Pages

22.3.13

ဇေယျာရွှေမြေ၊ ဟံသာဝတီအသင်းတို့ တိုက်စစ်မှူးသစ်များ အသီးသီးခေါ်ယူ

၂၀၁၃ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ ရပ်နားထားစဉ် နေရှင်နယ် လိဂ်ပြိုင်ပွဲဝင် အသင်းနှစ်သင်းဖြစ် သည့် ဇေယျာရွှေမြေအသင်းနှင့် ဟံသာဝတီ အသင်းတို့သည် နိုင်ငံခြားသားတိုက်စစ်မှူးသစ်များ အသီးသီးခေါ်ယူခဲ့ကြသည်။
အသက် ၂၄ နှစ်အရွယ်ရှိ ဂျပန်လူမျိုးတိုက်စစ်မှူး မက်ဆာကီတိုကီတာအား ဇေယျာရွှေမြေအသင်းမှ ရာသီကုန်ထိ စာချုပ် ချုပ်ဆိုနိုင်ခဲ့သလို ဟံသာဝတီယူနိုက်တက်အသင်းမှလည်း မကွေးတိုက်စစ်မှူးဟောင်း အဘိုလာဂျီအား ရာသီကုန်ထိ စာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။ ဇေယျာရွှေမြေ အသင်းသည် အသင်းရှိ တိုက်စစ်မှူး ဆာဆာနှင့် တွဲဖက်ကစားနိုင်စေရန် မက်ဆာကီတိုကီ တာ ခေါ်ယူခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ဇေယျာရွှေမြေအသင်းသည် နေရှင်နယ်လိဂ် ၅ ပွဲကစားပြီးချိန်တွင် လေးပွဲနိုင်၊ တစ်ပွဲ ရှုံး ရမှတ် ၁၂ မှတ်ဖြင့် ဇယားထိပ်ဆုံးမှ ရန်ကုန်အသင်းနှင့် ရမှတ်တူ ဂိုးကွာခြားချက်ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။ ထို့ပြင် ဇေယျာရွှေမြေ အသင်းသည် ယခုနှစ် ဘောလုံးရာသီတွင် ချန်ပီယံဆုဖလားရရှိရန် ရည်မှန်းထားသဖြင့် ယခုကဲ့သို့ အသင်းအား ပိုမို တောင့်တင်းစေရန် အားဖြည့်နေခြင်း ဖြစ်သည်။ လာမည့် မတ် ၂၃ ရက်တွင် ဇေယျာရွှေမြေအသင်းသည် မုံရွာကွင်းတွင် ရခိုင်ယူနိုက်တက်အသင်းနှင့် ကစားရမည်ဖြစ်ပြီး အဆိုပါပွဲတွင် အသစ်ခေါ်ယူ ထားသည့် ဂျပန်လူမျိုး တိုက်စစ်မှူးအား ထည့်သွင်းကစားမည်ဟု သိရှိရသည်။
မကွေး တိုက်စစ်မှူးဟောင်း အဘိုလာဂျီအား ခေါ်ယူခဲ့သည့် ဟံသာဝတီယူနိုက်တက်အသင်းသည် အစောပိုင်းက အသင်းတွင် နောက်ခံလူက လစ်ဖို့ဒ်တစ်ဦးထဲကိုသာ အသုံးပြုခဲ့သော်လည်း အသင်း တိုက်စစ်အင်အား ပိုမိုကောင်းမွန်စေရန် ရည်ရွယ်ပြီး နိုင်ငံခြားသား တိုက်စစ်မှူး တစ်ဦးကို ထပ်မံခေါ်ယူခဲ့ခြင်းဖြစ်သည်။ ဟံသာဝတီအသင်းသည် ငါးပွဲကစားထားပြီးချိန်တွင် နိုင်ပွဲတစ်ပွဲသာရရှိထားပြီး လေးပွဲ ရှုံးနိမ့်ထားကာ အမှတ်ပေးဇယား အဆင့် ၁၁ နေရာတွင် ရပ်တည်နေသည်။ လာမည့် မတ် ၂၃ ရက်တွင် နေရှင်နယ်လိဂ် ပွဲစဉ် ၆ အဖြစ် ဟံသာဝတီအသင်းသည် မကွေးအသင်းနှင့် သုဝဏ ကွင်း၌ ကစားရမည်ဖြစ်သည်။

No comments:

Post a Comment