Pages

30.11.16

ပူတာအိုမြို့မှ ရေခဲတောင်ခြေအထိ လမ်းဖောက်ရန် ကချင်ပြည်နယ် လွှတ်တော် အတည်ပြု

ပူတာအိုမြို့မှ ရေခဲတောင်ခြေအထိ လမ်းဖောက်ရန် ကချင်ပြည်နယ် လွှတ်တော်က နိုဝင်ဘာ ၂၉ ရက်တွင် အတည်ပြုခဲ့ကြောင်း သတင်းရရှိသည်။

ငါးရက်တာ ငြိမ်သက်နေသော နိုင်ငံခြားငွေလဲနှုန်း တစ်ရက်တည်း ၁၂ ကျပ်ခုန်တက်လာပြီး တစ်ဒေါ်လာ ၁၃၅၇ ကျပ်ဖြင့် စံချိန်တင်


ပြီးခဲ့သည့် ငါးရက်တာအတွင်း ကျပ် ၁၃၄၀ ကျော်ဖြင့် ငြိမ်သက်နေသော နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၅၇ ကျပ်အထိ စံချိန်တင်မြင့်တက်ခဲ့ပြီး တစ်ရက်အတွင်း ၁၂ ကျပ်ခုန်တက်လာကြောင်း ဈေးကွက်အတွင်းရှိ နိုင်ငံခြားငွေကြေး ရောင်းဝယ်နေသူ များထံမှ သိရသည်။

ရှမ်းပြည်နယ် အရှေ့မြောက်တိုက်ပွဲများနှင့် ပတ်သက်၍ လွှတ်တော်က စိုးရိမ်ကြောင်း အရေးကြီးအဆိုတင်

(နိုဝင်ဘာ ၂၉ ရက်) တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်၌ မိထ္တီလာမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်း က "ရှမ်းပြည်အရှေ့မြောက်ဒေသ သိန်းနီ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ နမ္မတူနှင့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုံတို့တွင် KIA၊ MMDAAနှင့် TNLA ပူးပေါင်းအဖွဲ့တို့မှ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မိုင်းထောင်မှု၊ ဖျက်ဆီးမှု၊ ဗုံးခွဲမှုများကြောင့် အပြစ်မဲ့ပြည်သူများ သေကြေခြင်း၊ ဒဏ်ရာရခြင်း၊ အိုးအိမ်စွန့်ခွာ စစ်ပြေးဒုက္ခသည်ဘဝရောက်ခြင်းနှင့် နိုင်ငံ၏ အချုပ်အချာတည်မြဲမှု၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့အား ထိခိုက်စေခြင်းတို့ကို လွှတ်တော်မှ စိုးရိမ်မိကြောင်း" အရေးကြီး အဆိုတင်သွင်းခဲ့ပါသည်။

တန်ဖိုးနည်းနှင့် တန်ဖိုးမျှတအိမ်ရာ အခန်းပေါင်း ၈ဝဝဝ မန္တလေးတိုင်းဒေသကြီးအတွင်း ဆောက်လုပ်ရောင်းချမည်

မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂ဝ၁၆ မှ ၂ဝ၂ဝ ဘဏ္ဍာနှစ် အထိ ငါးနှစ်တာကာလအတွင်း တန်ဖိုးနည်းနှင့် တန်ဖိုးမျှတအိမ်ရာအခန်းပေါင်း ၈ဝဝဝ ဆောက်လုပ် ရောင်းချပေးသွားမည်ဖြစ်ကြောင်း အဆိုပါဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက ပြောသည်။

ရွှေတိဂုံစေတီအနီးရှိ ဒဂုံစီးတီးစီမံကိန်းနေရာအတွက် ပွင့်လင်းမြင်သာ မှုမရှိဘဲ မြေအစားထိုးငှားရမ်းခဲ့ခြင်း ကို ဖျက်သိမ်းပေးရန် လွှတ်တော် တွင်ပြော မြေဧကအားလုံးပြန်လည်ရရှိပါက ပညာရေးအတွက်အကျိုးဖြစ်ထွန်း မည်ဖြစ်၍လွှတ်တော်ကကူညီပေးရန် ပညာရေးဒုဝန်ကြီးဆို


ရွှေတိဂုံ စေတီအနီးရှိ ဒဂုံစီးတီးအဆင့်မြင့် မြို့ပြအိမ် ရာစီမံကိန်းနေရာအစား ကမ္ဘာအေးဘုရားလမ်းနှင့် ကံဘဲ့လမ်း ထောင့် ရှိ အမှတ်(၆)သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန ပိုင်မြေ နေရာ ကိုပွင့်လင်းမြင်သာမှုမရှိဘဲ ငှားရမ်းခဲ့ခြင်းကို ဖျက်သိမ်း၍ ဖွံ့ဖြိုး မှုအား နည်းသောနေ ရာများသို့ ရွှေ့ ပြောင်းနေရာချထားရန် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဦးမောင် မောင်အုန်းကပြောကြားလိုက်သည်။