Pages

30.8.16

မြန်မာ့စီးပွားရေးဘဏ် ဘဏ်စရိတ်နှုန်းထားများ ပြောင်းလဲသတ်မှတ်


စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့စီးပွားရေးဘဏ်များတွင် နိုင်ငံတော် ဘဏ်များမှ ကောက်ခံ လျက်ရှိသော

Water Taxi ကို ရွှေပြည်သာမှ ပုဇွန်တောင်ထိ ပြေးဆွဲမည်ဟုဆို

ယာဉ်ကြော ကျပ်တည်းမှုများကို လျှော့ချနိုင်ရန် ကြိုးစားသည့်အနေနှင့် Water Taxi ကို ရွှေပြည်သာမှ ပုဇွန်တောင်မြို့နယ်အထိ ပြေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ထံမှ သိရသည်။

အဆိုပါ Water Taxi ပြေးဆွဲနိုင်ရန် အများပိုင် ကုမ္ပဏီတစ်ခုကို လုပ်ပိုင်ခွင့် ပေးသွားမည်ဖြစ်ပြီး စက်တင်ဘာလအတွင်း တင်ဒါ ခေါ်ယူသွားမည်ဖြစ်ကြောင်း YRTA ထံမှ သိရသည်။

"လှိုင်မြစ်က သွားလို့ရတယ်။ ငမိုးရိပ်ချောင်းက ရေနည်းနည်း တိမ်တဲ့အတွက် အပေါ့စားလှေနဲ့ သွားဖို့ရှိတယ်။ ပြည်တွင်းလုပ်ငန်းနဲ့ ဖက်စပ်လုပ်ငန်းတွေကို စက်တင်ဘာထဲမှာ တင်ဒါခေါ်ဖို့ ရှိပါတယ်။ မကြာခင်မှာ ဆိပ်ကမ်းတွေကို ပြင်ဆင်သွားဖို့ လုပ်မှာပါ"ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ဆိုသည်။

အဆိုပါ Water Taxi ၏ လမ်းကြောင်းမှာ ရွှေပြည်သာ၊ လှိုင်သာယာမှ စတင်ထွက်ခွာမည်ဖြစ်ပြီး မှတ်တိုင်သုံးခု ထားရှိမည်ဖြစ်ကာ ယင်းနေရာများမှ ဘတ်စ်ကားများနှင့် ချိတ်ဆက်နိုင်စေရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

"Water Taxi က ရန်ကုန်မြို့ရဲ့လူထုနဲ့ သိပ်တော့ မရင်းနှီးသေးပါဘူး။တကယ် အောင်မြင်မယ်ဆိုရင်တော့ ယာဉ်ကြောကျပ်တည်းမှုကို အထိုက်အလျောက် ပြေလည်သွားစေနိုင်ပါတယ်"ဟု ယာဉ် ပိုင်ရှင်တစ်ဦးဖြစ်သူ ဦးတရုတ်လေးက ပြောဆိုသည်။

လက်ရှိရန်ကုန်မြို့တော်၏ ယာဉ်ကြောကျပ်တည်းမှု ဖြေရှင်းနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူ 
ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ကို ဇူလိုင်လ ၁၈ ရက်က ဖွဲ့စည်းခဲ့ပြီး စက်တင်ဘာလအတွင်း လက်ရှိ ခရီး သည်တင်ယာဉ်များကို ထိန်းချုပ်ထားသည့် မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု (ဗဟို)ကော်မတီကို ဖျက်သိမ်း၍ အဆိုပါအဖွဲ့က တာဝန်ယူ လုပ်ဆောင်တော့မည် ဖြစ်သည်။
Credit To >>> The Voice Weekly

ဧရာဝတီမြစ်ဝှမ်း ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်း လူမှုစီးပွား အခြေအနေကို သုတေသနပြု လေ့လာမည်


ကမ္ဘာ့ဘဏ်၏ ချေးငွေ အမေရိကန် ဒေါ်လာသန်း တစ်ရာဖြင့် အကောင်အထည်ဖော်မည့် ဧရာဝတီမြစ်ဝှမ်း ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းအတွက် မြစ်ဝှမ်းဒေသရှိ သဘာဝ ဂေဟစနစ်နှင့် လူမှုစီးပွား အခြေအနေတို့ကို သုတေသနပြု လေ့လာမည်ဖြစ်ကြောင်း အဆိုပါ စီမံကိန်း Component 1 Director ဖြစ်သူ ပါမောက္ခ ဒေါက်တာ ခင်နီနီသိန်းက ပြောကြားသည်။

ချင်းတွင်းမြစ်ရေ ရုတ်တရက် အရောင်ပြောင်းခြင်းသည် နန့်စကားချောင်း အတွင်း မိုးများ၍ တောင်ပြိုခြင်းကြောင့်ဟု သိရ


သြဂုတ် ၂၂ ရက်က ခန္တီးမြို့တွင် ချင်းတွင်းမြစ်ရေ အနက်ရောင်ပြောင်း လဲသွားမှုကို ဒေသခံများ စိုးရိမ်နေ သလို ၂၄ ရက်တွင် ဟုမ္မလင်းဒေသခံ များ မြင်တွေ့၍ စိုးရိမ်နေမှုများမှာ ပြီးခဲ့သည့်ရက်ပိုင်းက မိုးရွာသွန်းမှု ယခင်ကထက် များခဲ့သောကြောင့် ခန္တီးမြို့အထက်ပိုင်း လဟယ်အစပ် တွင်ရှိသော နန့်စကားချောင်း တစ်လျှောက် တောင်များပြို၍ မြေ အနက်ရောင် များ ရေနှင့်အတူ ချင်းတွင်းမြစ်ထဲ စီးဆင်းလာသည့်အတွက် မြစ်ရေ မည်းနက်နေခြင်းဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ ဦးဇင်မောင်ထံမှ သိရသည်။