Pages
(Move to ...)
▼
6.10.16
လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များကို ရာထူးမှ နုတ်ထွက်ခွင့်ပြု
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များကို ယင်းတို့၏ သဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခွင့် ပြုလိုက်ကြောင်း ယနေ့ (အောက်တိုဘာ ၆ ရက်) ရက်စွဲဖြင့် သမ္မတရုံးက ထုတ်ပြန်ကြေညာလိုက်သည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်၏ အတည်ပြုချက်အတိုင်း အတည်ပြု
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၄၃) ရက် မြောက်နေ့ကို ယနေ့ နံနက်ပိုင်းတွင်ကျင်းပ
မြန်မာ့အထည်ချုပ် လုပ်ငန်းများ အမေရိကန်ထံမှ GSP ရမည် မဟုတ်သော်လည်း အီးယူနှင့် ဂျပန်တို့က အော်ဒါမှာယူမှု မြင့်တက်နေသဖြင့် ယခုနှစ်တွင် အထည်ချုပ် တင်ပို့မှုမှ ဒေါ်လာ ၂ ဒသမ ၁ ဘီလျံအထိ ရရှိရန် မျှော်မှန်းထား
မြန်မာ့အထည်ချုပ် လုပ်ငန်းများ အမေရိကန်ထံမှ GSP (ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး) ရှိမည် မဟုတ်သော်လည်း အီးယူနှင့် ဂျပန်နိုင်ငံတို့မှ အော်ဒါမှာယူမှု မြင့်တက်နေသဖြင့် ယခုနှစ်တွင် အထည်ချုပ် တင်ပို့မှုမှ ဒေါ်လာ ၂ ဒသမ ၁ ဘီလျံအထိ ရရှိရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ သိရသည်။
ဒေါ်လာဈေးနှင့်အပြိုင် ထိုင်းဘတ်ငွေဈေး စံချိန်တင် မြင့်တက်လာခြင်းကြောင့် မြန်မာကုန်သည်များ အရှုံးပေါ်နေ
ကမ္ဘာ့ငွေကြေးဈေးကွက်တွင် ဒေါ်လာဈေးနှင့်အပြိုင် ထိုင်းဘတ်ငွေဈေး ဆယ်စုနှစ်တစ်ခုအတွင်း စံချိန်တင် မြင့်တက်လာခြင်းကြောင့် မြန်မာကုန်သည်များ အရှုံးပေါ်နေပြီး ပြည်တွင်းစားသုံးမှု ဈေးကွက်ကို ထိခိုက်လျက်ရှိကြောင်း မြ၀တီမြို့ ဈေးကွက်ရပ်ဝန်း အတွင်းက သိရသည်။
တရုတ်ကုမ္ပဏီတစ်ခုနှင့် မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီနှစ်ခု ပူးပေါင်းဆောင်ရွက်နေသည့် မအူပင် စက်မှုဇုန် စီမံကိန်းမှာ တရုတ်ကုမ္ပဏီဘက်က မူလမြေပိုင်ရှင် တောင်သူများကို ကတိပေးထားသည့်အတိုင်း လုပ်ငန်းများ လုပ်ဆောင်ပေးရန် နှောင့်နှေးနေကြောင်း သိရ
မအူပင်မြို့ ညောင်ဝိုင်းကျေးရွာအုပ်စုနှင့် ပံတပွတ်ကျေးရွာအုပ်စု အနီးရှိ လယ်ယာမြေဧရိယာ ၂၈၃ ဒသမ ၄၁ ဧကတွင်
ပြည်ပတင်ပို့မှုနည်းပြီး ပြည်တွင်းလက်ကျန် များနေသဖြင့် မိုးစပါးအသစ် စတင်ပေါ်လာချိန်၌ စပါးဈေး ကျဆင်းနေ
၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ် လက်ရှိအချိန်အထိ ပြည်ပတင်ပို့မှုနည်းပြီး ပြည်တွင်း၌ လက်ကျန်များနေသဖြင့် ယခုနှစ် မိုးစပါးအသစ် စတင်ပေါ်လာချိန်တွင် စပါးဈေး ကျဆင်းနေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။
ငွေကြေးဖောင်းပွမှုနှုန်း ဆက်လက် မြင့်တက်ပါက ရင်းနှီးမြှုပ်နှံမှုများ နည်းပါးသွားနိုင်ကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေးပညာရှင် ပြောကြား
ငွေကြေးဖောင်းပွမှုနှုန်း ဆက်လက်မြင့်တက်ပါက ရင်းနှီးမြှုပ်နှံမှုများ နည်းပါးသွားနိုင်ကြောင်း အောက်တိုဘာ ၅ ရက်က ရန်ကုန်မြို့ရှိ ကမ္ဘာ့ဘဏ်ရုံးတွင် ပြုလုပ်သည့် အရှေ့အာရှနှင့် ပစိဖိတ်ဒေသ နောက်ဆုံးရ စီးပွားရေး အခြေအနေ အစီရင်ခံစာ ထုတ်ပြန်ပွဲတွင် ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်း စီးပွားရေးပညာရှင် Habib Rab က သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
တပ်မတော်၊ နယ်ခြားစောင့်တပ်တို့နှင့် တိုက်ပွဲဖြစ်ပွားနေသည့် DKBA ခွဲထွက်အဖွဲ့အား ပြန်လည် ပူးပေါင်းရန် KNU ဖိတ်ခေါ်
တပ်မတော်၊ နယ်ခြားစောင့် တပ်တို့နှင့် တိုက်ပွဲဖြစ်ပွားနေသည့် DKBA ခွဲထွက်အဖွဲ့အား ပြန်လည်ပူးပေါင်းရန် ကရင်အမျိုးသား အစည်းအရုံး KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီက ဖိတ်ခေါ်ကမ်းလှမ်းသည့် ကြေညာချက်အား အောက်တိုဘာ ၄ ရက် နေ့စွဲဖြင့် ထုတ်ပြန်သည်။
‹
›
Home
View web version