မန္တလေးမြို့တွင် တည်ဆောက် ရောင်းချပြီးသွားသော မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာ ရရှိသူများသည် တစ်ဆင့်ပြန်လည် ရောင်းချပါက ပြန်လည် သိမ်းယူသွားမည်ဖြစ်ကြောင်း ကြေညာထားသလို စာချုပ်တွင် ထည့်သွင်းချုပ်ဆိုထားသော်လည်း အရေးယူမှုတစ်ခုမျှ မရှိကြောင်း စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။
Pages
▼
6.1.17
မြန်မာ့ငြိမ်းချမ်းရေးအတွက် တရုတ်က ဒေါ်လာသုံးသန်းလှူဒါန်းမည်
မြန်မာနိုင်ငံ၏ အ မျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တရုတ်နိုင်ငံက အမေရိကန်ဒေါ် လာသုံးသန်း လှူဒါန်းမည်ဖြစ် ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန က ဇန်န၀ါရီ ၅ ရက်တွင် သတင်း ထုတ်ပြန်သည်။
ရွှေတိဂုံစေတီတော်ပုံကို စီးပွားရေး လုပ်ငန်းတွင် အသုံးမပြုရန် ဂေါပက တားမြစ်ချက် ထုတ်ပြန်

ရွှေတိဂုံစေတီတော်ပုံကို စီးပွားရေးအရ ထုတ်လုပ်မည့် လူ့ အသုံးအဆောင်၊ အဝတ်အထည်၊ အဆောက်အအုံနှင့် အစားအ သောက်များတွင် ထည့်သွင်းအ သုံးပြုခြင်း၊ ကြော်ငြာခြင်းမပြုရန် တားမြစ်ကြောင်း စေတီတော် ဂေါပကအဖွဲ့က ဇန်နဝါရီ ၅ ရက် ၌ ထုတ်ပြန်ကြေညာသည်။
ဒေါ်နယ်ထရန့်ရဲ့မူဝါဒတွေအပေါ် စိုးရိမ်ပူပန်မှုတွေရှိနေသော်လည်း အာဆီယံနဲ့စင်ကာပူတို့မှ စီးပွားရေးလုပ်ငန်းများ ပုံမှန်အတိုင်းဆက် ရှိနေမယ်လို့ဆို

ပစိဖိတ်ဖြတ်ကျော် ကုန်သွယ်မှုစာချုပ်မှ နှုတ်ထွက်ဖို့နဲ့ အခြားသော သီးခြားရပ်တည်ရေး မူဝါဒတွေကို အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောကြားထားခဲ့ပြီး ယင်းအခြေအနေတွေကြောင့် အမေရိကန်နဲ့ အာရှအကြား စီးပွားရေးဆက်ဆံမှုအပေါ် ထိခိုက်လာနိုင်လိမ့်မယ်ဆိုတဲ့ယူဆချက်တွေ ရှိထားခဲ့ပါတယ်။
နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် အခုနှစ်မှာနည်းပညာ ပစ္စည်းတွေအပေါ် ငွေကြေးသုံးစွဲမှုလျော့ကျလာနိုင်

လူသုံးကုန်နည်းပညာပစ္စည်းတွေနဲ့ပတ်သက်လို့ ကမ္ဘာတစ်ဝန်းငွေကြေးသုံးစွဲမှုပိုင်းမှာ ယခုနှစ်အတွင်း ကျဆင်းသွားဖွယ်ရှိနေတယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။
မြန်မာရေတပ်က ပစ်ခတ်၍ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၆ ဦး ဒဏ်ရာရရှိခဲ့သည်ဆိုသော The Daily Star သတင်းစာ Online Report ဖော်ပြချက် မှန်ကန်မှုမရှိဟု ထုတ်ပြန်
မြန်မာရေတပ်မှ ပစ်ခတ်ခဲ့၍ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု The Daily Star သတင်းစာ Online Report တွင် ဖော်ပြချက်မှာ မှန်ကန်မှုမရှိဟု ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) မှ သိရသည်ဟု ယနေ့ထုတ်ပြန်သည်။