Pages
(Move to ...)
▼
18.10.16
NCA လက်မှတ်ထိုးထားသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၏ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့်DPN အဖွဲ့တို့တွေ့ဆုံ၊ နိုင်ငံရေးမူဆွေးနွေးမှုဆိုင်ရာ မူဘောင်အခြေအနေကို ဆွေးနွေး
NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့၏ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့
ကျိုက်ထီးရိုးတောင်ပေါ်ရှိ အခမဲ့တည်းခိုနိုင်သည့် အဆောင်များနှင့် ၀န်ဆောင်ခပေး တည်းခိုဆောင်များ၏ တည်းခိုခနှုန်းထားများ ထုတ်ပြန်
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မြတ်ကြီး တည်ရှိရာ ကျိုက်ထီးရိုးတောင်ပေါ်ရှိ အခမဲ့ တည်းခိုရာ အဆောင်များနှင့် ၀န်ဆောင်ခ တည်းခိုဆောင်များ၏ တည်းခိုခနှုန်းထားများအား သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာနမှ အောက်တိုဘာ ၁၄ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။
မြန်မာ့ဘတ်ဂျက် ပွင့်လင်းမြင်သာမှုကို RI မှ ပေးမှတ် ၁၀၀ ဖြင့် တန်ဖိုးဖြတ်ရာတွင် ပွင့်လင်းမြင်သာမှု နှစ်မှတ်၊ လူထုပါဝင်မှု ခြောက်မှတ်၊ လွှတ်တော်၏ ကြီးကြပ်မှု ၂၇ မှတ်နှင့် စာရင်းစစ်ကြီးကြပ်မှု ၂၅ မှတ်သာရရှိ
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ စီးပွားရေး ကော်မတီ အဖွဲ့ဝင်များနှင့် ပညာရှင်များ ပါဝင်ဖွဲ့စည်းထားပြီး
မြိတ်ကျွန်းစု အတွင်းသို့ ညအိပ်ခရီး လာရောက်လည်ပတ်မည့် နိုင်ငံခြားသား ခရီးသွားများအတွက် ခရိုင်အုပ်ချုပ်ရေးကို အကြောင်းကြားပြီး သွားလာနိုင်မည့် အစီအစဉ် ခွင့်ပြုဖွယ်ရှိကြောင်းသိရ
မြိတ်ကျွန်းစုအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရန် ရည်ရွယ်ပြီး ညအိပ်ခရီး လာရောက် လည်ပတ်မည့် နိုင်ငံခြားသား ခရီးသွားများအတွက် ခရိုင်အုပ်ချုပ်ရေးကို အကြောင်းကြားပြီး သွားလာလည်ပတ်နိုင်မည့် အစီအစဉ်ကို ခွင့်ပြုဖွယ်ရှိနေကြောင်း သိရသည်။
ကြိုက်တာယူ ကျပ် ၅၀၀၀ တန် တရုတ်ဆိုင်အချို့ စီမံချက်ကြောင့် ဆိုင်ပိတ်ထားမှုရှိနေပြီး တရားမ၀င် တရုတ်လုပ်သားနှင့် နိုင်ငံခြားသား လုပ်သားများ ထိန်းချုပ်ရန် လ၀ကအနေဖြင့် ဗီဇာစစ်ဆေးမှု ပြုလုပ်သင့်ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ပြောကြား
ရန်ကုန်မြို့နှင့် မြန်မာနိုင်ငံ ဒေသအချို့ တွင် ယခုနှစ် မေလခန့်မှစတင်ကာ အရှိန်အဟုတ်မြှင့် ဖွင့်လှစ်လာသည့် ကြိုက်တာယူ ကျပ် ၅၀၀၀ တန် တရုတ်ဆိုင်အချို့မှာ ဖမ်းဆီးအရေးယူမည်ဆိုသည့် စီမံချက်ကြောင့် ဆိုင်ပိတ်ထားမှု ရှိနေပြီး မြန်မာနိုင်ငံအတွင်း လာရောက်ကာ တရားမ၀င် လုပ်သားအဖြစ် အခွန်ရှောင် ရပ်တည်နေသည့် တရုတ်လုပ်သားများနှင့် အခြားနိုင်ငံသားများအား လ၀က (အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန) အနေနှင့် ဗီဇာစစ်ဆေးမှု ပြုလုပ်စေလိုကြောင်း ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောကြားသည်။
နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၂၈၅ ကျပ်အထိ မြင့်တက်လာပြီး ပြည်တွင်းရွှေဈေးကျပ် ၈၆၃၀၀၀ ကျော်သို့ ပြန်လည် ရောက်ရှိလာ
နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၂၈၅ ကျပ်အထိ မြင့်တက်လာပြီး ကမ္ဘာ့ရွှေဈေးနှုန်း အကျဈေးဖြင့် ငြိမ်နေသော်လည်း ငွေလဲနှုန်းထား များပြားလာသောကြောင့် ပြည်တွင်းရွှေဈေး ကျပ် ၈၆၃၀၀၀ ကျော်သို့ ပြန်လည် ရောက်ရှိလာကြောင်း ဈေးကွက်အတွင်း နိုင်ငံခြားငွေကြေးနှင့် ရွှေရောင်းဝယ်သူများထံမှ သိရသည်။
ပိတ်သိမ်းရန် လျှောက်ထားသည့် ကားအရောင်းစင်တာ ၂၀ ခန့်ရှိ
ပိတ်သိမ်းခွင့် လျှောက် ထားသည့် ကားအရောင်းစင်တာ များကို အပ်ကုန်စနစ်ဖြင့် တင် သွင်းထားသည့်ကားများ စာရင်း ရှင်းလင်းပြီးမှသာ ပိတ်သိမ်းခွင့် ပေးမည်ဟု စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
‹
›
Home
View web version