ရှမ်းပြည်နယ်၊ တန့်ယန်း-မိုင်းရှူး ကားလမ်းပေါ်ရှိ မိုင်းရှူးမြို့ဝင်၊ မြို့ထွက်စစ်ဆေးရေးဂိတ်တွင် SSA (၀မ်ဟိုင်း) အဖွဲ့ဝင်တစ်ဦး စီးနင်းလာသည့် ဆိုင်ကယ်အား စစ်ဆေးရန် တားဆီးစဉ် မရပ်တန့်ဘဲ ဆိုင်ကယ်မောင်းပြေးသဖြင့် စစ်သည်တစ်ဦးက ရပ်တန့်စေရန် ခြောက်လှန့်ပစ်ခတ်ရာ ကျည်ထိမှန်၍ အသေဖမ်းဆီး ရမိခဲ့ကြောင်း အောက်တိုဘာ ၂၈ ရက်ထုတ် တပ်မတော်ပိုင် မြ၀တီသတင်းစာတွင် သတင်းဖော်ပြထားသည်။
Pages
▼
31.10.16
အစိုးရနှင့် တပ်မတော် အနေဖြင့် စစ်ပွဲများ အမြန်ဆုံး ရပ်ဆိုင်းရန် ဆောင်ရွက်သင့်ကြောင်းနှင့် ငြိမ်းချမ်းရေး ဆောင်ရွက်နေချိန် စစ်ဖြစ်ပွားနေခြင်းအား ရပ်တန့်ရန် မဆောင်ရွက်နိုင်ခြင်းသည် အစိုးရအတွက် အားနည်းချက်တစ်ခု ဖြစ်နေဟု ဆို
အစိုးရနှင့် တပ်မတော် အနေဖြင့် စစ်ပွဲများ အမြန်ဆုံး ရပ်ဆိုင်းရန် ဆောင်ရွက်သင့်ကြောင်းနှင့် ငြိမ်းချမ်းရေး ဆောင်ရွက်နေချိန်တွင် စစ်ပွဲဖြစ်ပွားနေခြင်းအား ရပ်တန့်ရန် မဆောင်ရွက်နိုင်ခြင်းသည် အစိုးရအတွက် အားနည်းချက်တစ်ခု ဖြစ်နေကြောင်း UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ဒေါက်တာဆလိုင်းလျန်မုန်းက ပြောကြားသည်။
မြစ်ချောင်းများအတွင်း River Taxi လုပ်ငန်းဆောင်ရွက်ရန် ဆိပ်ကမ်း ၁၈ ခုကို သတ်မှတ်ထား
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြစ်ချောင်းများမှာWater Taxi ပြေးဆွဲသွားရန်အတွက် ဆိပ်ကမ်း ၁၈ ခုကို
လျာထားသတ်မှတ်ထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့မှ သိရပါတယ်။
လျာထားသတ်မှတ်ထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့မှ သိရပါတယ်။
မော်လမြိုင်ရှိ SCG ဘိလပ်မြေစက်ရုံကို ၂၀၁၆ ခုနှစ် စတုတ္ထလေးလပတ်မှာ စတင်လည်ပတ်သွားမယ်
မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ တည်ရှိတဲ့ SCG ဘိလပ်မြေစက်ရုံကို၂၀၁၆ ခုနှစ် စတုတ္ထလေးလပတ်မှာ စတင်လည်ပတ်သွားသွားရန်စီစဉ်ထားတယ်လို့ အောက်တိုဘာ ၂၈ ရက်မှာ ထုတ်ပြန်တဲ့ SCG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အပျော်စီးသင်္ဘောကြီးတွေ ဆိုက်ကပ်လို့ရမယ့် အဆင့်မြင့်ဆိပ် ကမ်းကြီးတစ်ခု အိန္ဒိယတည်ဆောက်မည်

အိန္ဒိယအစိုးရဟာ နိုင်ငံရဲ့သက်တမ်းအရင့်ဆုံး ဆိပ်ကမ်းကြီးတစ်ခုဖြစ်တဲ့ Mumbai ဆိပ်ကမ်းမှာတော့ အပျော်စီးဇိမ်ခံသင်္ဘောကြီးတွေ ၀င်ရောက်ဆိုက်ကပ်လို့မယ့် ခေတ်သစ်ဆိပ်ကမ်းကြီးတစ်ခုအဖြစ် ရူပီး ၂၂၅ ကုဋေအကုန်အကျခံပြီး တည်ဆောက်သွားဖို့ရှိနေတယ်လို့ သိရပါတယ်။
Sanction မရှိတော့ပေမယ့် မြန်မာနိုင်ငံမှ player တွေကို EA ရဲ့ Origin က အသုံးပြုခွင့်ပိတ်ဆို့ထားဆဲ


ဗီဒီယိုဂိမ်းကုမ္ပဏီကြီး EA ရဲ့ Digital distribution platform ဖြစ်တဲ့ Origin ဟာ မြန်မာနိုင်ငံတစ်နိုင်ငံလုံးကို ပြီးခဲ့တဲ့ စက်တင်ဘာ လ လယ်ကစပြီးအသုံးပြုခွင့်လုံးဝ ပိတ်လိုက်တယ်လို့သိရပါတယ်။
ကချင်ပြည်နယ်အတွင်း သဘာဝပတ်ဝန်းကျင် ဆိုးရွားစွာ ပျက်စီးစေသည့် ကျောက်စိမ်းတူးဖော်သည့် လုပ်ငန်းနှင့် ရွှေတူးဖော်သည့် လုပ်ငန်းများကို ဒေသန္တရ ဥပဒေဖြင့် ထိန်းချုပ်ရန် စီစဉ်နေကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ပြောကြား

ကချင်ပြည်နယ်အတွင်း သဘာဝပတ်ဝန်းကျင် ဆိုးရွားစွာ ပျက်စီးစေသည့် ကျောက်စိမ်းတူးဖော်သည့် လုပ်ငန်းနှင့် ရွှေတူးဖော်သည့် လုပ်ငန်းများကို ဒေသန္တရ ဥပဒေဖြင့် ထိန်းချုပ်ရန် စီစဉ်နေကြောင်း ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းက ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့တော်ခန်းမတွင် ပြုလုပ်သည့် မြန်မာအစိမ်းရောင်ကွန်ရက်၏ (၅) ကြိမ်မြောက် တွေ့ဆုံပွဲတွင် ပြောကြားသည်။