Pages

28.3.13

တရုတ်ပြည်၏ အမြင့်ဆုံး တာဝါတည်ဆောက်မှု ယာယီရပ်နား

တရုတ်ပြည်မှာဆိုရင်အမြင့်ဆုံး၊ ကမ္ဘာပေါ်မှာဆိုရင် ဒုတိယ အမြင့်ဆုံး ဖြစ် လာမယ့် မီတာ ၆၆၀ ကျော်မြင့် Ping’an International Finance Center တာဝါ တည်ဆောက်မှုကို ယာယီရပ်နားလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။ အနည်းဆုံး တစ်နှစ်လောက်ကြာမြင့်မယ်လို့ ခန့်မှန်းထားပါတယ်။ အကြောင်းအရင်းကတော့ အရည်အသွေးမပြည့်ဝတဲ့ ကွန်ကရစ်တွေကြောင့် ပဲ ဖြစ်ပါတယ်။ ယင်းတာဝါဆောက်ဖို့အတွက် အသုံးပြုတဲ့ သဲဟာ မြစ်သဲ မဟုတ်ပဲ ပင်လယ်သဲ ဖြစ်ပြိး အရည်အသွေးလည်း အင်မတန် နိမ့်ကျနေ ပါတယ်။

သူတင် မကပါဘူး။ အခြားသော ဆောက်လုပ်ရန် တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့ ပေါ်မှာ အဆောက်အအုံပေါင်း မြောက်များစွာကို ယာယီ ရပ်နားရမှာ ဖြစ် ပါတယ်။ အကြောင်းကတော့ ကုမ္မဏီ ၃၅ ခုကျော်လုံးက အရည်အသွေး မပြည့်ဝတဲ့ ကွန်ကရစ်ကို အသုံးပြုနေခြင်းကြောင့် ဖြစ်ပါတယ်။

ယင်းကုမ္မဏီအားလုံး တစ်နှစ်လုပ်ကိုင်ခွင့် ရပ်နားခံရမှာ ဖြစ်ပါတယ်။ ပင်လယ်သဲနဲ့ ပြုလုပ်နဲ့ ကွန်ကရစ်ဟာ စတီးအူတိုင်ကို တိုက်စားမှု မြန်ဆန်ပြီး တိုက်ပြိုဖို့ အမြန်ဆုံး ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် တည်ဆောက်နေမှုကို ရပ်နားပြီး ကွန်ကရစ်အတွက် ပြန်လည်ဖြေရှင်း ရမည် ဖြစ်သောကြောင့် ကုန်ကျစရိတ်ပိုများနိုင်ကြောင်း သိရပါတယ်။

No comments:

Post a Comment