Pages

11.8.16

မြန်မာနိုင်ငံမှာ hybrid power လျှပ်စစ်စွမ်းအင် စနစ်တွေကို ဆွီဒင် ကုမ္ပဏီ Flexenclosure နဲ့ မလေးရှား OCK က ထောက်ပံ့ဖြည့်ဆည်းပေးမည်


မြန်မာနိုင်ငံအနှံ့ ပေါင်းစပ်လျှပ်စစ်စွမ်းအင် hybrid power ထုတ်လုပ်မယ့်စနစ်
၈၀ ထူထောင်ဖို့အတွက် ဆွီဒင်အခြေစိုက် hybrid power systems ကုမ္ပဏီ Flexenclosure က ထောက်ပံ့ဖြည့်ဆည်းပေးသွားမှာဖြစ်တယ်လို့ သိရ ပါတယ်။

တအာင်း၊ ကိုးကန့်၊ AA သုံးဖွဲ့ နှင့် အစိုးရကိုယ်စားလှယ်များ သဘောတူညီမှုမရခဲ့

ရက္ခိုင်တပ်မတော်(AA)၊ တအာင်းလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ကိုးကန့်တပ်မတော်(MNDAA)နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဌ ဦးသိန်းဇော်ဦးဆောင်သော အဖွဲ့တို့ သြဂုတ်လ ၉ ရက်က တွေ့ဆုံဆွေးနွေးမှုတွင် နှစ်ဖက် သဘောတူညီမှု မရခဲ့ကြောင်း TNLA မှ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး မိုင်ဘုန်းကျော်က ပြောသည်။

သမ္မတအိုဘားမားက အိုင်အက်စ်အဖွဲ့ကို ထူထောင်ခဲ့သူဖြစ်ကြောင်း ဒေါ်နယ်ထရန့်စွပ်စွဲ


ရီပါလဘစ်ကန်ပါတီသမ္မတလောင်း ဒေါ်နယ်ထရန့်က သမ္မတဘားရက်အိုဘားမားသည် အိုင်အက်စ်စစ်သွေးကြွ အဖွဲ့ကို ထူထောင်ခဲ့သူဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။ ဖလော်ရီဒါပြည်နယ်၊ ဖော့လူဒါဒယ်မြို့ရှိ သူ့ကို ထောက်ခံသူ လူအုပ်ကြီးကို ထရန့်က ဂျီဟတ်အုပ်စုသည် သမ္မတအိုဘားမားကို သစ္စာတော်ခံနေကြောင်း ပြောကြားလိုက်ခြင်းဇြစ်သည်။ 

အစိုးရသစ်လက်ထက် ပထမဆုံးလေးလတွင် ကုန်သွယ်မှုလိုငွေဒေါ်လာ ၁ဒသမ ၅ဘီလီယံကျော်ရှိ

အစိုးရသစ်လက်ထက် ယခုဘဏ္ဍာနှစ်အစ ဧပြီမှ ဇူလိုင် လအထိ လေးလတာကာလအ တွင်း ကုန်သွယ်မှုပမာဏအမေရိ ကန်ဒေါ်လာ ၈ဘီလီယံရှိပြီး ကုန် သွယ်မှုလိုငွေဒေါ်လာ ၁ဒသမ၅ ဘီလီယံကျော်ရှိကြောင်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။

၂၁ရာစု ပင်လုံညီလာခံသို့ ရွေးကောက်ပွဲမနိုင်သော နိုင်ငံရေးပါတီများမှ ငါးဦးတက်ရောက်ခွင့်ပြုမည်

၂၁ရာစု ပင်လုံညီလာခံအစည်းအဝေးသို့ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်တစ်နေရာမှ အနိုင်ရခြင်းမရှိသော နိုင်ငံရေးပါတီများအတွက် ကိုယ်စားပြု ငါးဦး တက်ရောက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံအကြိုပြင်ဆင်ရေးဆပ်ကော်မတီ(၁)ထံမှ သိရသည်။

မြို့နယ်ဖွံဖြိုးရေးလုပ်ငန်းများအတွက် ကျပ်သိန်းတစ်ထောင် စတင်သုံးစွဲခွင့်ပြု


မြို့နယ်ဖွံဖြိုးရေးလုပ်ငန်းများ အကောင်ထည်ဖော်ဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော် ဖွံဖြိုးရေးလုပ်ငန်း ဗဟိုကော်မတီက ကျပ်သိန်းတစ်ထောင် စတင်သုံးစွဲခွင့်ပြုကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။