ဝန်ထမ်းလစာ၊ စရိတ်၊ ချီးမြှင့်ငွေလုပ်ငန်းတိုးချဲ့ ရန်အတွက် ကမ္ဘာ့ဘဏ်မှ အတိုးမဲ့ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၆၀ ချေးယူနိုင်ရန် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က လွှတ်တော်သို့ တင်ပြထားကြောင်း လွှတ်တော်အမတ်များထံမှ သိရသည်။
Pages
▼
9.8.16
လက်နက်စွန့်ရန်မလိုဘဲ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတက်ရောက်ခွင့်ပြုခြင်းအပေါ် AA နှင့် TNLA ကြိုဆို
ရခိုင်၊ ပလောင်နှင့် ကိုးကန့် လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ကို လက်နက်စွန့်ရန် မလိုဘဲ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက် ရောက် ခွင့်ပေးမည်ဆိုသည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ် ပြောဆိုမှုအပေါ် ကြိုဆိုကြောင်းနှင့် ပူးပေါင်း ဆောင်ရွက်ရန် အဆင်သင့်ရှိသည်ဟု AA နှင့် TNLA မှ ပြောရေး ဆိုခွင့်ရှိ သူများက ပြောသည်။
တပ်နှင့် ညှိနှိုင်းရအခက်ဆုံး လုံခြုံရေးဆိုင်ရာပြုပြင်ပြေင်းလဲရေးမူဝါဒကိစ္စ အလုပ်ရုံဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင်များပြုလုပ်နေ
တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအကြား ဆွေးနွေးညှိနှိုင်းရန် အခက်အခဲ ဆုံးဖြစ်သော SSR/DDR ခေါ် လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ မူဝါဒနှင့် ပတ်သက်၍ အလုပ်ရုံ ဆွေးနွေးပွဲကို တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများက ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပနေသည်။
ကမ္ဘောဇဘဏ်နှင့် UPI ကတ်ကုမ္ပဏီတို့ ပူးပေါင်း၍ Co-branded ကတ်များ ထုတ်မည်
ကမ္ဘောဇဘဏ်နှင့် တရုတ်နိုင်ငံ အခြေစိုက် UnionPay International (UPI) ကတ်ကုမ္ပဏီတို့ ပူးပေါင်း၍ စက်တင်ဘာလဆန်းပိုင်းတွင် ပြည်တွင်း ပြည်ပသုံး Co-branded ကတ်များ ထုတ်မည်ဖြစ်ကြောင်း ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
စစ်တပ် စိတ်ကြိုက်ရေးသည့် ထိုင်းအခြေခံဥပဒေ အတည်ဖြစ်ပြီ
ထိုင်းနိုင်ငံရေးတွင် အာဏာသိမ်းစစ်တပ်မှ ခန့်အပ်သည့် ကော်မတီက ရေးသားသည့် အခြေခံဥပဒေမူကြမ်းမှာ လူထုဆန္ဒ ခံယူပွဲတွင် ထောက်ခံသူ များသဖြင့် အတည်ပြုနိုင်ခဲ့ကြောင်း BBC သတင်းက ဖော်ပြသည်။
အရည်အသွေးမြင့်ပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ပိုမိုကောင်းမွန်သည့် ရာထူးတိုးမြှင့်ရေးအစီအစဉ်များ ဆက်လက်စီစဉ်ဆောင်ရွက်လျက်ရှိ
ကျေးလက်ဒေသ အခြေခံပညာ ကျောင်းများတွင် တာဝန်ထမ်းဆောင်နေသည့် ပညာရေးဝန်ထမ်းများ၏ ဝန်ထမ်းအိမ်ရာများကို ပြည်ထောင်စုအစိုးရဘတ်ဂျက်ဖြင့် ဆောက်လုပ်ပေး ရန်လိုအပ်ကြောင်းနှင့် အကယ်၍ တစ်နိုင်ငံလုံးအတိုင်း