Pages
(Move to ...)
▼
4.11.16
ဘယ်မောင်း ခရီးသည်တင်ယာဉ်များကိုသာ လိုင်စင်ထုတ်ပေးတော့မည်ဟုဆို
ခရီးသည်တင်ယာဉ်များ လိုင်စင်အသစ် ဝင်မည်ဆိုပါက ဘယ်မောင်းတစ်မျိုးတည်းကိုသာ ခွင့်ပြုမည်ဟု ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနက နိုဝင်ဘာ ၂ ရက်စွဲဖြင့် ထုတ်ပြန်ကြေ ညာသည်။
ပင်လယ်နှင့် ဆက်စပ်ဒေသများ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရန် လုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်နေ
နိုင်ငံခြားဝင်ငွေအများ အပြား ရှာဖွေပေးနိုင်မည့် ပင် လယ်နှင့် ဆက်စပ်သည့် ဒေသများ ခရီးသွားလုပ်ငန်း (Marine Touri -sm) ဖွံ့ဖြိုးတိုးတက်လာရေးအ တွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အသင်းအဖွဲ့များက ပူးပေါင်းကာ လုပ်ငန်းစဉ်များ ရေးဆွဲဆောင် ရွက်နေကြောင်း သတင်းရရှိသည်။
၂၀၁၇ ယာဉ်တင်သွင်းမှု မူဝါဒနှင့်အတူ CIF တန်ဖိုးများပါ တစ်ပြိုင်တည်းထုတ်ပြန်ရန် စီစဉ်မည်ဟုဆို
၂၀၁၇ အတွက် မော် တော်ယာဉ်တင်သွင်းခွင့်မူဝါဒကို ယခုနှစ်မကုန်မီ ကြိုတင်ကြေညာ ပေးမည်ဟု မော်တော်ယာဉ် တင် သွင်းမှုဆိုင်ရာ ကြီးကြပ်မှု ကော်မ တီမှ သတင်းရရှိသည်။
လာမည့် ၁၀ လအတွင်း တောင်ကိုရီးယားတွင် ဒုံးခွင်းဒုံး THAAD စနစ်၌ အသုံးပြုမည့် ဘက်ထရီကို အမေရိကန် တပ်ဖြန့်ချထားမည်
တောင်ကိုရီးယားရှိ အမေရိကန်တပ်ဖွဲ့ဝင်များ ညှိနှိုင်းကွပ်ကဲရေးမှူးက လာမည့် ၈ လမှ ၁၀ လအတွင်း THAAD ဒုံးကျည်ကာကွယ်ရေးစနစ် ဘက်ထရီများကို တပ်ဖြန့်ချထားမည်ဟု ပြောကြားကြောင်း၊ တောင်ကိုရီးယားရှိ အမေရိကန်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေး ရေကြောင်းလမ်း လုပ်ဆောင်လို
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ကမ်းရိုးတန်း ကုန်သွယ်ရေးသင်္ဘောလိုင်းတစ်ခု တည်ထောင်ရန် ယခုလအတွင်း နေပြည်တော်၌ ပြုလုပ်မည့် နှစ်နိုင်ငံ စီးပွားရေး အတွင်းဝန်အဆင့် ဆွေးနွေးပွဲတွင် တိုက်တွန်းသွားရန် စီစဉ်ထားသည်။
ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရန့်ကို မဲ မပေးကြဖို့ အမေရိကန်စီးပွားရေး ပညာရှင်၃၇၀ ကျော် တိုက်တွန်း
အမေရိကန် ရွေးကောက်ပွဲမှာတော့ ရီပတ်ဘလစ်ကန်သမ္မတလောင်းဒေါ်နယ်ထရန့်ကို မဲမပေးကြဖို့အရေး မဲဆန္ဒရှင်တွေကို
စီးပွားရေးပညာရှင် အယောက် ၃၇၀ လောက်ကလက်မှတ်ထိုး တိုက်တွန်းဆော်သြသွားခဲ့တယ်လို့
သတင်းတစ်ရပ်မှာဖော်ပြထားပါတယ်။
‹
›
Home
View web version