
၂၀၁၇ ခုနှစ် ဇူလိုင်လကုန်အထိ မြန်မာနိုင်ငံ၏ အိမ်ရာအဆောက်အအုံ ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၂၂ ခုကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုပေးခဲ့ရာ စင်ကာပူက စီမံကိန်း ၁၇ ခုမှ တန်ဖိုး ဒေါ်လာ ၁ ဒသမ ၅ ဘီလျံကျော်ဖြင့် အများဆုံး လုပ်ကိုင်ခွင့် ရရှိထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။