Pages
(Move to ...)
▼
6.7.16
ရွှေလုပ်ကွက်အတွင်း ပါဝင်သည်ဟုဆိုကာ နေအိမ်များကို ဖယ်ရှား
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာအုပ်စု ရေထွက်ကျေးရွာနှင့် လက်ပံပြန့်ကျေးရွာတို့ရှိ မြန်မာစည်သူ ရွှေသတ္ထု တူးဖော်ထုတ်လုပ်ရေး ကုမ္ပဏီ၏ ရွှေလုပ်ကွက်အတွင်း
FMI ရှယ်ယာ အရောင်းအ၀ယ် ဖြစ်ပေါ်မှု တန်ဖိုးပေါင်း ကျပ် ၃၈ ဘီလျံကျော်နှင့် သီလ၀ါရှယ်ယာ အရောင်းအ၀ယ် ဖြစ်ပေါ်မှု ကျပ် ၁၃ ဘီလျံကျော်ဖြင့် စုစုပေါင်း ကျပ် ၅၁ ဘီလျံကျော်အထိ ရှိလာပြီး ဇွန်လအတွင်း ကုမ္ပဏီ နှစ်ခု၏ ရှယ်ယာ အရောင်းအ၀ယ် ဖြစ်ပေါ်မှု အနည်းဆုံး ဖြစ်လာ
ရန်ကုန်စတော့အိတ်ချိန်း စတင် ဖွင့်လှစ်သည့် ၂၀၁၆ ခုနှစ် မတ် ၂၅ ရက်မှ စတင်၍ ဇွန် ၃၀ ရက်အထိ ရှယ်ယာ အရောင်းအ၀ယ် ဖြစ်မှု တန်ဖိုးပေါင်းမှာ FMI မတ် ၂၅ ရက်တွင် စတင် ရှယ်ယာ အရောင်းအ၀ယ် ပြုလုပ်နိုင်ခဲ့ပြီး ပထမဆုံး စတော့ရှယ်ယာ ရောင်းချခွင့်ရ FMI ကုမ္ပဏီက မေ ၁၉ ရက်အထိ ကုမ္ပဏီ တစ်ခုတည်း ပြိုင်ဘက်မရှိ ရောင်းချနိုင်ခဲ့ခြင်းဖြစ်ကာ ရက်သတ္တပတ်အတွင်း ကျပ် ၂၄ ဘီလျံကျော်ဖိုး အရောင်းအ၀ယ် ပြုလုပ်နိုင်ခဲ့သည်။ FMI ကုမ္ပဏီ အနေဖြင့် ရက်သတ္တပတ်အတွင်း ကျပ် ၂၄ ဘီလျံကျော်ဖိုး အထိ ရောင်းချနိုင်ခဲ့သော်လည်း ဧပြီလတွင်မူ ရှယ်ယာဈေးနှုန်းနှင့် အရောင်းအ၀ယ်ဖြစ်မှု ကျဆင်းသွားပြီး ကျပ် ငါးဘီလျံကျော်ဖိုးသာ ရောင်းချနိုင်ခဲ့သည်။
မိုင်ဂျာယန် တိုင်းရင်းသား လက်နက်ကိုင် စုံညီ အစည်းအဝေးနှင့် ပတ်သက်၍ နယ်မြေနှင့် အင်အားတည်ဆောက်ရေး မလုပ်ရန် အပါအ၀င် အချက်နှစ်ချက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် သတိပေးဟု PPST အဖွဲ့ဝင် ပြောကြား
ကချင်ပြည်နယ် မိုင်ဂျာယန် ဒေသ၌ ကျင်းပရန် ဆောင်ရွက်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ထိပ်သီးခေါင်းဆောင်များ စုံညီ အစည်းအဝေးနှင့် ပတ်သက်၍ အဆိုပါ အစည်းအဝေးသည် နယ်မြေ တည်ဆောက်ရေး၊ အင်အား တည်ဆောက်ရေးများ မဖြစ်ရန် လိုအပ်ကြောင်း အပါအ၀င် အချက်နှစ်ချက်ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သတိပေး ပြောကြားဟု တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ရှစ်ဖွဲ့၏ ခေါင်းဆောင်များနှင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။
မိုင်ဂျာယန်တွင်ပြုလုပ်မည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ ထိပ်သီးညီလာခံသို့ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံတင်ပြပါက အစိုးရကူညီပံ့ပိုးမည်
မိုင်ဂျာယန်တွင် ပြုလုပ်မည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်း ဆောင်များထိပ်သီးညီလာခံကို ဒေါ်အောင် ဆန်းစုကြည်အနေဖြင့် ထောက်ခံပြီး တရား ၀င်တင်ပြလာပါက အစိုးရဘက်က ကူညီ ပံ့ပိုးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
NRPC ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မည်
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဆက်ဆံရေးမြှင့်တင်သွားရန် တောင်ကိုရီးယားနှင့် မြန်မာ ကုန်သွယ်ရေးဝန်ကြီးများ သဘောတူမှုရရှိ
မြန်မာ-တောင်ကိုရီးယား နှစ်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီးများ ဇူလိုင် ၅ ရက်တွင် တွေ့ဆုံကာ နှစ်နိုင်ငံအပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စရပ်များ အပေါ် ဆွေးနွေးခဲ့ကြကြောင်း တောင်ကိုရီးယားကုန်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
Brexit ကြောင့် အာရှဗဟိုဘဏ်တွေအနေနဲ့ ငွေကြေးမူဝါဒပိုင်းမှာ ဖြေလျှော့ပြောင်းလဲမှုတွေလုပ်သွားရဖို့ ရှိလာနေဟု ဆို
ဥရောပသမဂ္ဂ ကနေ ထွက်ဖို့ ဗြိတိန်တို့ မဲပေးဆုံးဖြတ်ခဲ့တဲ့နောက်ပိ
ုင်း
အာရှဒေသက ဗဟိုဘဏ်တစ်ချို့အနေနဲ့ ယင်းတို့ရဲ့ ငွေကြေးမူဝါဒပိုင်းမှာဖြေလျှော့မှုတွေလုပ်သွားရဖို
့ များလာတယ်လို့ သတင်းတစ်ရပ်မှာဖော်ပြထားပါတယ်။
အာရှသားတွေအွန်လိုင်းမှာအချိန်ဖြုန်းမှုအများဆုံးဖြစ်
အင်ဒိုနီးရှား၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဗီယက်နမ် ၊ အိန္ဒိယ၊ ထိုင်ဝမ်နဲ့
ဟောင်ကောင်တို့လို အာရှဈေးကွက်နိုင်ငံကိုးနိုင်ငံရဲ့ အွန်လိုင်းသုံးစွဲမှုနဲ့ပတ်သက်လို့ တွက်ချက်မှုတွေလုပ်ဆောင်ခဲ့ပြီးတဲ့နောက်မှာ လွန်ခဲ့တဲ့နှစ်တွေကအသုံးပြုမှုပိုများပြားလာတယ်လို့သိရပါတယ်။
‹
›
Home
View web version