ကချင်ပြည်နယ် မန်ဝိန်းကြီးဒေသရှိ တရုတ်-မြန် မာ နယ်ခြားဖြစ်သော (၅၃/၂) ကျောက်တိုင်အနီးတွင် တရုတ် နိုင်ငံဘက်မှ လယ်သမားများ မြန်မာဘက်သို့ဝင်ရောက်စိုက်ပျိုးလုပ်ကိုင်ခြင်းကို တားမြစ်ပေးရန် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးချင်းဖေလင်းက လွှတ်တော်သို့ မေးမြန်းခဲ့သည်။
Pages
▼
16.2.17
အမေရိကန်နှင့် ထိုင်းတို့၏ ၁၀ ရက်ကြာ Cobra Gold စစ်ရေးလေ့ကျင့်မှုကြီး စတင်

အမေရိကန်နှင့် ထိုင်းတို့၏ နှစ်စဉ် ပြုလုပ်နေကျ Cobra Gold ပူးတွဲစစ်ရေး လေ့ကျင့်မှုကြီးကို ဖေဖော်ဝါရီ ၁၄ ရက်က စတင်ခဲ့ကြောင်း သိရသည်။ သမ္မတသစ် ဒေါ်နယ်ထရန့် လက်ထက်၌ အာရှနှင့်ပတ်သက်သော အမေရိကန် နိုင်ငံခြားရေးမူဝါဒ၏ ဦးတည်ချက်ကို ရှင်းရှင်းလင်းလင်း မသိရသေးခင် ယခုပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ကျင်းပခဲ့ခြင်းလည်း ဖြစ်သည်။
အမေရိကန် ဗဟိုဘဏ်က အတိုးနှုန်း ထပ်တက်နိုင်ခြေရှိသည်ဟု ပြောကြားပြီးနောက် ကမ္ဘာ့ဒေါ်လာဈေး တက်လာသော်လည်း ပြည်တွင်းဈေးကွက်၌ ဈေးနှုန်းတည်ငြိမ်နေ
အမေရိကန် ဗဟိုဘဏ်ဥက္ကဋ္ဌ Yellen က အတိုးနှုန်း ထပ်တက်နိုင်ခြေရှိသည်ဟု ဖေဖော်ဝါရီ ၁၄ ရက်တွင် ပြောကြားပြီးနောက် ဖေဖော်ဝါရီ ၁၅ ရက်တွင် ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်းသည် ၁၀၁ ဒသမ ၃၆ ပွိုင့်အထိ မြင့်တက်လာပြီး ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စ ၁၂၂၄ ဒေါ်လာဝန်းကျင်တွင် ဆက်ရှိနေကြောင်း ဈေးကွက်အတွင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။
မြန်မာ-တရုတ် နယ်နိမိတ်ရှိ မြန်မာ့လယ်ယာမြေများပေါ်တွင် တရုတ်နိုင်ငံသားများ တရားမ၀င် ၀င်ရောက်လုပ်ကိုင်နေကြောင်း စိစစ်တွေ့ရှိရပါက ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလော) ပြဋ္ဌာန်းချက်များ အက်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဒုတိယ၀န်ကြီး ပြောကြား
မြန်မာ-တရုတ် နယ်နိမိတ်ရှိ မြန်မာ့လယ်ယာမြေများပေါ်တွင် တရုတ်နိုင်ငံသားများ တရားမ၀င် ၀င်ရောက်လုပ်ကိုင်နေကြောင်း စိစစ်တွေ့ရှိရပါက ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလော) ပြဋ္ဌာန်းချက်များ အက်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး ကျင်းပရန် သတ်မှတ်ထားရက် ရွှေ့ဆိုင်း

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး ကျင်းပရန် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) က သတ်မှတ်ထားသည့် ရက်ကို ရွှေ့ဆိုင်းလိုက်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာထံမှ သိရသည်။
ရှေးဟောင်းနယ်မြေ မဟုတ်သည့် နေရာများတွင် ဟိုတယ်အသစ် ဖွင့်လှစ်နိုင်

တောင်ကြီး၊ အင်းလေး၊ မန္တလေးနှင့် ပုဂံဒေသများရှိ ရှေးဟောင်းနယ်မြေမဟုတ်သည့် နေရာများတွင် ဟိုတယ်များ အသစ်ဖွင့်လှစ်မှုကို ပိတ်ပင်ထားခြင်း မရှိကြောင်း ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ယနေ့  ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့ သည်။