Pages

3.10.16

ငါးလအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာသန်း ၇၀၀ ခန့်ရှိ

ယခုဘဏ္ဍာနှစ်အစ ဧပြီ မှ သြဂုတ်လကုန်အထိ ပြည်ပနိုင် ငံများ၏ရင်းနှီးမြှုပ်နှံမှုမှာ ကန်ဒေါ် လာ သန်း ၇၀၀ ခန့်အထိရှိကြောင်းမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မ ရှင်မှ သတင်းရရှိသည်။

တနင်္သာရီတိုင်းဒေသကြီး အတွင်းသို့ ၂၀၁၆ ခုနှစ် သြဂုတ်လကုန်အထိ ရှစ်လအတွင်း ပြည်တွင်းခရီးသွား ၀င်ရောက်မှု ယခင်နှစ်ထက်ကျော်လွန်

တနင်္သာရီတိုင်းဒေသကြီး အတွင်းသို့ ပြည်တွင်းပြည်ပ ခရီးသွား ၀င်ရောက်မှု နှစ်စဉ်မြင့်တက်နေပြီး ၂၀၁၆ ခုနှစ် သြဂုတ်လကုန်အထိ ရှစ်လအတွင်း ပြည်တွင်းခရီးသွား ၀င်ရောက်မှုမှာ ယခင်တစ်နှစ်လုံး ၀င်ရောက်ခဲ့သည့် အရေအတွက် ထက်ကျော်လွန်နေပြီ ဖြစ်ကြောင်း တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေး ဦးစီးဌာနမှ သိရသည်။

ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ သဘောထားမှတ်ချက်အပေါ် မူတည်၍ လူ့အခွင့်အရေး ကော်မရှင်အား အရေးယူမည်ဟု သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကို ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ သဘောထားမှတ်ချက်အပေါ် မူတည်ပြီး အရေးယူမည်ဟု သမ္မတရုံး ၀န်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

နိုင်ငံတကာလေကြောင်းသယ်ယူပို့ဆောင်ရေးအသင်း IATA ကတစ်ကမ္ဘာလုံးမှာ လေယာဉ်စီးခရီးသွားတွေရဲ့ အပြုအမူတွေ ပိုမို ဆိုးရွားလာဟုဆို


ယမန်နှစ် ၂၀၁၅ ခုနှစ်တုန်းက လေယာဉ်စီးခရီးသွားတွေ လေယာဉ်ပေါ်မှာပြဿနာရှာတဲ့ဖြစ်စဉ်အရေအတွက် တော်တော်များပြားခဲ့တယ်လို့ နိုင်ငံတကာလေကြောင်းလုပ်ငန်းအသိုင်းအ၀ိုင်းက ပြောကြားပါတယ်။

မြန်မာနဲ့ပါကစ္စတန်က ဓါတ်အားစီမံကိန်းတွေအတွက် တရုတ် AIIB ဘဏ်က ချေးငွေဒေါ်လာသန်း ၃၂၀ ချပေး

မြန်မာနဲ့ ပါကစ္စတန်နိုင်ငံတွေမှာ လျှပ်စစ်ဓါတ်အားလိုအပ်ချက်ရှိနေတဲ့ပြဿနာကို ကူညီဖြေရှင်းပေးနိုင်ဖို့ ချေးငွေစုစုပေါင်း ဒေါ်လာသန်း ၃၂၀ ချထားပေးမယ်လို့ တရုတ်ဦးဆောင်တဲ့ အာရှအခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ် AIIB က အတည်ပြုပေးလိုက်ပါတယ်။

Brexit ဆန္ဒမဲခံယူပွဲနောက်ပိုင်း ဥရောပကကားဝယ်သူတွေ ဗြိတိန်ထုတ်ကားတွေ ၀ယ်ယူလိုမှုကျဆင်း

ဥရောပသမဂ္ဂ-အီးယူကနေ နှုတ်ထွက်ဖို့ ဗြိတိန်တို့ရဲ့ မဲခွဲဆုံးဖြတ်မှုရလဒ်ထွက်ပေါ်ပြီးနောက်ပိုင်းကတည်းက ယင်းဒေသကကားဝယ်သူတွေဟာ ဗြိတိန်ထုတ်ကားတွေဆိုရင် မ၀ယ်ချင်ကြတော့ဘဲ ရှောင်ဖယ်လိုနေပြီဖြစ်တယ်လို့ Jaguar Land Rover ကုမ္ပဏီက ထုတ်ဖော်ငြီးတွားသွားပါတယ်။