လက်ရှိအစိုးရမှ နိုင်ငံပိုင်အဖြစ် လုပ်ကိုင်နေသည့် အစိုးရဌာနများသို့ ဓာတ်ဆီ နှင့် ဒီဇယ်ဆီ ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းကို ပြည်ပကုမ္ပဏီနှင့် ဖက်စပ်လုပ်ကိုင်ရန် နိုင်ငံတကာတင်ဒါ အနေဖြင့် ခေါ်ယူထားပြီး တင်ဒါတင်သွင်းသည့် ကုမ္ပဏီများအနက် ပြည်ပကုမ္ပဏီ သုံးခုအား ပဏာမရွေးချယ်ထားပြီး ယင်းကုမ္ပဏီသုံးခုအနက် တစ်ခုကို အပြီးသတ်ရွေးချယ်ရန် အမှတ်ပေးမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။
အဆိုပါ ကုမ္ပဏီသုံးခုမှာ အိန္ဒိယနိုင်ငံမှ Indian Oil ၊ အင်ဒိုနီးရှားနိုင်ငံမှ PT Pentamina နှင့် Puma Energy Group Pte Ltd တို့ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကုမ္ပဏီသုံးခုအနက် Puma Energy Group Pte Ltd သည် လေယာဉ်ဆီ ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းအား လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းနှင့် JV အဖြစ် ပူးပေါင်းလုပ်ကိုင်ခွင့် ရရှိထားသည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။
“ပဏာမ ရွေးချယ်ထားတဲ့ ကုမ္ပဏီသုံးခုကို အပြီးသတ်ရွေးချယ်ဖို့အတွက် အမှတ်ပေးမှု ပြုလုပ်နေတယ်။ အခုနှစ်ထဲမှာ အပြီးရွေးချယ်သွားမှာပါ” ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းမှ ညွှန်ကြားရေးမှူး ဦးမြင့်ဇော်က ပြောကြားသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ အစိုးရဌာနများသို့ ဓာတ်ဆီနှင့် ဒီဇယ်ဆီ ဖြန့်ဖြူးရောင်းချနေသည့် လုပ်ငန်းအား ပြည်ပကုမ္ပဏီနှင့် ဖက်စပ် လုပ်ကိုင်မည်ဖြစ်ပြီး စက်သုံးဆီအရောင်းဆိုင်များ ပြန်လည်ဖွင့်လှစ်၍ ပုဂ္ဂလိကနှင့် ယှဉ်ပြိုင်ရောင်းချမည် ဖြစ်သည်။
လက်ရှိအစိုးရက နိုင်ငံပိုင်အဖြစ် လုပ်ကိုင်နေသည့် အစိုးရဌာနများသို့ ဓာတ်ဆီ နှင့် ဒီဇယ်ဆီ ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းကို ပြည်ပကုမ္ပဏီနှင့် ဖက်စပ်လုပ်ကိုင်ခြင်းအား ၂၀၁၆ခုနှစ်တွင် အပြီးဆောင်ရွက်သွား မည် ဖြစ်သည်။
ပြီးခဲ့သည့်၂၀၁၀ ခုနှစ်မှ စတင်ကာ ပြည်တွင်းလုပ်ငန်းရှင်များအား စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်ပေးခဲ့သည်။ ထိုသို့ ရောင်းချခွင့်ပြုခဲ့သည့် ခြောက်နှစ်အတွင်း မြန်မာပြည်အနှံ့ ဆီသိုလှောင်စခန်းများ တည်ဆောက်နိုင်ရန် အခက်ခဲများရှိသည်ကို တွေ့မြင်ရကြောင်း၊ သီလ၀ါဆိပ်ကမ်းဒေသတွင်ပင် လုံလောက်အောင် တည်ဆောက်နိုင်ခြင်း မရှိသေးသဖြင့် နိုင်ငံတွင်း စက်သုံးဆီ ပြတ်လပ်မှုဖြစ်ပေါ်မည်ကို စိုးရိမ်သဖြင့် စက်သုံးဆီ အရောင်းဆိုင်များဖွင့် လှစ်၍ ပုဂ္ဂလိကနှင့် ယှဉ်ပြိုင်ရောင်းချရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
Credit To >>> Eleven media Group
Pages
▼
13.7.16
ကမ္ဘာ့ရွှေဈေးမြင့်တက်မှုကြောင့် မြန်မာ့ရွှေဈေး တစ်ကျပ်သားကို ကျပ်တစ်သိန်းဝန်းကျင်မြင့်တက်

ဥရောပသမဂ္ဂ မှ အင်္ဂလန်နှုတ်ထွက်ရန် အဆိုအား လူထုဆန္ဒခံယူပွဲတွင် အနိုင်ရရှိပြီးသည့် နောက်ပိုင်းတွင် ကမ္ဘာ့ရွှေဈေးဆက်တိုက် တက်ခဲ့ပြီး မြန်မာ့ရွှေဈေးလည်း ဆက်တိုက်မြင့်ခဲ့ရာ တစ်ကျပ်သား ကျပ် ၇၅၀,၀၀၀ ဝန်းကျင်မှ တစ်ကျပ်သားကို ကျပ် ၈၄၅,၀၀၀ အထိဈေးမြင့်ခဲ့ကြောင်း သိရသည်။
ထိုင်ဝမ်ရှိ ATM ငွေထုတ်စက်များမှ ဒေါ်လာ (၂) သန်းကျော် ဟက်ကာများ ခိုးယူ

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ထိုင်ဝမ်နိုင်ငံမှာ ATM ငွေထုတ်စက်တွေကနေ ထိုင်ဝမ်ဒေါ်လာ (၇၀) သန်း (ဒေါ်လာ ၂.၁၈ သန်း) ခိုးခံလိုက်ရတာကြောင့် အင်္ဂါနေ့မှာ နိုင်ငံတလွှားရှိ ATM ငွေထုတ်စက် ရာပေါင်းများစွာကို ဘဏ်များက ပိတ်ချခဲ့ပါတယ်။
မြန်မာတွင် အလုပ်လုပ်နေသော နိုင်ငံခြားသား လုပ်သားများကို လေးနှစ် သက်တမ်းရှိ Work permit ထုတ်ပေးရေး ဆိုင်ရာဥပဒေ လွှတ်တော် တင်ရန် နောက်ဆုံးအဆင့်ဆွေးနွေး

နိုင်ငံခြားသား အလုပ်သမားဥပဒေပြဋ္ဌာန်းပြီး ပါက ရောက် ရှိပြီးနှင့် အသစ်ဝင်ရောက် မည့် နိုင်ငံခြားသား လုပ်သားတို့ကို Work permit ဖြင့် လေးနှစ်သက်တမ်းသာ နေထိုင် အလုပ်လုပ်ခွင့်ပြုတော့ မည် ဖြစ်ကြောင်း သိရသည်။
တောင်တရုတ်ပင်လယ်အတွင်း ကျွန်းများအရေး နိုင်ငံတကာသမာဓိခုံရုံး ဆုံးဖြတ်ချက်ချမှတ်

တောင်တရုတ်ပင်လယ်အတွင်းရှိ ကျွန်းများအား သမိုင်းကြောင်းအရ ပိုင်ဆိုင်ခွင့်ရှိသည်ဆိုသေ
အခြေခံ စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်း ငါးသင်းအတွက် ဆဋ္ဌမအကြိမ် China Exim Bank ချေးငွေများ ပေးအပ်
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်အတွင်းမှ အခြေခံစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်း ငါးသင်းအတွက် ဆဋ္ဌမအကြိမ်မြောက် China Exim Bank ချေးငွေပေးအပ်ပွဲကို ရေလိမ်ကျေးရွာ၌ ဇူလိုင် ၁ဝ ရက် နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။