ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် စံပြဖ ဆပလရပ်ကွက် အိမ်ရာစခန်းရှိ ကျူးကျော်အဆောက်အအုံများ နှင့်ကားဂိုဒေါင်များ ဖျက်သိမ်းရာတွင် စနစ်တကျအချိန်ယူပြီး ဖြေရှင်းရန် သက်ဆိုင်ရာဌာနများထံ သို့ အကြံပြုဆွေးနွေးထားကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ဖြူဖြူသင်းက ပြောသည်။
Pages
▼
20.2.17
ပုဂံနေဝင်ချိန်ကြည့်ရှုနိုင်မည့် တောင်ကုန်းနေရာတစ်ခုဖွင့်

ပုဂံရှေးဟောင်းယဉ် ကျေးမှုနယ်မြေတွင် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ နေဝင်ချိန် ကြည့်ရှုနိုင်ရန် လုပ် ဆောင်နေသည့် နေရာငါးခုအ နက် ပထမဆုံးနေရာအဖြစ် ကိုမောက်ကန်ပေါင်ကို တောင် ကုန်းအဖြစ် ပြုပြင်၍ ဖေဖော်ဝါရီ ၁၉ ရက်ညနေက စတင်ဖွင့်လှစ် ကြောင်း ညောင်ဦးခရိုင် အထွေ ထွေအုပ်ချုပ်ရေးရုံးမှ သတင်းရရှိ သည်။
ယခုဘဏ္ဍာနှစ်တွင် ပြည်ပပို့ကုန် ကန်ဒေါ်လာ ၁၁ ဘီလီယံကျော်မည်ဟု OBG ခန့်မှန်း
ယခုဘဏ္ဍာနှစ် ၂၀၁၆-၁၇ ကုန်လျှင် ပြည်ပပို့ကုန် အ မေရိကန်ဒေါ်လာ ၁၁ ဒသမ ၁ ဘီလီယံရှိလာမည်ဟု မျှော်မှန်း ထားကြောင်း Oxford Business Group(OBG) က ၂၀၁၇ မြန်မာ နိုင်ငံဆိုင်ရာ အစီရင်ခံစာ၌ ဖော်ပြထားသည်။
ကမ္ဘာ့ ခရီးသွားလုပ်ငန်းကို ထောက်ကူစေနိုင်ဖို့ အာရှဒေသက ခရီးသွားတွေကို ပိုမို ဖိတ်ခေါ်နိုင်ဖို့ စီစဉ်

ယခုနောက်ပိုင်းမှာ အကြမ်းဖက်မှုဝါဒကြောင့် ပုံရိပ်ထိခိုက်မှုတွေရှိနေတဲ့ ကမ္ဘာ့ ခရီးသွားလုပ်ငန်းကို ပြန်လည်ထောက်ကူပေးနိုင်ဖို့အတွက် အာရှဒေသနိုငငံတွေ ခရီးသွားတွေဘက်ကို ပိုမို အာရုံစိုက်သွားဖို့ ကမ္ဘာတစ်ဝန်းက ခရီးသွားလုပ်ငန်းရှင်တွေ စီစဉ်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ခရီးသွားလုပ်ငန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
လက်ရှိအစိုးရသက်တမ်းတစ်လျှောက် ဘဏ်အတိုးရငွေအပေါ်မှာ အခွန်ကောက်ခံသွားမှာ မဟုတ်ဘူးလို့ ကြေညာ
ဘဏ်အတိုးရငွေအပေါ်မှာ အခွန်ကောက်ခံသွားရန် အစီအစဉ်မရှိဘူးလို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက နိုင်ငံပိုင်ရုပ်သံနဲ့ သတင်းစာများမှတစ်ဆင့် အများပြည်သူသိရှိရန်အတွက်အသိပေးကြေညာလိုက်ပါတယ်။