Pages

22.3.13

ပွဲမတိုင်ခင် နိမိတ်ပြသော အီတလီ အသင်း

ယနေ့ ဘရာဇီး အသင်းနှင့် ခြေစမ်းပွဲအတွက် ဂျီနီဗာသို့ ထွက်ခွာခဲ့သည့် အီတလီ အသင်း စီးနင်း လိုက်ပါလာသော လေယာဉ်မှာ မိုးကြိုးပစ်ခံခဲ့ရကြောင်း သိရသည်။ အီတလီနိုင်ငံ ဖလောရစ်မြို့မှ ထွက်ခွာလာသော ယင်း Charter Flight လေယာဉ်၏ အဆိုပါ ဖြစ်ရပ်အတွက် အီတလီ အသင်းမှ ကစားသမားများနှင့် နည်းပြ အဖွဲ့ဝင်များမှာ ထိတ်လန့်သွားခဲ့ပြီး ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ အသက် အန္တရာယ် ထိခိုက် ပျက်စီးမှု တစ်စုံတစ်ရာ မရှိကြောင်း သိရသည်။ လေယာဉ် အမှုထမ်းများကလည်း ဘာလိုတယ်လီ၊ ပီယာလိုနှင့် ရှာဝါရီ အပါအ၀င် အီတလီ အသင်းမှ ကစားသမားများကို ဖြစ်ပွား ခဲ့သော ဖြစ်ရပ်နှင့် ပတ်သက်၍ အန္တရာယ် မရှိကြောင်း နှစ်သိမ့် အားပေးခဲ့သည်။ အီတလီ အသင်းနည်းပြ ပရန်ဒယ်လီကလည်း ၎င်းအနေဖြင့် အသင်းမှ ကစားသမားများကို ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်အတွက် ထိတ်လန့်ခြင်း မရှိစေရန် အားပေးခဲ့ကြောင်း ဆိုသည်။ အီတလီ အသင်းမှ ဂျူဗင်တပ် ကွင်းလယ်လူ မာချီဆီယိုက ၎င်းတို့ အနေဖြင့် တုန်လှုပ်ခြောက်လှန့်စရာ ဖြစ်ရပ်နှင့် ရင်ဆိုင်ခဲ့ရပြီး ယခုတွင် ဂျီနီဗာမြို့တွင်း ဟိုတယ်၌ ရောက်နေကြောင်းနှင့် ယနေ့ ပွဲအတွက် အကောင်းဆုံး ပြင်ဆင်ထားကြောင်း Twitter တွင် ဆိုခဲ့သည်။

No comments:

Post a Comment