Pages

15.2.17

နောက်ထွက်ရှိလာမယ့် iPhone သစ်ရဲ့ အလားအလာမျှော် မှန်းချက်ကြောင့် Apple ရဲ့ ရှယ်ယာတန်ဖိုးတွေ စံချိန်တင် မြင့်တက်

No automatic alt text available.
နောက်ထွက်ရှိလာမယ့် iPhone သစ်ကြောင့် လက်ရှိနှေးကွေးနေတဲ့ရောင်းအားပိုင်းကို ပြန်လည်နိုးထစေလိမ့်မယ်ဆိုတဲ့
မျှော်မှန်းချက်တွေ အားကောင်းလာနေတဲ့အချိန်မှာပဲ အမေရိကန်ကုမ္ပဏီကြီး Apple ရဲ့ ရှယ်ယာတန်ဖိုးပိုင်းမှာတော့
စံချိန်တင်မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။

ဒုက္ခသည် တားမြစ်ခြင်းနှင့်ပက်သက်၍ ထရမ့်အား သြ၀ါဒပေးမှာ မဟုတ်ကြောင်း ဂျက်စတင်ထရူဒိုပြောကြား

ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူဒိုက သူဟာသမ္မတဒေါ်နယ်ထရမ့်အား ဆီးရီးယားဒုက္ခသည်များကိစ္စနှင့် ပက် သက်၍သြ၀ါဒပေးသွားမည်မဟုတ်ကြောင်း ပြောခဲ့သည်။

လောက်ကိုင်ဒေသတွင် တပ်မတော်နှင့် MNDAA တိုက်ပွဲများ ပြန်လည်ဖြစ်ပွား

လောက်ကိုင်ဒေသတွင် မြန်မာ့တပ်မတော်နှင့် MNDAA တို့ တိုက်ပွဲများ ပြင်းပြင်းထန်ထန် ပြန်လည်ဖြစ်ပွားနေကြောင်း ဒေသတွင်းရဲတပ်ဖွဲ့နှင့် ဒေသခံများထံမှ သတင်းရရှိသည်။

ရုရှားအား ဆက်သွယ်မှုနှင့် ပတ်သက်၍ ထရန့်၏ ထိပ်တန်းလက်ထောက် ဖလင်း ရာထူးမှ နုတ်ထွက်

ဒေါ်နယ်ထရန့်၏ နိုင်ငံတော် လုံခြုံရေး အကြံပေးပုဂ္ဂိုလ် မိုက်ကယ်ဖလင်းသည် ရုရှားအစိုးရအား ဆက်သွယ်မှုနှင့် ပတ်သက်၍ အငြင်းပွားမှုများ ဖြစ်ပေါ်နေသည့်အကြား ဖေဖော်ဝါရီ ၁၄ ရက်တွင် ရာထူးမှ နုတ်ထွက်သွားကြောင်း သိရသည်။ သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပြီး တစ်လပင် မပြည့်သေးသည့် အချိန်တွင် သမ္မတသစ်၏ အတွင်းစည်းမှ အံ့သြဖွယ် ပထမဆုံး ထွက်ခွာသွားမှုလည်း ဖြစ်သည်။

ဂန့်ဂေါမြို့နယ် ပုံတောင်ပုံညာဒေသ၌ တွေ့ရှိရသည့် ကျောက်ဖြစ်ရုပ်ကြွင်းများမှာ မြန်မာမြေပေါ်တွင် လူသားအစ သမိုင်းကြောင်းကို ရှာဖွေထုတ်ဖော်ရန် အရေးပါသော အထောက်အထားဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီး ပြောကြား

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် ပုံတောင်ပုံညာဒေသ၌ တွေ့ရှိရသည့် ကျောက်ဖြစ်ရုပ်ကြွင်းများမှာ မြန်မာမြေပေါ်တွင် လူသားအစ သမိုင်းကြောင်းကို ရှာဖွေထုတ်ဖော်ရန် အရေးပါသော အထောက်အထားဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြည်သူ့လွှတ်တော်၌ ပြောကြားသည်။