Pages

19.1.17

ကမ္ဘာ့ရေနံဈေး တည်ငြိမ်နေချိန် ကမ္ဘာမှာအမေရိကန် ဒေါ်လာဈေးအနည်းငယ်ကျဆင်း

Image may contain: people standing, ocean, sky, outdoor and water
ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၇ ရက်မှာတော့ အမေရိကန်ဒေါ်လာဈေးနှုန်းပိုင်းမှာအနည်းငယ်ကျဆင်းမှု ရှိခဲ့ပြီး ရေနံဈေးနှုန်းပိုင်းမှာတော့ အပြောင်းအလဲ မရှိသလောက် တွေ့ခဲ့ရတယ်လို့ သိရပါတယ်။

ဒေါ်လာဈေးနှင့်အတူ ရွှေဈေးမြင့်တက်

ပြင်ပငွေလဲနှုန်း၌ အမေရိကန်ဒေါ်လာဈေးသည် ဇန်န၀ါရီ ၁၈ ရက်တွင် ၁၃ ကျပ်ခန့်မြင့်တက် လာခြင်းကြောင့် ပြည်တွင်းအ ခေါက်ရွှေဈေးနှုန်းသည် တစ်ရက်အတွင်း ကျပ် ၁၀,၀၀၀ ခန့် မြင့်တက်ခဲ့ကြောင်း သတင်းရရှိသည်။

ပြည်တွင်းစာတိုက်လုပ်ငန်း ကူးသန်းရောင်းဝယ်ရေးအထိ ချိတ်ဆက်ရန် ဂျပန်နိုင်ငံ ကူညီလိုဟုဆို

စာတိုက်လုပ်ငန်းမှ ကုန် ကူးသန်းရောင်းဝယ်သည်အထိ ကျယ်ပြန့်လာနိုင်ရေးအတွက် ဂျ ပန်နိုင်ငံက မြန်မာ့စာတိုက်လုပ်ငန်းကို အဆင့်မြှင့်တင်ပေးရန် ကူညီလိုကြောင်း ဂျပန်ပြည်ထဲရေးနှင့် ဆက်သွယ်ရေးဒုဝန်ကြီးကပြောသည်။

ပေါင်မြို့နယ် ဥတ္တံတားကျေးရွာရှိ ၀င်းကမော့ချောင်းအတွင်း ငါးများ အစုလိုက်အပြုံလိုက် သေဆုံး

မွန်ပြည်နယ် ပေါင်မြို့နယ် ဥတ္တံတားကျေးရွာရှိ ၀င်းကမော့ချောင်းအတွင်း ငါးများ အစုလိုက်အပြုံလိုက် သေဆုံးနေမှုမှာ ဇန်န၀ါရီလဆန်းပိုင်းကတည်းက ဖြစ်ပွားနေကြောင်း ရွာခံများ၏ ပြောကြားချက်များအရ သိရသည်။

သက်ကြီးရွယ်အို နည်းဥပဒေပေါ်ထွက်ရန် စတင်ရေးဆွဲနေပြီး လာမည့်ဘတ်ဂျက်ကာလတွင် အသက် ၉၀ ကျော် အရွယ်များအား တစ်လ ကျပ်တစ်သောင်း ထောက်ပံ့ပေးနိုင်ရန် စီစဉ်

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် သက်ကြီးရွယ်အိုနည်း ဥပဒေပေါ်ထွက်ရန် စတင်ရေးဆွဲနေပြီး လာမည့်ဘတ်ဂျက်ကာလတွင် အသက် ၉၀ ကျော် အရွယ်များအား တစ်လလျှင် ကျပ်တစ်သောင်း ထောက်ပံ့ပေးနိုင်ရန် စီစဉ်နေကြောင်း သိရသည်။

ရုရှရန် ကြောက်ရွံ့၍ အက်စ်တိုးနီးယားပြည်သူများ လက်နက်ကိုင်တပ်များသို့ ဝင်ရောက်မှု များပြားလာ

အရှေ့ဖျားတွင် ရုရှ၏ ငါတကောကောမှုများနှင့် ဒေါ်နယ်ထရမ့်လက်ထက် နေတိုး၏ အနာဂတ်မရေရာမှုများကြောင့် ယခင်ဆိုဗီယက်ပြည်ထောင်စုဝင် အက်စ်တိုးနီးယားနိုင်ငံမှ ပြည်သူများက ပြည်သူ့စစ်ကဲ့သို့သော ဌာနေလက်နက်ကိုင်တပ်ဖွဲ့များသို့ ဝင်ရောက်မှုများ ပိုမိုများသထက်များပြားလာခဲ့သည်။