Pages
(Move to ...)
▼
25.7.16
မြစ်ဆုံဆည်စီမံကိန်း အပြီးတိုင်ရပ်ဆိုင်းရန် နိုင်ငံပိုင်ကြေးမုံ သတင်းစာဖော်ပြ
မြစ်ဆုံဆည်စီမံကိန်းကို အပြီးတိုင်ရပ်ဆိုင်း၍ မြန်မာနှင့် တရုတ်နှစ်နိုင်ငံအကြား သဘော တူလက်ခံနိုင်သော ရေအားလျှပ် စစ်စီမံကိန်းများသာ ရှာဖွေဖော် ထုတ်ပြီး လက်တွဲပူးပေါင်းဆောင် ရွက်ရန် ဇူလိုင် ၂၄ ရက်ထုတ် နိုင်ငံပိုင် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။
မြန်မာရေပိုင်နက်အတွင်း ပြည်ပမှငါးခိုးဖမ်းနေခြင်းကို ထိရောက်စွာ အရေးယူကာကွယ်နိုင်ရေး လွှတ်တော်၌ဆွေးနွေးမည်
အခြားနိုင်ငံ များမှ မြန်မာရေပိုင်နက်အတွင်း ငါး ခိုးဖမ်းနေခြင်း ကို ထိရောက်စွာအ ရေးယူကာကွယ်နိုင်ရန် မကြာမီကျင်း ပ တော့မည့်လွှတ်တော်တွင် ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံ၏ THADD ဒုံးပျံကာကွယ်ရေးစနစ် ဖြန့်ကျက်ချထားမှု နှစ်နိုင်ငံကြား ယုံကြည်မှုအုတ်မြစ်ကို ထိခိုက်စေကြောင်း တရုတ်ပြော
တရုတ်နိုင်ငံခြားရေး ၀န်ကြီး ၀မ်ယီက မြောက်ကိုရီးယားနိုင်ငံ၏ ခြိမ်းခြောက်မှုကို တန်ပြန်တိုက်ခိုက်ရန် အမေရိကန်၏ အဆင့်မြင့် ဒုံးကျည်ကာကွယ်ရေးစနစ်ကို ဖြန့်ကျက်ချထားရန် တောင်ကိုရီးယားနိုင်ငံ၏ လုပ်ဆောင်မှုသည် နှစ်နိုင်ငံကြား ယုံကြည်မှုအုတ်မြစ်ကို ထိခိုက်စေကြောင်း ပြောကြားလိုက်သည်ဟု တနင်္လာနေ့ သတင်းများတွင် ဖော်ပြသည်။
ရုရှ လူစွန့်စားတစ်ဦး မီးပုံပျံစီးကာ အမြန်ဆုံး ကမ္ဘာပတ်နိုင်သူအဖြစ် စံချိန်သစ်တင်
ရုရှ နိုင်ငံသား လူစွန့်စားတစ်ဦးဖြစ်သည့် ဖေဒါ ကိုနူကော့ဗ် ဆိုသူသည် တစ်ကိုယ်တော် မီးပုံပျံစီးကာ ၁၁ ရက်တည်းဖြင့် ကမ္ဘာတစ်ပတ်ပတ်နိုင်သူအဖြစ် ကမ္ဘာ့စံချိန်သစ်တင်နိုင်ခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြသည်။
စည်းကမ်းမလိုက်နာဘဲ ကန်ထရိုက်လုပ်ငန်း လုပ်သည့် ဧရာဝတီတိုင်း စည်ပင်ကော်မတီဝင်ကို တာဝန်မှရပ်ဆိုင်း
စည်းကမ်းလိုက်နာမှုမရှိဘဲ ဆောက်လုပ်ရေး လုပ်ငန်းလုပ်ကိုင်သူ ဧရာဝတီတိုင်း စည်ပင်ကော်မတီဝင် ဦးစိုးနိုင်ဝင်းကို တာဝန်မှ ရပ်ဆိုင်းလိုက်ပြီး ကန်ထရိုက်လုပ်ငန်းလိုင်စင် ပိတ်သိမ်းခြင်း၊ အင်ဂျင်နီယာ လိုက်စင် ပိတ်သိမ်းခြင်းတို့ဖြင့် အရေးယူလိုက်သည်ဟု ဧရာဝတီတိုင်း စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က မဇ္ဈိမသို့ပြောသည်။
ဗြိတိန်နိုင်ငံရေးအခြေအနေအကျိုးဆက် မြန်မာ့ရွှေဈေး စံချိန်တင်မြင့်တက်ကာ ၈သိန်းခွဲထိ တက်သွား
ဗြိတိန်နိုင်ငံဥရောပသမဂ္ဂကနေထွက်ခွာဖို့ ဆုံးဖြတ်လိုက်တာကြောင့် ရုတ်ချည်းဆိုသလိုအင်္ဂလန်ပေါင်ငွေ တန်ဘိုးစံချိန်တင်ကျဆင်းခဲ့သလို ကမ္ဘာ့စတော့ရှယ်ယာ ဈေးကွက်တွေထဲမှာလည်း ကမောက်ကမ အခြေအနေတွေဖြစ်ခဲ့ပါတယ်။
အနုညာတခုံရုံးအဆုံးအဖြတ်ထွက်လာပြီးနောက် တရုတ်စစ်ဘက်က လက်နက်အသစ်များခင်းကျင်းပြသ
တောင်တရုတ်ပင်လယ်အတွင်းရှိ ဒေသအများစုကို သမိုင်းကြောင်းအရ ပိုင်ဆိုင်ခွင့် တောင်းဆိုနိုင်သည်ဟူသော တရုတ်နိုင်ငံ၏ ပြောကြားချက်သည် ဥပဒေနှင့်ညီညွတ်မှုမရှိ ဟု ကုလသမဂ္ဂက ထောက်ခံသည့်အနုညာတခုံရုံးက ဆုံးဖြတ်ခဲ့ပြီးနောက် တရုတ်စစ်ဘက်က တာဝေးပစ်ဒုံးကျည် လက်နက်များအပါအဝင် လက်နက်သစ်များကို ခင်းကျင်း ပြသခဲ့ကြောင်း ဇူလိုင် ၂၂ ရက် ပီတီအိုင်သတင်းတွင် ဖော်ပြသည်။
‹
›
Home
View web version