Pages

2.11.16

တာလတ်ပစ်ဒုံးကျည်ကိုပစ်လွှတ်ရန် မြောက်ကိုရီးယားက ပြင်ဆင်နေကြောင်း အမေရိကန် တာဝန်ရှိသူပြော

မြောက်ကိုရီးယားနိုင်ငံသည့် လာမည့် ၃ ရက်အတွင်း တာလစ်ပစ်ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ပစ်လွှတ်ရန် ပြင်ဆင်နေကြောင်း အမည်မဖော်လိုသော အမေရိကန် တာဝန်ရှိသူများကို ကိုးကားပြီး Fox Business Network သတင်းဌာနက အင်္ဂါနေ့တွင် ပြောသည်။

ရန်ကုန်တွင်တည်ဆောက်နေသည့် အခန်းပေါင်း ရှစ်ထောင်အနက် ဆောက် လုပ်ပြီးစီးနေပြီဖြစ်သည့် အခန်းပေါင်း၂၀၀၀ ကျော်ကို အရစ်ကျစနစ်ဖြင့် ရောင်းချမည်

ရန်ကုန်တိုင်း ဒေသကြီးတွင်တည် ဆောက်လျက်ရှိ သည့် အခန်းပေါင်းရှစ်ထောင် အနက် ဆောက် လုပ်ပြီးစီးနေပြီဖြစ်သည့် အ ခန်းပေါင်း ၂၀၀၀ ကျော်ကိုလာမည့် ၂၀၁၇ ခုနှစ်တွင် အရစ်ကျ စနစ်ဖြင့် ရောင်း ချပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုအခါ ရန်ကုန်တိုင်းဒေသ ကြီးရှိ ဒဂုံတောင်ပိုင်း၊ ဒဂုံဆိပ်ကမ်း နှင့် လှိုင်သာယာမြို့နယ်များတွင် ဆောက်လုပ်ပြီးစီးထားသည့် အဆိုပါ အိမ်ရာနှစ်ထောင်ကျော်ကို အရစ်ကျ စနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ် ပြီး ယင်းအိမ်ရာများ၏ တိုက်ခန်းတစ် ခန်းတန် ဖိုးမှာ ငွေကျပ်သိန်း တစ်ရာ ကျော်ဖြင့် ရောင်းချပေးသွားမည်ဖြစ် ကြောင်း သိရသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတွင် နေရောင်ခြည်သုံးလျှပ်စစ်လုပ်ငန်းသာ အဓိက၀င်ရောက်ဟုဆို

အစိုးရသစ်လက်ထက် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုများတွင် နေ ရောင်ခြည်သုံး လျှပ်စစ်လုပ်ငန်း များသာ အဓိက၀င်ရောက်လာ ကြောင်း သတင်းရရှိသည်။

၁၀ လအတွင်း ဖြစ်ပွားခဲ့သည့် လူသတ်မှု ၁၀၀ ကျော်တွင် ခြောက်မှု တရားခံမမိသေး

ရန်ကုန်တိုင်းတွင် ယခု နှစ် ၁၀ လအတွင်း ဖြစ်ပွားခဲ့သည့် လူသတ်မှု ၁၃၀ ကျော်၌ တရားခံမမိသေးသည့် လူသတ်မှု ခြောက်မှုကျန်ရှိနေသေးကြောင်း သတင်း ရရှိသည်။

ရှမ်းမြောက်တွင် တပ်မတော်နှင့် TNLA ကြား တိုက်ပွဲများပြင်းထန်၊ တပ်မတော်သားအချို့ကျဆုံး

ရှမ်းပြည်နယ်မြောက် ပိုင်း နမ့်ဆန်နှင့် ကျောက်မဲမြို့နယ် များအတွင်း တပ်မတော်နှင့် TNLA ကြား တိုက်ပွဲများဖြစ်ပွား နေပြီး အောက်တိုဘာ ၂၉ နှင့် ၃၀ ရက်က နမ့်ဆန်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် တပ်မတော်သားအချို့ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်နှင့် တအာင်းလက်နက်ကိုင်အဖွဲ့ PSLF/ TNLA အဖွဲ့တို့အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး အောက်တိုဘာလအတွင်း ဆက်တိုက်ဖြစ်ပွားနေပြီး အောက်တိုဘာလအတွင်း တိုက်ပွဲပေါင်း အကြိမ် ၂၀ ခန့်ဖြစ်ပွားကြောင်း သိရ

တပ်မတော်နှင့် တအာင်းလက်နက်ကိုင် အဖွဲ့ PSLF/ TNLA အဖွဲ့တို့အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး အောက်တိုဘာလအတွင်း အကြိမ် ၂၀ ခန့်ဖြစ်ပွားခဲ့ကြောင်း PSLF/ TNLA အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောကြားသည်။