Pages

11.7.16

မြ၀တီကုန်သွယ်ရေးဇုန်၏ကုန်သွယ်မှု ယခုဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း ကန်ဒေါ်လာသန်း ၅၀ တိုး

မြန်မာ နှစ် နိုင်ငံ ကုန်သွယ်ရေးစခန်းတစ်ခုဖြစ် သည့် မြ၀တီကုန်သွယ်ရေးဇုန်၏ကုန် သွယ်မှု ယခု ဘဏ္ဍာနှစ် ပထမသုံးလ ပတ်အတွင်း ကန်ဒေါ်လာသန်း ၅၀ တိုးမြင့်လာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန မှ သိရသည်။

ရုရှားသံတမန်နှစ်ဦးကို အမေရိကန် အစိုးရ နှင်ထုတ်


ရုရှားနိုင်ငံမော်စကိုအခြေစိုက် အမေရိကန်သံတမန်တစ်ဦးတိုက်ခိုက်ခံရမှုကိုတုံ့ပြန်သည့်အနေနှင့် အမေရိကန်အစိုးရက ရုရှားသံတမန်နှစ်ဦးကို နှင်ထုတ်လိုက်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ကြောင်း BBC သတင်းဌာနကရေးသားဖော်ပြသည်။

အများပိုင်ကုမ္ပဏီများ SECM ခွင့်ပြုချက် မရှိဘဲ ရှယ်ယာရောင်းလျှင် အရေးယူမည်

ငွေချေး သက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်(SECM) ထံသို့ တင်ပြခြင်းမရှိဘဲ အများပြည်သူသို့ ရှယ်ယာ ရောင်းချသော အများပိုင်ကုမ္ပဏီများကို အရေးယူမည်ဖြစ်ကြောင်း အဆိုပါ ကော်မရှင်က ထုတ်ပြန်သည်။

ရန်ကုန်တွင် ရခိုင်အရေး ကန့်ကွက်ဆန္ဒထုတ်ဖော်သူများကို ပုဒ်မ (၁၉) ဖြင့် တရားစွဲမည်


ရခိုင်ပြည်နယ်ရှိ လူနည်းစု ဘာသာခြားများကို အစိုးရသစ်က ရခိုင်ပြည်နယ်ရှိ မူဆလင်အသိုင်းအဝိုင်းဟု သုံးနှုန်းခြင်းကို ကန့်ကွက်ကြောင်း ရန်ကုန်မြို့တော်၌ ဆန္ဒထုတ်ဖော်ခဲ့ရာ သတ်မှတ်ခွင့်ပြုချက်ကို ကျော်လွန်သောကြောင့် ဆန္ဒထုတ်ဖော်သူများကို ပုဒ်မ (၁၉) ဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းဗိုလ်က ပြောကြားသည်။ 

Dallas မြို့မှ ရဲတပ်ဖွဲ့ဝင်များကို ချောင်းပစ်သွားသည့် စနိုက်သမားတစ်ဦးကို အမေရိကန်ရဲတပ်ဖွဲ့က စက်ရုပ်ကို အသုံးပြုကာ ရှင်းလင်းသတ်ဖြတ်


အမေရိကန်နိုင်ငံ Dallas မြို့တွင် ရဲဝန်ထမ်းများကို ချောင်းမြောင်းပစ်ခတ်သွားသော စနိုက်ပါသမားများကို လိုက်လံရှာဖွေရှင်းလင်းရာတွင် ရဲတပ်ဖွဲ့က စက်ရုပ်တစ်ရုပ်ကို အသုံးပြုကာ တရားခံတစ်ဦးအား နှိမ်နင်းရှင်းလင်းခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်ဟောင်း ကင်တားနားအား မြောက်ကိုရီးယား လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်


မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်ဟောင်း သောမတ်စ်အိုဟေးကင်တားနားအား ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက မြောက်ကိုရီးယားလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်သစ်အဖြစ် ခန့်အပ်တာဝန်ပေးကြောင်း ဇူလိုင် ၉ ရက်က အမေရိကန်သတင်းတစ်ရပ်က ဖော်ပြသည်။