ဘင်္ဂလားဒေ့ရှ်ငါးဖမ်း စက်လှေကို နယ်ခြားစောင့်ရဲတပ် ဖွဲ့က ပစ်ခတ်သဖြင့် တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရသည့် ဖြစ်စဉ်တွင် ငါးဖမ်းလှေများက တပ်မတော် ရေယာဉ်ကို အကြမ်းဖက်ရန်ပြုရန် ၀န်းရံလာသဖြင့် ပစ်ခတ်တားဆီး ခဲ့ရခြင်းဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြသည်။
Pages
▼
9.2.17
ရွှေထည်လက်ဝတ်ရတနာများ ရောင်းချရာတွင် ၀ယ်သူထံမှ အခွန် ၃ ရာခိုင်နှုန်းကောက်ခံပါက အရောင်းအ၀ယ်လျော့နည်းသွားနိုင်ဟုဆို

ရွှေထည်လက်ဝတ်ရတ နာများ ရောင်းချရာတွင် ၀ယ်ယူ သူထံမှ အစိုးရက ကုန်သွယ်လုပ် ငန်းခွန် ၃ ရာခိုင်နှုန်း ကောက်ခံ မည်ဆိုပါက အရောင်းအ၀ယ် လျော့နည်းနိုင်သည်ဟု မြန်မာ နိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဦးကျော်ဝင်းက ပြောသည်။
တစ်ဒေါ်လာလျှင် ၁၃၅၄ - ၁၃၆၂ ကျပ်ဝန်းကျင်၌ ရက်ပေါင်း ၂၀ ခန့် ငြိမ်သက်နေသော နိုင်ငံခြားငွေလဲနှုန်း ၁၃၆၉ ကျပ်အထိ ခုန်တက်
၁၃၅၄-၁၃၆၂ ကျပ် ၀န်းကျင်၌ ရက်ပေါင်း ၂၀ ခန့် ငြိမ်သက်နေသော နိုင်ငံခြား ငွေလဲနှုန်းသည် ဖေဖော်ဝါရီ ၈ ရက်တွင် ၁၃၆၉ ကျပ်အထိ ခုန်တက်လာကြောင်း ဈေးကွက်အတွင်း နိုင်ငံခြားငွေရောင်းဝယ်သူများ ထံမှ သိရသည်။
ကန်တော်ကြီး ငါးပြတိုက်ဟောင်းနေရာတွင် တည်ဆောက်မည့် မိုးပျံပူဖောင်းဖြင့် ရန်ကုန်မြို့ ရှုခင်းကြည့်စီမံကိန်း လုပ်ကိုင်ခွင့်ရရှိ
ကန်တော်ကြီး ငါးပြတိုက်ဟောင်းနေရာတွင် တည်ဆောက်မည့် မိုးပျံပူဖောင်းဖြင့် ရန်ကုန်မြို့ရှုခင်းကြည့် စီမံကိန်းအား Myanmar Voyages International Tourism ကုမ္ပဏီက လုပ်ကိုင်ခွင့်ရရှိခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ ဌာနမှူး ဦးကိုကိုလင်းက ပြောကြားသည်။