Pages

7.11.16

ပြည်တွင်းရွှေဈေး ကျပ်ကိုးသိန်းနီးပါး ပြန်ရောက်

 နိုဝင်ဘာအတွင်း ကမ္ဘာ့ ရွှေဈေးနှင့် နိုင်ငံခြား ငွေလဲနှုန်း မြင့်တက်လာခြင်းကြောင့် ပြည် တွင်းရွှေဈေးလည်း ပြန်လည် မြင့် တက်လာကြောင်း သတင်းရရှိ သည်။

စက်မှုကုန်ချောနှင့် သတ္တုတွင်းထွက် ပစ္စည်းတင်ပို့မှု လျော့ကျ

အစိုးရသစ်လက်ထက် ခုနစ်လတာအတွင်း ယခင်ဘဏ္ဍာနှစ်ထက် ပြည်ပပို့ကုန်တင်ပို့မှု တိုးလာသော်လည်း စက်မှုကုန်ချောနှင့် သတ္တုတွင်းထွက်ပစ္စည်းများတင်ပို့နိုင်မှုလျော့ကျခဲ့ကြောင်း  သတင်းရရှိသည်။

တပ်မတော်နှင့် RCSS/SSA တိုက်ပွဲဖြစ်ပွားခြင်းအကြောင်းရင်း စုံစမ်းရေးအဖွဲ့၏ခရီးစဉ်ပြီးဆုံး

တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)တို့အကြား တိုက်ပွဲ ဖြစ်ပွားမှုအပေါ် စုံစမ်းစစ်ဆေးခဲ့ သော စိစစ်အတည်ပြုရေးအဖွဲ့ ခရီးစဉ်ပြီးဆုံးပြီဖြစ်၍ အဖွဲ့၏လုပ်ငန်းအစီရင်ခံစာကို ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC-U)သို့ နှစ်ပတ် အတွင်း တင်ပြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဥရောပသို့ သွားရောက်

ဥရောပသမဂ္ဂကာကွယ် ရေးဦးစီးချုပ်များ၏ စစ်ဘက်ဆိုင် ရာ ကော်မတီအစည်းအဝေးတက် ရောက်ရန် တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်သည် ဘယ်လ်ဂျီယံနိုင်ငံသို့ ထွက်ခွာသွားကြောင်း သတင်းရရှိသည်။

အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေပြုပြင်ပြောင်းလဲရေး လွှတ်တော်သို့ တင်သွင်းရန် အကြံပြုစာတမ်း AAPP ပြုစုနေ


မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ပြန် လည်ဖွဲ့စည်းရေးနှင့် ကော်မရှင် ဥပဒေပိုမိုအားကောင်းလာရေး လွှတ်တော်သို့ အကြံပြုရန် သုံးသပ်ချက်စာတမ်း ပြုစုရေးသားနေကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ဦးဘိုကြည်က ပြောကြားသည်။

အိန္ဒိယက ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံထိသုံးပြီး ဂျပန်နိုင်ငံမှ ကယ်ဆယ်ရေးလေယာဉ် ၁၂ စင်း ၀ယ်ယူမည်

 ဂျပန်လေယာဉ်ထုတ်လုပ်ငန်း ShinMaywa Industries ထံမှ ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံနှင့် ၁ ဒသမ ၆ ဘီလီယံကြား တန်ဖိုးရှိ ကယ်ဆယ်ရေး လေယာဉ် ၁၂ စင်း ၀ယ်ယူရေး အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၇ ရက်တွင် အတည်ပြုပေးလိမ့်မည်ဖြစ်ကြောင်း ဂျပန်သတင်းစာ Nikkei က ဖော်ပြသည်။

ဝင်ငွေနည်းပြည်သူတွေအတွက် အဌားအိမ်ရာတွေအကောင် အထည်ဖော်ဖို့ရှိနေသေး


ဝင်ငွေနည်းပြည်သူတွေ၊ တန်ဖိုးနည်းတိုက်ခန်း လက်လှမ်းမမီသူတွေအတွက် အဌားအိမ်ရာတွေအကောင်အထည်ဖော်ဖို့ရှိနေတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

အမေရိကန်မှာ Samsung အ၀တ်လျှော်စက် ၂ ဒသမ ၈ သန်း ဈေးကွက်ထဲကနေ ပြန်သိမ်း

Galaxy Note 7 ဖုန်းပြဿနာတက်လို့ ဈေးကွက်တွေထဲကနေ ပြန်သိမ်းရတဲ့အထိကြုံတွေ့ထားရတဲ့ တောင်ကိုရီးယားရဲ့ Samsung ကုမ္ပဏီအတွက်ကတော့ နောက်ထပ်ယင်းရဲ့ ထုတ်ကုန်တစ်မျိုးကို ဈေးကွက်ထဲကနေ ပြန်သိမ်းရတဲ့ အဖြစ်နဲ့ရင်ဆိုင်လာခဲ့ရပြန်ပြီလို့ သိရပါတယ်။

ယခင်ခန့်မှန်းထားတဲ့ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ထက် ပိုမို များပြားလာတဲ့ အတွက် ဓာတ်အားလိုအပ်ချက်ဖြည့်ဆည်းဆောင်ရွက်ရန် Karpower Asia ကုမ္ပဏီကို ထပ်မံရွေးချယ်

လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့အတွက်၃၀၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်တင်ဒါခေါ်ယူထားရာ
တင်ဒါအောင်မြင်တဲ့ ကုမ္ပဏီအပြင် ဓာတ်အားလိုအပ်ချက်ဖြည့်ဆည်းဆောင်ရွက်ဖို့အတွက် Karpower Asia Pte.,Ltd ကုမ္ပဏီကိုလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းက ထပ်မံရွေးချယ်လိုက်ပါတယ်။