Pages
▼
27.9.16
ကန်သံအမတ်ကြီး ကချင် ခရီးစဉ်တွင် စစ်ပြေးဒုက္ခသည် အရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို တင်ပြခဲ့ဟုဆို

ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ပထမဆုံး အကြိမ်အဖြစ် ရောက်ရှိနေသော အမေရိကန် သံအမတ်ကြီး Scot Marciel အား လက်ရှိ ကချင်ပြည်နယ်တွင် လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများနှင့် ပတ်သက်၍ တင်ပြခဲ့သည်ဟု မြစ်ကြီးနား မြို့မှ ကချင်အဖွဲ့ တစ်ခုဖြစ်သော (Myu sha zin lum)မှ တာဝန်ခံ ဦးဇော်ဂျတ်က ပြောသည်။
အလုပ်သမား ဥပဒေများ ပြန်လည် ပြင်ဆင်ရန် အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား ကိုယ်စားလှယ်များ ဆွေးနွေးမည်
အလုပ်သမားဆိုင်ရာ ဥပဒေများအပေါ် ပြန်လည် ပြင်ဆင်ရန်နှင့် အလုပ်သမားများ စွမ်းဆောင်ရည် မြှင့်တင်ခြင်းများ ပြုလုပ်ရန် အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား ကိုယ်စာလှယ်များ တွေ့ဆုံဆွေးနွေးကာ ဖိုရမ် ကျင်းပမည်ဖြစ်ကြောင်း အလုပ်သမားရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများထံမှ သိရသည်။
လူ့အခွင့်အရေး ကော်မရှင်ပါ အဖွဲ့ဝင်အချို့ကို ထိရောက်စွာ အရေးယူရန် လွှတ်တော်အတည်ပြု
လူ့အခွင့်အရေးကို အကာအကွယ် မပေးသည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်အချို့ကို ထိရောက်စွာ အရေးယူရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ယနေ့ (စက်တင်ဘာ ၂၆ ရက်) ကျင်းပသော ပြည်သူ့လွှတ်တော်တွင် အတည်ပြုလိုက်သည်။
မြိတ်ကျွန်းစု ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး ပြည်တွင်းလုပ်ငန်းရှင်များသာ ဦးစားပေး လုပ်ကိုင်စေမည်
တနင်္သာရီတိုင်းဒေသ ကြီးရှိ မြိတ်ကျွန်းစုများ၌ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေ ရေး ဆောင်ရွက်ရာတွင် အိမ်နီး ချင်းနိုင်ငံရှိ ကုမ္ပဏီအချို့က ကမ်း လှမ်းမှုရှိသော်လည်း ပြည်တွင်းရှိ တိုင်းရင်းသား လုပ်ငန်းရှင်များ သာ ဦးစားပေးဆောင်ရွက်စေမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးအုန်းမောင်က ပြော ကြားသည်။
မြောက်ကိုရီးယားတွင် ပထမဆုံးအကြိမ် လေကြောင်းစွမ်းရည် ပြပွဲတစ်ခု ကျင်းပ

ပုံမှန်အားဖြင့် မြောက်ကိုရီးယားသည် ၎င်းတို့၏ စစ်လက်နက် စွမ်းရည်နှင့် ပတ်သက်၍ သိုဝှက်စွာ ပြုမူလှုပ်ရှားတတ်သည့် နိုင်ငံတစ်ခု ဖြစ်သည်။ သို့သော် ပြီးခဲ့သည့် သီတင်းပတ်ကုန်ကမူ အာရှတိုက် အရှေ့မြောက်ပိုင်းရှိ အထီးကျန် ကွန်မြူနစ် နိုင်ငံတွင် ပထမဆုံးအကြိမ် နိုင်ငံတကာ လေကြောင်းပြပွဲ တစ်ရပ်ကို ကျင်းပပြီး တိုက်လေယာဉ်များ၊ အခြားစစ်သုံးလေယာဉ်များကို ခင်းကျင်းပြသသွားခဲ့သည်။