Pages

21.3.13

ခြေကျနေသော ဗလင်စီယာ

မန်ယူ ကွင်းလယ်လူ ဗလင်စီယာက ၎င်းအနေဖြင့် ယခုရာသီတွင် အသင်းအတွက် ကစားရာ၌ ခြေစွမ်းပိုင်း ကျဆင်းနေခဲ့ကြောင်း ၀န်ခံခဲ့သည်။ အီကွေဒေါ ကွင်းလယ်လူ ဗလင်စီယာသည် ယမန်နှစ် ရာသီက မန်ယူ အသင်းအတွက် ခြေစွမ်းများ ပြသခဲ့၍ အသင်းမှ တစ်နှစ်တာ အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရသူ ဖြစ်သည်။ အဆိုပါ တောင်အမေရိကသားသည် ယခုရာသီတွင် ဒဏ်ရာ ပြဿနာများနှင့် အတူ ရုန်းကန်နေရပြီး အသင်းတွင်လည်း
နေရာ အနည်းငယ် ပျောက်ဆုံးနေသူ ဖြစ်သည်။
အသက် ၂၇ နှစ် အရွယ်ရှိ ၀ီဂန် ကွင်းလယ်လူဟောင်း ဗလင်စီယာသည် မန်ယူအသင်းအတွက် ယခုရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၂၁ ပွဲပါဝင် ကစားခဲ့ပြီး အသင်းအတွက် အကောင်းဆုံး ခြေစွမ်းများ ပြသနိုင်ခဲ့ခြင်း မရှိသေးသူ ဖြစ်နေသည်။ ဗလင်စီယာက ၎င်းမှာ ယခုရာသီတွင် ဒဏ်ရာ ပြဿနာ များကြောင့် ခြေကျနေခဲ့သော်လည်း အသင်းအတွက် အခွင့်အရေးရသည့် အခါတိုင်းတွင် ကြိုးစားသွားမည် ဖြစ်သလို အသင်းအနေဖြင့်လည်း ယခုရာသီတွင် အကောင်းဆုံး အဆုံးသတ်မှုနှင့် ရင်ဆိုင်ရမည်ဟု ယုံကြည်ထားကြောင်း ဆိုသည်။ မန်ယူ အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်တွင် မန်စီးတီးကို ၁၅ မှတ်ဖြတ်ထား၍ ချန်ပီယံဆုအတွက် ရင်ခုန်ခွင့် ရှိနေကြောင်း သိရသည်။

No comments:

Post a Comment