Pages

27.12.16

၂၀၁၇ မှာ ဒေါ်လာငွေကြေးကြောင့်ယူရိုနဲ့ ယန်းငွေကြေးတို့ ကြီးကြီးမားမားထိခိုက်နိုင်

No automatic alt text available.
၂၀၁၇ ခုနှစ်အရောက်မှာတော့ အမေရိကန်ဒေါ်လာငွေကြေးဟာယူရိုငွေကြေးနဲ့ ယန်းငွေတို့နဲ့ယှဉ်ရင် ငွေလဲလှယ်မှုနှုန်းပိုင်းမှာအခြားနိုင်ငံသုံးငွေကြေးထက်ကို ပိုပြီးတော့ မြင့်တက်သွားနိုင်ဖွယ်ရှိတယ်ဆိုပြီး လန်ဒန်အခြေစိုက် အကြံပေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ Capital Economics က ပြောကြားလိုက်ပါတယ်။

၂၀၁၆ ခုနှစ်အတွင်း ကချင်ပြည်နယ်တွင် မိုင်းပေါက်ကွဲမှုကြောင့် ၁၂ ဦးသေဆုံးခဲ့ပြီး ၄၉ ဦးဒဏ်ရာရ

၂၀၁၆ ခုနှစ်အတွင်း ကချင်ပြည်နယ်တွင် မိုင်းပေါက်ကွဲမှုကြောင့် ၁၂ ဦးသေဆုံးခဲ့ပြီး ၄၉ ဦး ဒဏ်ရာရရှိခဲ့ကာ မိုင်းကြောင့်သေဆုံးမှု အများဆုံးဖြစ်ပွားခဲ့သည့် နေရာမှာ မိုးကောင်းမြို့နယ် ဆားမှော်ဒေသ၊ မြစ်ကြီးနားမြို့နယ် ဆင်ဘိုဒေသ၊ မိုးညှင်းဒေသဖြစ်ကြောင်း သိရသည်။

မူလတန်းနှင့် အလယ်တန်းကျောင်းသူ သုံးဦးကို ဆွဲခန့်ကျောင်းဆရာက သားမယားပြုကျင့်ရန်ကြံ

စတုတ္ထတန်းနှင့်ပဉ္စမတန်းကျောင်းသူသုံးဦးကို မူလတန်းလွန်ကျောင်းမှ ကျောင်းဆရာက သားမယားပြုကျင့်ရန်ကြံစည်ကြောင်း မိဘများက သိရှိပြီးနောက် ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။

ရခိုင်အကြမ်းဖက်မှုသည် ပြည်ပနှင့် ဆက်စပ်နေသဖြင့် ပိုမိုရှုပ်ထွေးကြောင်း ဒုသမ္မတဦးမြင့်ဆွေ ပြော

 မောင်တောဒေသအ ကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ် သည် ယခင်ဖြစ်ပွားသည့်ပဋိပက္ခများနှင့်မတူဘဲ ပြည်ပနှင့်ဆက်စပ်နေ၍ ပိုမိုသိမ်မွေ့ရှုပ်ထွေးနေကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌဒုတိယသမ္မတဦးမြင့် ဆွေက ပြောကြားသည်။

နေပြည်တော်တွင် တည်ဆောက်မည့် ကျပ်သိန်းတစ်ရာတန် တိုက်ခန်းများ အငြိမ်းစားဝန်ထမ်းများကို ဦးစားပေးရောင်းချမည်

 နေပြည်တော် ဒက္ခိဏသီရိမြို့ပတ်လမ်းအနီးတွင် ကျပ်သိန်းတစ်ရာတန် တန်ဖိုးနည်း အိမ်ရာများ ဆောက်လုပ်မည်ဖြစ် ပြီး အိမ်မရှိသည့် အငြိမ်းစားဝန် ထမ်းများကို ဦးစားပေးရောင်းချ မည်ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဌာနမှ သတင်းရရှိသည်။

မော်လမြိုင်ရှိ လုပ်ငန်း ၉၀ ကျော်ကို ဈေးပြိုင်စနစ်ဖြင့် လေလံပေးမည်

မွန်ပြည်နယ်မော်လ မြိုင်တွင် ၂၀၁၇-၁၈ ဘဏ္ဍာနှစ် အတွက် အခပေးသန့်စင်ခန်းကြေး ကောက်၊ ဈေးကောက်လုပ်ငန်း၊ အပေါင်ဆိုင်၊ သားသတ် စသော လုပ်ငန်းပေါင်း ၉၃ မျိုးကို ဒီဇင်ဘာ ၂၈ ရက်တွင် ဈေးပြိုင်စနစ်ဖြင့် လေလံပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။