Pages
(Move to ...)
▼
8.7.16
"မန်းစည်ပင်မှ ဒုတိယမြို့တော်ဝန်အပါအဝင် ကော်မတီဝင် ၁၁ ဦး တာဝန်က ရပ်နားလိုက်ပြီ"
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန်အပါအဝင် ကော်မတီဝင် အားလုံးကို ဇူလိုင်လ ၇ ရက်၊ညပိုင်းမှစတင်၍ တာဝန်မှရပ်ဆဲလိုက်ရာ တွဲဖက်အတွင်းရေးမှူး တစ်ဦးသာကျန်ရှိသည်ဟု အမည်မဖော်လိုသည့် စည်ပင်ဝန်ထမ်းတစ်ဦးကပြောသည်။
အလုပ်သမား အခွင့်အရေး အပြည့်အဝပေးရန် တောင်းဆိုသည့် မြန်မာလုပ်သား ၄၀၀ ခန့်ကို ထိုင်းစက်ရုံပိုင်ရှင်က အလုပ်ထုတ်
အလုပ်သမားအခွင့်အ ရေး အပြည့်အဝပေးရန် တောင်း ဆိုသော မြန်မာလုပ်သား ၄၀၀ ခန့်ကို ထိုင်းစက်ရုံပိုင်ရှင်က အလုပ်မှ ထုတ်ပယ်ခဲ့ကြောင်း သတင်းရရှိ သည်။
ရခိုင်ရေဘေးကြောင့် လူ ၂၀,၀၀၀ ကျော် ဘေးလွတ်ရာသို့ တိမ်းရှောင် တစ်ဦးသေဆုံး
ရခိုင်ပြည်နယ်တွင် ရေ ကြီးနစ်မြုပ်မှုကြောင့် ရေဘေးသင့်သူဦးရေ တိုးလာကာ ဇူလိုင် ၇ ရက်အထိ နောက်ဆုံးစာရင်းများ အရ အိမ်ခြေ ၅,၀၀၀ ခန့်မှ လူဦး ရေ ၂၀,၀၀၀ ကျော် ဘေးလွတ်ရာ သို့ အရေးပေါ် တိမ်းရှောင်နေရပြီး လူတစ်ဦးသေဆုံးခဲ့ကြောင်း ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဦးစီးဌာနမှ သတင်းရရှိ သည်။
ထိုင်ဝမ်သို့ မုန်တိုင်းကြီး Nepartak သောကြာနေ့ဝင်မည် လေယာဉ်ခရီးစဉ်များဖျက်သိမ်းထား
စူပါတိုင်ဖုန်းမုန်တိုင်း Nepartak သည် မုန်တိုင်း၏ ဗဟိုချက်တွင် လေ တိုက်နှုန်းတစ်နာရီလျှင် ၂၄၅ ကီလို မီတာ (၁၅၂ မိုင်) နှုန်းဖြင့် ထိုင်ဝမ် နိုင်ငံဆီသို့ ဦးတည်ရွေ့လျားနေကာ ဇူလိုင် ၈ ရက်တွင်ထိုင်ဝမ်သို့ မုန် တိုင်းဝင်ရောက်နိုင်သည်ဟု ထိုင်ဝမ် မိုးလေ၀သဌာနမှ ဇူလိုင် ၇ ရက်က သတိပေးကြေညာချက်ထုတ်ပြန်ထား သည်။
မြောက်ကိုရီးယားခေါင်းဆောင်အပေါ် အမေရိကန်နိုင်ငံ၏ စီးပွားရေးပိတ်ဆို့မှုများကို တရုတ်နိုင်ငံက ဆန့်ကျင်
မြောက်ကိုရီးယားနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှု များနှင့်ပတ်သက်ပြီး မြောက်ကိုရီးယားခေါင်းဆောင်
ကင်ဂျုံအန်အား အမေရိကန်နိုင်ငံ၏ စီးပွားရေးပိတ်ဆို့မှု များကို တရုတ်နိုင်ငံက ဆန့်ကျင်ပါကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။
‹
›
Home
View web version