Pages

24.8.16

ပြည်ပလုပ်သား ခေါ်ယူမည့် ထိုင်းအေဂျင်စီများ ဘတ် ငါးသန်း အာမခံကြေး ထားရန် ထိုင်းအစိုးရ စီစဉ်

ထိုင်းနိုင်ငံ၏ လုပ်သား လိုအပ်ချက်အတွက် ပြည်ပ အလုပ်သမားများ ရရှိရန် အလုပ် ရှာပေးသည့် ထိုင်းအေဂျင်စီများကို ဘတ်ငွေ ငါးသန်း အာမခံကြေး ထားရှိရန်နှင့် အလုပ်ခေါ်မည့် ထိုင်းလုပ်ငန်းရှင်များကို ဘတ်ငွေ တစ်သန်း ထားရှိရန် ထိုင်း အစိုးရက စီစဉ်နေကြောင်း ထိုင်းနိုင်ငံသို့ အလုပ်သမား စေလွှတ်နေသည့် မြန်မာ  ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများထံမှ စုံစမ်း သိရှိရသည်။

မန္တလေး စည်ပင်နယ်နိမိတ်အတွင်းရှိ ခွင့်ပြုချက်မဲ့ ဆောက်လုပ်သည့် အဆောက်အအုံ ၁၀ လုံးဖြိုဖျက်

လူနေထူထပ်မှု မြင့်မားလာသည့် မန္တလေးမြို့တော်၏ စည်ပင်သာယာရေး နယ်မိတ်အတွင်း ခွင့်ပြုချက်မဲ့ ဆောက်လုပ်ထားသည့် အထပ်မြင့် (အာရ်စီ) အဆောက်အအုံ ၁၀ လုံးကို ဖြိုဖျက်ခဲ့ရကြောင်း အဆိုပါ ကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာနထံမှ သိရသည်။ 

ကမ္ဘာ့​ငွေ​ဈေး၊ ထိုင်းဘတ်​​ငွေ​ဈေး မြင့်​တက်​ခြင်းနှင့်​ ထိုင်းနိုင်​ငံအတွင်း ၀ယ်​ယူရခက်​ခဲလာခြင်းေ​ကြာင့်​ မြ၀တီနယ်​စပ်​မှ ကားတင်​သွင်းမှု ယခင်​ထက်​ သိသာစွာ​ လျော့ကျလာ

ကမ္ဘာ့​ငွေ​ဈေး၊ ထိုင်းဘတ်​​ငွေ​ဈေး မြင့်​တက်​ခြင်းနှင့်​ ထိုင်းနိုင်​ငံအတွင်း တင်​သွင်းမည့်​ လိုင်​စင်​နှင့်​ ကိုက်​ညီသည့်​ ​မော်​​တော်ယာဉ်​ ၀ယ်​ယူရ ခက်​ခဲလာခြင်း​ကြာင့်​ မြ၀တီ နယ်​စပ်​မှ ကားတင်​သွင်းမှု ယခင်ထက်​သိသာစွာ ​လျော့ကျလာ​​ကြောင်​ နယ်​စပ်​သွင်းကုန် ​ထုတ်​ကုန် ​လုပ်​ငန်းရှင်​များထံမှ သိရသည်​။

ရန်ကုန်မြို့ရှိ အဓိကလမ်းမကြီး ၂၀ တွင် အများပိုင်ကုမ္ပဏီများ၏ ခရီးသည်တင်ယာဉ်လိုင်းများကိုသာ ပြေးဆွဲခွင့်ပြုတော့မည် ဖြစ်ပြီး လာမည့် နိုဝင်ဘာနှင့် ဒီဇင်ဘာတွင် စတင်မည်

ရန်ကုန်မြို့ရှိ အဓိကမလမ်းမကြီး ၂၀ တွင် အများပိုင်ကုမ္ပဏီများ၏ ခရီးသည်တင် ယာဉ်လိုင်းများကိုသာ ပြေးဆွဲခွင့်ပြုတော့မည်ဖြစ်ပြီး ယင်းအစီအစဉ်ကို နိုဝင်ဘာနှင့် ဒီဇင်ဘာတွင် စတင်မည်ဖြစ်ကြောင်း မထသ (မြို့တွင်း) ဒုဥက္ကဋ္ဌ ဦးမင်းဇော်၏ ပြောကြားချက်အရ သိရသည်။

ပြည်တွင်းရွှေဈေးနှုန်း စံချိန်တင်ဈေးနှုန်းအထိ ဖြစ်ပေါ်ပြီး ကျပ် ၈၆၈၀၀၀ ကျော်အထိ ရောက်ရှိ

နိုင်ငံခြားငွေလဲနှုန်း မြင့်တက်လာသောကြောင့် သြဂုတ် ၂၃ ရက်တွင် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၈၆၈၀၀၀ ကျော်အထိ စံချိန်တင် မြင့်တက်ခဲ့ပြီး သြဂုတ် ၂၂ ရက် အဖွင့်ဈေးနှင့် နှိုင်းယှဉ်ပါက နှစ်ရက်အတွင်း ၁ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ရန်ကုန်မြို့အခြေစိုက် ရွှေဈေးကွက်အတွင်း ရောင်းဝယ်သူများထံမှ သိရသည်။

ဆရာ ဆရာမများအား လစာတိုးပေးနိုင်ရန် စီစဉ်နေကြောင်း ပညာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ပြောကြား

ဆရာ ဆရာမများအား လစာတိုးပေးနိုင်ရန် စီစဉ်နေကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သန်းဦးက ပြောကြားသည်။

၂၁ ရာစုပင်လုံသို့ ရွေးကောက်ပွဲ အနိုင်မရသည့်ပါတီ ၇၀ ကိုယ်စားပြု ကိုယ်စားလှယ်ငါးဦးသာ တက်ရောက်ခွင့်ဆိုသော အစိုးရ၏ သတ်မှတ်ချက်အား လက်မခံကြောင်း ရွေးကောက်ပွဲ အနိုင်မရသည့် တိုင်းရင်းသားပါတီ အများစုပါဝင်သော နိုင်ငံရေးပါတီများ ကြေညာချက်ထုတ်ပြန်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံသို့ ရွေးကောက်ပွဲ အနိုင်မရသည့် ပါတီ ၇၀ ကိုယ်စားပြု ကိုယ်စားလှယ် ငါးဦးသာ တက်ရောက်ခွင့်ပြုသည့် အစိုးရ၏ သတ်မှတ်ချက်အား လက်မခံကြောင်း တိုင်းနှင့် ပြည်နယ် အသီးသီးအခြေစိုက် ရွေးကောက်ပွဲအနိုင်မရသည့် နိုင်ငံရေးပါတီများက ကြေညာချက်ထုတ်ပြန်မှုများ ရှိသည်။

ဝန်ကြီးဌာန ၁၆ ခုမှ အသုံးစရိတ်များ လျှော့ချ၍ ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော် အတည်ပြု

၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်က သြဂုတ် ၂၃ ရက်တွင် အတည်ပြုခဲ့သည်။ အဆိုပါဥပဒေတွင် အစိုးရမှ တင်ပြသည့် နိုင်ငံတော်၏ အသုံးစရိတ် ကျပ် ၂၀၇၃၆ ဘီလျံ မှ ကျပ်ဘီလျံ ၄၇၀ ၀န်းကျင်ကို ဖြတ်တောက်ကာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ခြင်း ဖြစ်သည်။

နှစ်နိုင်ငံစစ်မဲ့ဇုန်နယ်မြေအတွင်း၌ မြေမြှုပ်မိုင်းဗုံးသစ်များကို မြောက်ကိုရီးယားချထားဟုဆို

ကိုရီးယားနှစ်နိုင်ငံကို ပိုင်းခြားထားသော စစ်မဲ့ဇုန်နယ်မြေအတွင်း မြောက်ကိုရီးယားနိုင်ငံက မြေမြှုပ်မိုင်းဗုံးသစ်များကို ချထားကြောင်း တောင်ကိုရီးယားယွန်ဟပ်သတင်းအေဂျင်စီက သြဂုတ် ၂၃ ရက်တွင် ထုတ်ပြန်ကြေညာသည်။