Pages

15.9.16

အစိုးရက ရွှေကြွေးကျန်ကုမ္ပဏီတွေကို တရားစွဲဆိုအရေးယူနေ

နိုင်ငံတော်သို့ ပေးသွင်းဖို့ ရွှေစင်များ ကျန်ရှိနေတဲ့ ကုမ္ပဏီတွေကိုတရားစွဲဆိုမှုတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမှတ် (၂) သတ္တုတွင်းလုပ်ငန်းက သိရပါတယ်။

အမေရိကန် ဗဟိုဘဏ်ရဲ့အတိုးနှုန်းတိုးမတိုးဆုံးဖြတ်တော့မယ့်အချိန် ဒေါ်လာဈေး အားကောင်းနေလျက်ရှိ

အမေရိကန် ငွေကြေးဒေါ်လာဈေးနှုန်းဟာ ငွေလဲလှယ်မှုဈေးကွက်မှာအားကောင်းနေပါတယ်။ လာမယ့်သီတင်းပတ် အတိုးနှုန်း မူဝါဒ သုံးသပ်မယ့် အစည်းအဝေးတစ်ခု အမေရိကန် ဗဟိုဘဏ်က တွေ့ဆုံဆွေးနွေးဖို့ ရှိနေပြီး
ဈေးကွက်ထဲမှာ စောင့်ဆိုင်းမျှော်လင့်မှုတွေ ရှိနေလျက်ရှိပါတယ်။

ရခိုင်ကော်မရှင်ကို အသိအမှတ်မပြုကြောင်း ရခိုင်ပြည်နယ်လွှတ်တော်အတည်ပြု

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်သည် ရခိုင်ပြည်နယ်ရှိ ရခိုင်အပါအ၀င် တိုင်းရင်းသား၊ နိုင်ငံသားများ၏ သဘောတူညီချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်းမဟုတ်၍ ကော်မရှင်၏ဖွဲ့စည်းဖြစ်တည်မှုနှင့် လုပ်ဆောင်ချက်များအားလုံးကို အသိအမှတ်မပြုသင့်ကြောင်း အရေးကြီးအဆိုကို ရခိုင်ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်သည်ဟု သတင်းရရှိသည်။

မွန်ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှုများ ကမ်းလှမ်းလာသော်လည်း မည်သည့်စီမံကိန်းကိုမျှ လုပ်ကိုင်ခွင့်မပြုသေး

မွန် ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ပြည်တွင်း၊ ပြည်ပမှ စီးပွား ရေးလုပ်ငန်းရှင်များ မွန်ပြည်နယ် အစိုးရအဖွဲ့ထံ လာရောက်တွေ့ဆုံ မှုများရှိခဲ့သော်လည်း ယနေ့အချိန်အ ထိ မည်သည့်စီမံကိန်းကိုမျှ လုပ်ကိုင် ခွင့်မပြုသေးကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဌာနထံမှ သိရှိရသည်။

မြင့်တက်နေသော ငွေကြေးဖောင်းပွမှုနှုန်းအား လျှော့ချထိန်းချုပ်နိုင်ရေး ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် နှစ်ရာခိုင်နှုန်းမှ လေးရာခိုင်နှုန်းကြားရှိရန် ခန့်မှန်းထား

ငွေကြေးဖောင်းပွမှုနှုန်းအား လျှော့ချထိန်းချုပ်နိုင်ရေး ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် နှစ်ရာခိုင်နှုန်းမှ လေးရာခိုင်နှုန်းကြားရှိရန် ခန့်မှန်းထားကြောင်း အမျိုးသား ဖွံ့ဖြိုးတိုးတက်မှု ဒုတိယ ကာလတို ငါးနှစ်စီမံကိန်းတွင် ဖော်ပြထားချက်အရ သိရသည်။

ကမ္ဘာတစ်ဝန်း ယခုနှစ်အတွင်း တိုက်ခတ်သော မုန်တိုင်းများအနက် အင်အားအကြီးဆုံးဖြစ်ဖွယ်ရှိသည့် ဆူပါတိုင်ဖုန်း မီရန်တီ တရုတ်(တိုင်ပေ)တွင် တိုက်ခတ်


ဆူပါတိုင်ဖုန်းမီရန်တီသည် စက်တင် ဘာ ၁၄ ရက်က တရုတ်(တိုင်ပေ)တွင် တိုက်ခတ်ခဲ့ရာ လူနေအိမ်ခြေ ငါးသိန်းကျော် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ရပြီး လူငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါ ဆူပါ တိုင်ဖုန်းသည် ယခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း၌ တိုက်ခတ်သော မုန်တိုင်းများအနက် အင်အားအကြီးမားဆုံး ဖြစ်ဖွယ်ရှိကြောင်း ယနေ့ ဆင်ဟွာသတင်းတွင် ဖော်ပြသည်။

မြန်မာနိုင်ငံအောက်ပိုင်းတွင် မိုးပိုလာနိုင်

ကပ္ပလီပင်လယ်ပြင်နှင့်‌ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားနည်းနေပါသည်။

မြန်မာလူ့အခွင့်အရေး အခြေအနေ ကန်လွှတ်တော်အမတ်တွေ စိုးရိမ်နေဆဲ


မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေးဒဏ်ခတ်မှုတွေကို အမေရိကန်ပြည်ထောင်စုက ရုပ်သိမ်းပေးမယ်လို့ ကြေညာခဲ့ပြီးနောက်ပိုင်း - မြန်မာနိုင်ငံ အရေး အမေရိကန်အောက်လွှတ်တော်အမတ်များအဖွဲ့ ခေါင်းဆောင်တွေဖြစ်ကြတဲ့ New York ပြည်နယ် ဒီမိုကရက်ပါတီ အောက်လွှတ်တော်အမတ် Joe Crowley နဲ့ Ohio ပြည်နယ် ရီပတ်ဘလစ်ကန်ပါတီ အောက်လွှတ်တော်အမတ် Steve Chabot တို့က ကြေညာချက် ထုတ်ပြန်ခဲ့ကြပါတယ်။