တရုတ်နိုင်ငံ နန်နင်းမြို့ အခြေစိုက် ကုမ္ပဏီ တစ်ခုက မြန်မာနိုင်ငံမှ သရက်သီးခြောက် တန်ချိန် ၃,၀၀၀ ဝယ်ယူရန် ကမ်း လှမ်းထားကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်း (MFVP)မှ သတင်းရရှိသည်။
Pages
▼
30.9.16
သိုင်းချောင်း သစ်ထုတ်လုပ်ရေးစခန်းကို သဘာဝ အခြေခံခရီးသွားလုပ်ငန်း ဖွင့်လှစ်ရန် ပြင်ဆင်


ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် သာဂရ-ကိုးပင်လမ်းခွဲ အနီးတွင် ရိုးမသစ် ထုတ်လုပ်သည့် လုပ်ငန်းတစ်ခု ဖြစ်သည့် သိုင်းချောင်း သစ်ထုတ်လုပ်ရေးစခန်းကို သဘာဝ အခြေခံခရီးသွားလာရေး လုပ်ငန်း ဖွင့်လှစ်ရန် ယခုနှစ် သြဂုတ်လမှ စတင်ကာ ပြင်ဆင်နေကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနထံမှ စုံစမ်းသိရှိရသည်။
ဝါကျွတ်တော့မည်ဖြစ်သောကြောင့် မန္တလေးတွင် အိမ်ခြံမြေအငှားဈေးကွက် စတင်လှုပ်ရှားလာပြီး ဈေးနှုန်းများ ၂၅ ရာခိုင်နှုန်းအထိမြင့်တက်လာ

မန္တလေး မြို့ အိမ်ခြံမြေဈေးကွက်အတွင်း ၀ါ ကျွတ် ကာလသို့ရောက်ရှိတော့မည် ဖြစ်သောကြောင့် အရောင်းအ၀ယ် ထက် အိမ်ငှားရမ်းမှုများ ပိုမိုသွက် လက်လှုပ်ရှားလာပြီး အငှားဈေးနှုန်း များမှာ ယခင်နှစ်က ထက် ၂၅ ရာ ခိုင်နှုန်းအထိမြင့်တက်လာကြောင်း အိမ်ခြံမြေ အကျိုးတော်ဆောင်လုပ်ငန်း များမှသိရသည်။
နယ်စပ်ကုန်သွယ်ရေးတွင် ယခင်နှစ်အလားတူကာလထက် အမေရိကန်ဒေါ်လာသန်း ၂၀၀ နီးပါး ပိုမိုတင်ပို့နိုင်ခဲ့

လက် ရှိဘဏ္ဍာနှစ် စက်တင်ဘာလအထိ နယ်စပ်ကုန်သွယ်ရေးပိုင်းတွင် ယခင်နှစ်အလား တူကာလထက် အမေရိကန်ဒေါ်လာသန်း ၂၀၀ နီးပါး ပိုမိုတင်ပို့ထားကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ သိရသည်။