Online ကနေ Visa လျှောက်ထားရတဲ့ eVisa စနစ်နဲ့ ပြည်ပခရီးသွားများကို တာချီလိတ်၊ မြ၀တီနဲ့ ကော့သောင်းနယ်စပ်ဂိတ်များကနေ ၀င်ခွင့်ပြုမယ်လို့ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်းအား ၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကံစမ်းမဲဆန်ဆန် မက်ဆေ့ခ်ျ ၀န်ဆောင်မှုများကို လုံးဝခွင့်ပြုတော့မည် မဟုတ်ကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနက ဆက်သွယ်ရေး အော်ပရေတာ သုံးခုစလုံးသို့ အကြောင်းကြားထားပြီး ဖြစ်ကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။
နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ ကလေးငယ် အများစုသည် အာဟာရ ချို့တဲ့မှု ပြဿနာကို အကြီးမားဆုံး ရင်ဆိုင်နေကြရပြီး ၀က်သက်နှင့် အခြား ကူးစက်ရောဂါများကြောင့် သေဆုံးရခြင်းမှာလည်း အာဟာရ နည်းပါး၍ ကိုယ်ခံအား ကျဆင်းမှုကြောင့် အဓိက ဖြစ်သည်ဟု သိရှိရသည်။
မြစ်ဆုံစီမံကိန်း ဆိုင်းငံ့ထားချိန်မှစပြီး လက်ရှိအချိန်အထိ မြစ်ဆုံစီမံကိန်း စာချုပ်နှင့် ပတ်သက်ပြီး ပြန်လည်စိစစ်ခြင်း၊ အကြံပေးခြင်းတို့ မပြုလုပ်ရသေးကြောင်း ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ စီးပွားရေး စာရွက်စာတမ်း ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာကြည်ကြည်သာအောင်က ပြောကြားသည်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တွင် နိုင်ငံခြားသားသုံးဦး ပါဝင်နေခြင်းသည် ပြည်တွင်းရေးပြဿနာကို နိုင်ငံတကာ ပြဿနာအဖြစ် ဖန်တီးရာရောက်စေသဖြင့် အဆိုပါကော်မရှင်တွင် ပြည်တွင်းမှ တတ်သိပညာရှင်များဖြင့်သာ ပါဝင်ဖွဲ့စည်းသင့်ကြောင်း အစိုးရအားတိုက်တွန်းသည့် အရေးကြီးအဆိုကို လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဇံက ပြည်သူ့လွှတ်တော်၌ တင်သွင်းသည်။
(၂၁) ရာစု ပင်လုံညီလာခံ စတင်သည့်နေ့တွင် နှစ်ဖက်တပ်များမှ တရားဝင် အပစ်အခတ် ရပ်စဲရေးအား ကြေညာပေးရန် အရပ်ဘက် အဖွဲ့အစည်း ၁၁၃ ဖွဲ့မှ သြဂုတ် ၃၀ ရက်တွင် သဘောထား ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။