြည်နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုး များ ဖက်ဒရယ်ကောင်စီ (UNFC) ခေါင်းဆောင်များတွေ့ဆုံရန် နေ့ရက် ကို အတိအကျ မသတ်မှတ်နိုင်သေး ကြောင်း သတင်းရရှိသည်။

ပြည်ပသို့ သုံးလအတွင်း ပဲမျိုးစုံတန်ချိန် နှစ်သိန်းကျော် တင်ပို့ထား


မြန်မာနိုင်ငံမှာ ပြည်ပသို့ သုံးလအတွင်း ပဲမျိုးစုံတန်ချိန် နှစ်သိန်းကျော်တင်ပို့ထားနိုင်ပြီ ဖြစ်တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါတယ်။

ကချင်၊ စစ်ကိုင်း၊ ရခိုင်ဒေသအချို့တွင် ရေဖုံးလွှမ်းနိုင်သည့် အလားအလာများမြင့်မားနေဟု ဒေါက်တာထွန်းလွင် သတိပေး

တိုင်းဒေသကြီး နှင့်ပြည်နယ်သုံးခုတွင် ရေဖုံးလွှမ်း နိုင် သည့်အလားအလာများမြင့်မား နေကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ပညာရှင်ဒေါက်တာထွန်းလွင်က သတိ ပေး ပြောကြားသည်။

MAPCO ၏ ရှယ်ယာအသစ် ရောင်းချမှု ရက်ထပ်တိုးပေးရန် ရှယ်ယာရှင်ဟောင်းများ တောင်းဆို


ရန်ကုန်စတော့ အိတ်ချိန်းသို့ ဝင်ရောက်မည့် စာရင်းဝင် ကုမ္ပဏီ တစ်ခုဖြစ်သော မြန်မာ့လယ်ယာ စီးပွားရေး အများပိုင် ကော်ပိုရေးရှင်း (MAPCO )က ဒုတိယအကြိမ်အဖြစ် ရောင်းချလျက်ရှိသော အစုရှယ်ယာများကို ဝယ်ယူခွင့်အချိန် ထပ်တိုးပေးရန် ရှယ်ယာရှင် အဟောင်းများက တောင်းဆိုလျက် ရှိကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။