Pages

29.3.13

မိတ္ထီလာ ဒုက္ခသည်များအတွက် အမေရိကန်အစိုးရ ဒေါ်လာတစ်သိန်းထောက်ပံ့မည်

မိတ္ထီလာ မြို့နယ်နှင့် အနီးဒေသ များတွင် မကြာသေး ခင်က ဖြစ်ပွား ခဲ့သော ပဋိပက္ခကြောင့် ဒဏ်ခံရသည့် ဒုက္ခသည် များအတွက် အမေရိကန် အစိုးရက ဒေါ်လာ တစ်သိန်း ထောက်ပံ့ လှူဒါန်း မည်ဟု မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ် ချယ်လ်က ထုတ်ပြန် လိုက်သည်။ မိတ္ထီလာမြို့နှင့် အနီးတစ်ဝိုက် ဒေသများတွင် မတ်လ ၂ဝရက်နေ့မှ စ၍ သုံးရက်ကြာ ဖြစ်ပွားခဲ့သော အကြမ်းဖက် ပဋိပက္ခ များကြောင့် ယာယီ ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံ နေရသော ဒုက္ခသည် တစ်သောင်း ခန့်ရှိ နေရာ အရေးပေါ် ကယ်ဆယ်ရေး အတွက် အမေရိကန် အစိုးရက ကန် ဒေါ်လာတစ်သိန်း ထောက်ပံ့မည်ဟု ထုတ်ပြန် ကြေညာခြင်း ဖြစ်သည်။

ပဋိပက္ခဒဏ် ခံစားခဲ့ရသော ဒုက္ခသည်များ အတွက်စောင်များ၊ တစ်ကိုယ်ရေ သုံးပစ္စည်းများ၊ မီးဖိုချောင်သုံး ပစ္စည်းများနှင့် ပလတ်စတစ် အိပ်ရာခင်း များအပြင် နေရပ်စွန့်ခွာ နေရသူများ အတွက် သန့်ရှင်းသော ရေနှင့် ကျန်းမာရေး အထောက်အပံ့ ပေးရာတွင် အဆိုပါ လှူဒါန်းငွေကို အသုံးပြု သွားမည်ဟု သိရသည်။

''အစိုးရ အနေနဲ့ အခြေအနေတွေ ပြန်လည် တည်ငြိမ်ဖို့၊ အပြစ်ရှိတဲ့ သူတွေကို ဥပဒေအတိုင်း အရေး ယူဖို့နဲ့ ဒုက္ခသည် တွေရဲ့လိုအပ်ချက် ကိုဖြည့်ဆည်းပေးဖို့ ကတိက ဝတ်ပြုတာကို ကြိုဆိုပါတယ်''ဟု ထုတ်ပြန် ချက်တွင် ပါရှိသည်။

ထို့အတူ ဒဲရစ်မစ် ချယ်လ်က ဆူပူ အကြမ်း ဖက်မှုများ ရပ်တန့် ရေး၊ အခြားဒေသ များသို့ ပျံ့နှံ့ မသွား စေရေး၊ လူ့အဖွဲ့အစည်း နှစ်ခုအကြား အပြန်အလှန် နားလည်မှုနှင့် ယုံကြည်မှု တည်ဆောက် ရေးအတွက် ဘာသာရေး ခေါင်းဆောင်များနှင့် နိုင်ငံသားများက တစ်စည်း တစ်ရုံးတည်း လုပ်ဆောင် နေခြင်းကို အားပေးထောက်ခံ သည်ဟုဆိုသည်။ ထို့အပြင် အမေရိကန် သံရုံး အနေဖြင့် ဆွေးနွေးမှုများ၊ အပြန်အလှန် နားလည်မှုနှင့် လေးစားချစ်ခင် မှု တည်ဆောက်ရေး များအတွက် ဆက်လက် ထောက်ပံ့မှု ပြုသွားမည်ဟု ဆိုထားသည်။

No comments:

Post a Comment