Pages
(Move to ...)
▼
1.11.16
တောင်တရုတ်ပင်လယ်အတွင်း အင်ဒိုနီးရှားနှင့် ရေတပ်ပူးတွဲကင်းလှည့်မှု လုပ်ဆောင်ရန် သြစတြေးလျစဉ်းစားနေ
တောင်တရုတ်ပင်လယ်အတွင်း အင်ဒိုနီရှားနှင့် ရေတပ်ပူးတွဲကင်းလှည့်မှုများ လုပ်ဆောင်ရန် စဉ်းစားနေ ကြောင်း သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ဂျူလီဘီးရှော့က နိုဝင်ဘာ ၁ ရက်တွင် ပြောကြားလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ဂျပန်ခရီးစဉ်တွင် လုပ်ငန်းရှင် တစ်ဦးမျှ မပါဝင်ဟု သမ္မတရုံးတာဝန်ရှိသူ ပြောကြားသို့သော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူလိုက်သွားပြီး ကျန်ခဲ့မည့် စီမံဘဏ္ဍာဝန်ကြီးခရီးစဉ်တွင်သာ လုပ်ငန်းရှင်များလိုက်ပါမည်ဟု ရှင်းလင်း
နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်နိုင်ငံချစ်ကြည်ရေးခရီးစဉ်တွင်စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်မည် မဟုတ်ဘဲ စီမံကိန်းနှင့် ဘဏ္ဍာရေး ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း ဦးဆောင်သည့်ခရီးစဉ်၌သာ စီးပွား ရေးလုပ်ငန်းရှင်များ လိုက်ပါမည်ဖြစ် ကြောင်း သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော် ဌေးက ပြောသည်။
ခရီးသွားကုမ္ပဏီများ နေပြည်တော်တစ်ညအိပ်ခရီးစဉ် ထည့်သွင်းရေးဆွဲရန် ၀န်ကြီးဌာနအကြောင်းကြား
ခရီးသွားကုမ္ပဏီများ ရောင်းချနေသည့် ခရီးစဉ်များတွင်နေပြည်တော်တစ်ညအိပ်ခရီးစဉ် ထည့်သွင်းရေးဆွဲနိုင်ရန် ခရီးသွားကုမ္ပဏီများသို့ ညှိနှိုင်းအကြောင်းကြားပေးရေးဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက သက်ဆိုင်ရာအသင်းအဖွဲ့များသို့ အကြောင်းကြားစာထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။
Brexit နောက်ပိုင်း အီးယူနဲ့ အကောက် ခွန်လွတ်ကုန်သွယ်မှု ဆက်ရယူဖို့ ဗြိတိန်အလိုရှိ
ဗြိတိန်တို့အနေနဲ့ ဥရောပသမဂ္ဂကနေ နှုတ်ထွက်မယ့်လုပ်ငန်းစဉ်
ပြီးစီးခဲ့မယ်ဆိုရင်လည်း ယင်းအုပ်စုနဲ့အကြား မော်တော်ကားထုတ် လုပ်ရေးလုပ်ငန်းမှာတော့ နှစ်ဘက်အကြား အကောက်ခွန်လွတ် ကုန်သွယ်မှုစာချုပ်တစ်ခု ချုပ်ဆိုထားလိုသေးတယ်လို့ ဗြိတိန်စီးပွားရေး၊ စွမ်းအင်နဲ့ စက်မှုလုပ်ငန်းဆိုင်ရာ မဟာဗျူဟာရေးရာဝန်ကြီးGreg Clark က အောက်တိုဘာ ၃၀ ရက်က ပြောသွားပါတယ်။
ခုနစ်လအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာနှစ်ဘီလီယံကျော်ရှိ
အစိုးရသစ်လက်ထက် ခုနစ်လအတွင်း နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု အမေရိကန် ဒေါ်လာနှစ်ဘီလီယံကျော်ဝင်ရောက်ခဲ့ပြီး ထပ်မံခွင့်ပြုရန် ဒေါ်လာ ၁ ဒသမ နှစ်ဘီလီယံကျော် ကျန်နေသေး ကြောင်း သတင်းရရှိသည်။
‹
›
Home
View web version