Pages
(Move to ...)
▼
22.9.16
ဗဟိုဘဏ် ရည်ညွှန်းနှုန်း ဆက်လက် မတိုးမြှင့်ခဲ့သော စက်တင်ဘာ ၂၁ ရက်တွင် နိုင်ငံခြား ငွေလဲနှုန်း တစ်ဒေါ်လာ ၁၂၅၁ ကျပ်အထိ ပြန်လည်ကျဆင်း
ဗဟိုဘဏ်ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်း ဆက်လက် မတိုးမြှင့်ခဲ့သော စက်တင်ဘာ ၂၁ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၂၅၁ ကျပ်အထိ ပြန်လည်ကျဆင်းခဲ့ကြောင်း နိုင်ငံခြားငွေကြေး ဈေးကွက်အတွင်း အရောင်းအ၀ယ် ပြုလုပ်သူများထံမှ သိရသည်။
ပွင့်လင်းရာသီနီးကပ်လာချိန် ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ ပြန်လည်အသက်ဝင်လာနေ
ပြည်တွင်းကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ပြန်လည်
အသက်ဝင်လာနေပြီလို့ မြန်မာနိုင်ငံအဝေးပြေး ကုန်စည်ပို့
ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များ အသင်းထံကသိရပါတယ်။
NLD အစိုးရသစ်လက်ထက်တွင် ၂၀၀၈ အခြေခံဥပဒေကို လိုရာဆွဲအသုံးပြုခဲ့ဟု တပ်မတော်ဝေဖန်
အစိုးရသစ်လက်ထက် လွှတ်တော်တွင် ဥပဒေကြမ်းများကို ပြဋ္ဌာန်းခြင်း ရုတ်သိမ်းခြင်း များ ပြုလုပ်ရာတွင် ဥပဒေပြုရေး တာဝန်ရှိသူများသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုရာဆွဲအသုံးပြုခဲ့သည်ဟု တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးမြင့်မောင်က စက်တင်ဘာ ၂၀ ရက်လွှတ်တော်အစည်းအဝေးတွင် ပြောဆိုခဲ့သည်။
လူ့အခွင်အရေးကော်မရှင်မှ တာဝန်ရှိသူများအား မှုခင်းထိန်ချန်မှုဖြင့် တရားစွဲဆိုသွားရန်ရှိ ဟုဆို
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ တာဝန်ရှိသူများအား ရာဇ၀တ်ကြောင်းဖြင့် မှုခင်းထိန်ချန်မှု အပါအ၀င် တရားစွဲဆိုသွားရန်ရှိကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် (HYGIENIC LEGAL CLINIC) မှ စက်တင်ဘာလ ၂၂ရက်က The Ladies သို့ပြောသည်။
ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ အွန်လိုင်းမှတစ်ဆင့် အမြန်ဆုံးဆောင်ရွက်နိုင်မည့် မြန်မာအလိုအလျောက်ကုန်ပစ္စည်းရှင်းလင်းရေးစနစ် စတင်
ပြည်သူက ရွေးချယ်တင်မြှောက်လိုက်သည့် ဒီမိုကရေစီအစိုးရအနေဖြင့် ပြည်သူလူထု၏ အကျိုးစီးပွား၊
ပျက်စီးမှုများကြီးမားစွာဖြစ်ပေါ်နေသည့် ချင်းပြည်နယ်လမ်းများကို ကမ္ဘာ့ဘဏ်ချေးငွေဖြင့် အဆင့်မြှင့်တင်ဆောင်ရွက်မည်
ယခု မိုးရာသီကာလက အပျက်အစီးကြီး မားစွာ ဖြစ်ပေါ်ခဲ့သည့် ချင်းပြည် နယ်အတွင်းရှိလမ်းများ ကို ကမ္ဘာ့ ဘဏ်၏ ချေးငွေအကူအညီဖြင့် လာမည့်ပွင့်လင်းရာသီတွင် ပြန်
လည်ပြုပြင်၍ အဆင့်မြှင့်တင်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း
ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန် ကြီး၊ ဦးရွှေထီးယိုက ပြောသည်။
မိုးလွန်ကာလ ဘင်္ဂလားပင်လယ်အော်၌ ဆိုင်ကလုန်းမုန်တိုင်း သုံးကြိမ်ဖြစ်နိုင်
မိုးနှောင်းကာလအလွန် အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် ဘင်္ဂလားပင်လယ်အော်၌ ဆိုင်ကလုန်းမုန်တိုင်း သုံးကြိမ်ခန့်ဖြစ်နိုင်သည့်အတွက် မုန်တိုင်းအန္တရာယ်ကို သတိပြုရန်လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။
နယ်သာလန်နှင့် ဘယ်လ်ဂျီယံ ကုမ္ပဏီနှစ်ခုပူးပေါင်း၍ကြက်မွေးမြူရေးတွင် ဒေါ်လာ ၁၀ သန်းကျော် ရင်းနှီးမြှုပ်နှံမည်
နယ်သာလန်နှင့် ဘယ်လ် ဂျီယံနိုင်ငံမှ ကုမ္ပဏီနှစ်ခုပူးပေါင်း ပြီး မြန်မာနိုင်ငံတွင် ကြက်ပေါက် အကောင်ရေ ၁၂ သန်းနှစ်စဉ်ထုတ် လုပ်ရန် အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၅ သန်း ရင်းနှီးမြှုပ်နှံမည်ဖြစ် ကြောင်း မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်မှ သတင်းရရှိသည်။
ကန်ဒေါ်လာလဲနှုန်း အမြင့်ဈေးတွင်သာ ရပ်တည်
ဘဏ်နှင့် ငွေကြေးအဖွဲ့ အစည်းအချို့က ပြင်ပဈေးကွက် တွင် ၀င်ရောက် ဈေးကစားမှု ကြောင့် အမေရိကန် ဒေါ်လာတန်ဖိုး ဆက်တိုက်မြင့်တက်လာ ကြောင်း သတင်းရရှိသည်။
‹
›
Home
View web version