Pages

14.7.16

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရာတွင် မလွတ်သော အိမ်ထောင်စုများကို လျော်ကြေးပေး ရွှေ့ပြောင်းမည်

ရန်ကုန်မြို့ပတ်ရထား လမ်းအဆင့်မြှင့်တင်ရေးစီမံကိန်း အကောင်အထည်ဖော်ရာတွင် လမ်းသစ်၊ နေရာသစ်၊ မြေသစ်များ သိမ်းယူခြင်းပြုလုပ်မည် မဟုတ် ဘဲ စီမံကိန်းနှင့်မလွတ်ကင်းသည့် အိမ်ထောင်စု ၄၀ ခန့်ကို သင့်တင့် သည့် လျော်ကြေးဖြင့် ပြောင်းရွှေ့ ပေးမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

ပင်လယ်ရေပိုင်နက် တရားစီရင်ချက်ကို လေးစားရန် တရုတ်ကို ဖိလစ်ပိုင်တိုက်တွန်း


တောင်တရုတ်ပင်လယ်အတွင်းမှ အငြင်းပွားနေသော ကျွန်းများကို ပိုင်ဆိုင်သည်ဆိုသော တရုတ်နိုင်ငံ၏ သဘောထားကို ငြင်းဆန်ခဲ့သော နိုင်ငံတကာခုံသမာဓိရုံး၏ တရားစီရင်ချက်ကို တရုတ်နိုင်ငံအနေဖြင့် လေးစားရန် ဖိလစ်ပိုင်နိုင်ငံက တိုက်တွန်းလိုက်သည်။

ခေတ္တရပ်ဆိုင်း ခံထားရသည့် အထပ်မြင့် အဆောက်အအုံများထဲမှ ၁၀ လုံးကို အထပ်များ လျှော့ချရန် ညွှန်ကြားဟုဆို

ရန်ကုန်တိုင်းဒေသကြီးတွင် ခေတ္တ ရပ်ဆိုင်းခံထားရသည့် အထပ်မြင့် အဆောက်အအုံ ၁၂ လုံးထဲမှ ၁၀ လုံးကို အထပ်များ ပြန်လည် လျှော့ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ထံမှ သိရှိရသည်။

အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို)မှ အသိပေးညွှန်ကြားချက် ထုတ်ပြန်

အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို)မှ မြန်မာပြည်တစ်ဝန်းရှိ (မဘသ)အဖွဲ့များအနေဖြင့် ဆန္ဒဖော်ထုတ်ခြင်း၊ ဆန္ဒဖော်ထုတ်ရန် စည်းရုံးတိုက်တွန်းခြင်းများ မပြုလုပ်ကြရန်နှင့် မိမိတို့၏ အမျိုး၊ ဘာသာ၊ သာသနာပြုလုပ်ငန်းများကို အေးအေးချမ်းချမ်း ဆက်လက်ဆောင်ရွက်ကြရန် ဇူလိုင် ၁၂ ရက်နေ့က အသိပေး ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ရန်ကုန်တိုင်းဒေသကြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများအားတွေ့ဆုံ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့အား စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီးရုံးဧည့်ခန်းမ၌ တွေ့ဆုံသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရခိုင်ပြည်နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက် ပိုင်းတွင် ရခိုင်ပြည်နယ် မြောက်ဦးမြို့သို့ရောက်ရှိပြီး မြောက်ဦးမြို့ရှိ အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်း၌ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကား ပြောကြားသည်။